ပါတေးပြန်လာမလား၊ လေ့ကျင့်ရေးက တင်းဘား၊ ဂျေးဇုကြံ့ခိုင်မှုနဲ့ ဂျပန်ကြီးအခြေအနေ အာတီတာ ပြောခဲ့သမျှ
အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္လာနေ့ည ရှက်ဖီးယူနိုက်တက်နဲ့ ဘရာမောလ် လိန်းမှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
မေး- ပါတေးအခြေအနေဘယ်လိုလဲ။
ဖြေ-အင်း။ ပါတေးက နောက်ဆုံးပွဲမတိုင်ခင် လေ့ကျင့်ရေးအစီအစဉ်တစ်ခု လုပ်ခဲ့ပြီး အခု သူ ၂ ချိန်၊ ၃ ချိန်ဆက်တိုက် လုပ်နိုင်ခဲ့ပြီ။ သူ တနင်္လာနေ့ လူစာရင်းထဲမှာ ပါဝင်လာမှာပါ။
မေး-ဇင်ချန်ကို ဒါမှမဟုတ် တိုမိယဆုတို့ရော ပါလာနိုင်လား။
ဖြေ- သူတို့ထဲက တစ်ယောက်တော့ ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ စောင့်ကြည့်ရမှာပါ။ အထူးသဖြင့် နောက်ဆုံး စနေနေနဲ့ တနင်္ဂနွေနေ့ လေ့ကျင့်ရေးအချိန် ၂ ချိန်မှာ ကြည့်ရမှာပေါ့။ အဲဒီမှာ အဆင်ပြေရင် သူတို့တွေ တနင်္လာနေ့ပါနိုင်မှာပါ။
မေး- ဂျေးဇုရော ပွဲထွက်ဖို့ ကြံ့ခိုင်မှုရှိပြီလား။
ဖြေ-သူက ကြံ့ခိုင်မှုရှိသင့်သလောက်ရှိနေပြီ။ သူ ဘယ်လောက်အထိ ကစားနိုင်မလဲဆိုတာကတော့ တစ်ချက်ကြည့်ရမှာပေါ့။ ကျွန်တော်တို့ နယူးကာဆယ်နဲ့ပွဲမှာ ရခဲ့တဲ့ ရလဒ်အပြီးမှာ ဘာကိုမှ အရဲမစွန့်ချင်ပါဘူး။ ကျွန်တော်တို့ သူ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ လိုတယ်။ သူက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားပါ။ အခု ကျွန်တော်တို့ သူ့ကို မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ အလုပ်လုပ်နိုင်အောင် လုပ်ချင်ပါတယ်။
မေး- ရှက်ဖီးယူနိုက်တက်က ဘယ်လိုစိန်ခေါ်မှုတွေလုပ်နိုင်လဲ။
ဖြေ- အင်း တကယ်ကို အနိုင်ယူဖို့ခက်တဲ့အသင်းပါ။ ကျွန်တော်တို့ သူတို့ နောက်ဆုံး ၄၊ ၅ ပွဲ ကစားတာကို ကြည့်ခဲ့တယ်။ စီးတီးနဲ့ပွဲရယ်၊ ဗီလာနဲ့ပွဲရယ်က မတူညီတဲ့ပုံစံနဲ့လုပ်သွားတယ်။ ဒါပေမယ့် သူတို့တွေက တော်တော်လေးကို ကောင်းကောင်း လေ့ကျင့်ခံထားရတဲ့အသင်းပါ။ ခရစ္စ ဝိုင်လ်ဒါက တကယ်ကောင်းပြီး သူ့အသင်းနဲ့ပတ်သက်ပြီး သူလုပ်နေတာကို ကျွန်တော် အများကြီး လေးစားမိပါတယ်။ မန်းဒေးည ဘောလုံးပွဲဖြစ်လာမှာဖြစ်ပြီး တကယ်ကို ခက်ခဲတဲ့ညဖြစ်လာမှာပါ။
မေး- တန်းဆင်းတိုက်ပွဲနွှဲနေရတဲ့အသင်းနဲ့ ကစားရတာ ဘယ်လောက်ခက်လဲ။
ဖြေ- သူတို့အတွက်လည်း တကယ်ကို ခက်ခဲမယ်လို့ တွေးကြည့်လို့ရပါတယ်။ သူတို့ရဲ့ စိတ်ခွန်အားက အရမ်းကို ကွာခြားပါတယ်။ နှစ်သင်းစလုံးအတွက်လည်း တကယ်ကို အရေးကြီးတာပါ။ ခင်ဗျားက နိမ့်ကျနေချိန်မှာ အဲဒီကနေ တတ်နိုင်သမျှ မြန်မြန် ထွက်ချင်နေမယ်လို့ ကျွန်တော် တွေးကြည့်လို့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၂ သင်းစလုံးက မတူညီတဲ့ ရည်မှန်းချက်တွေရှိပြီး အဲဒီရည်မှန်းချက်အတိုင်း ရအောင်လုပ်ချင်ကြပါတယ်။
မေး- ရာသီကုန်မှာ ဂိုးသွင်းမှတ်တမ်းက အရေးကြီးလာမှာလား။
ဖြေ- သေချာတာပေါ့ဗျာ။ ပထမဆုံး ခင်ဗျား နိုင်ပွဲတွေ ရအောင်ယူရမယ်။ ပြီးရင် ကျွန်တော်တို့ ဂိုးရှေ့မှာ အညှာအတာကင်းမဲ့ပြီး လုပ်နိုင်စွမ်းရှိချင်တယ်။ အဲဒီကျရင် ကျွန်တော်တို့က တကယ်ကို ကောင်းမွန်လိမ့်မယ်လို့ ထင်ပါတယ်။
မေး-ခင်ဗျား ဒီအပတ်မှာ နောက်ဆုံးကစားထားတယ်။ အဲဒီပွဲမှာ ကစားတာ ကောင်းတယ်မလား။
ဖြေ- ကျွန်တော်တို့ မတူညီတဲ့ အခင်းအကျင်း ၂ ခု၊ ၃ ခုလောက်မှာ ကစာခးဲ့တယ်။ အဲဒါက ကျွန်တော်တို့ အခု ရှိနေတဲ့ဟာပဲ။ ကျွန်တော်တို့ ရလဒ်တွေအားလုံးကို သိတယ်။ ဒါပေမယ့် အဲဒါနဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ လုပ်ချင်တာက ရှက်ဖီးကို သွားမယ်။ ကျွန်တော်တို့ စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းလမ်းအတိုင်း စွမ်းဆောင်ပြီး နိုင်ပွဲယူချင်တယ်။ ကျန်တာက ကျွန်တော်တို့ ထိန်းချုပ်လို့မရဘူး။
မေး- ရှက်ဖီးက ဘရာမောလ် လိန်းမှာ ဂိုးတွေအများကြီးပေးခဲ့တယ်။ ခင်ဗျား အဲဒါကို ပစ်မှတ်ထားမှာလား။
ဖြေ- အသင်းတိုင်းကို ကျွန်တော်တို့ အားနည်းချက်၊ အားသာချက်တွေ ကြည့်တယ်။ ကျွန်တော်တို့ လိုချင်တဲ့ပွဲမျိုး ဖြစ်အောင် ကစားဖို့ ကြိုးစားရမယ်။ ကျွန်တော်ဒီလိုပြောနေတာက ဒီအသင်းကို ကောင်းကောင်း သိနေလို့ပါ။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခွဲခြမ်းစိတ်ဖြာခဲ့ပြီး ခရစ္စရဲ့အသင်းဆီကနေ လေ့လာသင်ယူခဲ့တယ်။ ကျွန်တော် ခင်ဗျားကို ပြောနိုင်တာက ဒီပွဲက တကယ်ကို ခက်ခဲတဲ့ပွဲဖြစ်လာလိမ့်မယ်။
မေး-တင်းဘားက တနင်္လာနေ့မှာ ပြန်လာမှာလား။
ဖြေ-ဟင့်အင်း။ ဆောရီးပါ။ တင်းဘား ပြန်မလာနိုင်သေးဘူး။ တခြားနှစ်ယောက်တော့ ဖြစ်နိုင်တယ်။ ယူရီယန်က တနင်္လာနေ့ လူစာရင်းထဲပါဖို့တောင် မနီးစပ်သေးပါဘူး။
ဖြေ- လေ့ကျင့်ရေးတော့ ပြန်ဆင်းနေပြီမလား။ ဒါက သူ့ရဲ့ နှစ်မြှုပ်ထားမှုကို ပြသနေတာမလား။
ဖြေ-လုံးဝဟုတ်တာပေ့ါ။ သူက ပျော်ရွှင်နေခဲ့တယ်။ ကိုယ်ကာယပိုင်း ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေကလည်း သူ့ရဲ့ ခံယူချက်နဲ့ နှစ်မြှုပ်ထားမှုကို အရမ်းပျော်ရွှင်နေတယ်။ အထူးသဖြင့် ဖြစ်သွားခဲ့တဲ့ပုံစံတွေကြောင့်ပေါ့။ ဒါပေမယ့် အဲဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ သူ့ကိုယ်သူ တွန်းအားပေးနေတဲ့ပုံစုံက သူ လုပ်ချင်တဲ့အရာအားလုံးအတွက် ဘယ်လောက်အထိ စိတ်ပိုင်းဖြတ်ထားလဲ၊ စိတ်ဆန္ဒပြင်းပြလဲဆိုတာကို ပြသနေတာပါ။ သူက တကယ်ကောင်းမွန်တဲ့နေရာမှာရှိနေပြီး အခု ကျွန်တော်တို့ သူ့ကို စီမံခန့်ခွဲရမယ်။ ဘာလို့လဲဆိုတော့ သူက ခက်ခဲတဲ့ဒဏ်ရာရဲ့နောက်ဆုံးအဆင့်မှာရှိနေပြီး ရှုပ်ထွေးလို့ပါ။ ဒါပေမယ့် သူက မှန်ကန်တဲ့ နည်းလမ်းအတိုင်းသွားနေတယ်လို့ ထင်ပါတယ်။
မေး- သူ မပါတဲ့ အာဆင်နယ်က ဘာတွေပျောက်ဆုံးနေလဲ။
ဖြေ- ပထမဆုံး သူ့ရဲ့ ခေါင်းဆောင်မှုအပိုင်းပါ။ သူ့နေရာစုံကစားနိုင်စွမ်း၊ မတူညီတဲ့နေရာတွေမှာ ကစားနိုင်တဲ့ အရည်အသွေး၊ အထူးသဖြင့် တိုက်စစ်ကူးပြောင်းတဲ့အဆင့်တွေနဲ့ လူစာရင်းထဲက ဘယ်သူမှ မလုပ်နိုင်တဲ့ နေရာလွတ်တွေမှာ နေရာယူနိုင်တဲ့ အရည်အသွေးတွေပါ။ ခင်ဗျားက သူ့ကို ကြံ့ခိုင်နေပြီလို့ ပြောမှာပေါ့။ သူက အသင်းဖော်တွေနားမှာ နေရတာ တကယ်ကြိုက်တဲ့သူ။ သူ မပါတာက ကြီးမားတဲ့ ပျောက်ဆုံးမှုဖြစ်ခဲ့ပါတယ်။
မေး- ယုံကြည်မှုလွန်ကဲမှာကို စိုးရိမ်လား။
ဖြေ- အဲဒီလိုမဟုတ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က နယူးကာဆယ်နဲ့ပွဲအပြီးမှာ အရမ်းကို ရှင်းလင်းပြတ်သားခဲ့ပါတယ်။ ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အခက်အခဲက ရှက်ဖီးကို အနိုင်ယူဖို့ပါ။ သူတို့တွေက လွန်ခဲ့တဲ့ ၃ ရက်လောက်မှာ ကောင်းကောင်း သိထားမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ ဒီအပတ်အတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီး ကျွန်တော်တို့ ခက်ခဲတဲ့ပွဲဖြစ်လာမယ်ဆိုတာကို နားလည်ပြီး ဆက်ကြိုတင်ပြင်ဆင်သွားမှာပါ။
မေး-ဂျေးဇု ဒူးခွဲစိတ်မှုက နွေရာသီတုန်းက ရခဲ့တာကို လုပ်ခဲ့တာလား။
ဖြေ- မဟုတ်ပါဘူး။ နွေရာသီတုန်းကတော့ ဒဏ်ရာရခဲ့တယ်။ ဒါပေမယ့် အဲဒီကိစ္စကပြေလည်သွားခဲ့ပါတယ်။ သူဖြစ်ခဲ့တာက မတူညီတဲ့ဒဏ်ရာမျိုးဖြစ်စေတဲ့ နောက်ထပ်နေရာမှာ ဒဏ်ရာရခဲ့တာပါ။ အဲဒီတော့ ပထမဒဏ်ရာနဲ့ မပတ်သက်ဘူး။ ပြီးတော့ သူ နည်းနည်း မအီမသာဖြစ်ခဲ့တယ်။ အဲဒီကြွက်သားပြဿနာက သူ့ကို ၁၀ ရက်လောက် လွဲချော်စေခဲ့တယ်။
မေး- ဒီနွေမှာ နောက်ထပ်ဒူးခွဲစိတ်တာ လုပ်ရမှာကို စိုးရိမ်လား။
ဖြေ- ဟင့်အင်း။ ပထမ ဒဏ်ရာတစ်ခုက အဆင်ပြေသွားပြီလို့ ထင်တယ်။ ဆရာဝန်တွေကိုပဲ အဓိကထား မေးရမယ့် မေးခွန်းပါ။ ဒါပေမယ့် အခုအထိ ကျွန်တော် သိသလောက်တော့ အားလုံး အဆင်ပြေသွားပါပြီ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္လာနေ့ည ရှက်ဖီးယူနိုက်တက်နဲ့ ဘရာမောလ် လိန်းမှာ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှ မေးခွန်းတွေကို ဖြေကြားပေးခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News