နဗီးကို ငပေါကြီးဖြစ်စေခဲ့တဲ့ ဂန်းနားတွေနဲ့ပတ်သက်ပြီး ပြောခဲ့တဲ့ ကွန်ပနီရဲ့ မှတ်ချက်
ဘန်လေနည်းပြ ဗင်းဆင့် ကွန်ပနီက အာဆင်နယ်ရဲ့ စနေနေ့မှာ အနိုင်ယူခြင်းကို ခံခဲ့ရပြီးနောက် ဂန်းနားတွေဟာ တည်ကန်ဘောအရာမှာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးအသင်းတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ကွန်ပနီရဲ့ ရုန်းကန်နေရတဲ့ ဘန်လေဟာ စနေနေ့က ထရော့ဆာ့ဒ်၊ ဝီလီယံ ဆာလီဘာ၊ ဇင်ချန်ကိုတို့ရဲ့ သွင်းဂိုးတွေကြောင့် အမ်းမရိတ်စ်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဲဒီသွင်းဂိုးတွေထဲက ၂ ဂိုးဟာ တည်ကန်ဘောတွေကနေ ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂယ်ရီ နဗီးက ပြီးခဲ့တဲ့အပတ်က နယူးကာဆယ်နဲ့ပွဲစဉ်က အာဆင်နယ် တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာရဲ့ ကွင်းဘေးစည်းက အပြုအမူနဲ့ ဂန်းနားတွေရဲ့ တည်ကန်ဘော ကစားပုံကို ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပြီး ကွန်ပနီကတော့ ၎င်းရဲ့အသင်းနဲ့ ရင်ဆိုင်ကစားခဲ့တဲ့ပွဲမှာ ဂန်းနားတွေ တည်ကန်ဘောကနေ လုပ်ဆောင်ခဲ့တဲ့ အရည်အသွေးကို ချီးကျူးခဲ့တာဖြစ်ပါတယ်။
“ထိပ်တန်းအသင်းနဲ့ ရင်ဆိုင်ကစားရတယ်ဆိုရင်တောင်မှ ဒါက ကျွန်တော်တို့ကို ပိုပြီးတော့ ထက်မြက်လာအောင်၊ ဒီလိဂ်ရဲ့ ခြိမ်းခြောက်မှုအဆင့်အတန်းကို ပိုပြီး သတိထားမိစေခဲ့တဲ့အရာလို့ ထင်ပါတယ်။ ကျွန်တော် အာဆင်နယ်ကိုလည်း ချီးကျူးရမှာပါ။ အဲဒါက တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ဒီလိုအသင်းတွေက မြင့်မားတဲ့ ဘောလုံးပိုင်ဆိုင်မှုရှိပြီး ခင်ဗျားရဲ့ ပင်နယ်တီဧရိယာနားမှာ ကစားမယ်။ သူတို့တွေက တည်ကန်ဘောတွေရအောင် ဖန်တီးမယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက အန္တရာယ်ရှိတဲ့ တည်ကန်ဘောတွေ လုပ်နိုင်တာမို့လို့ပါ။ ခင်ဗျား အဲဒါတွေနဲ့ ရင်ဆိုင်ဖြေရှင်းရမယ်။ ဒါပေမယ့် ဒါကို လုပ်နေတာက လိဂ်မှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းပါ။ သူတို့တွေက တည်ကန်ဘောကစားတဲ့နေရာမှာ အကောင်းဆုံးအသင်းဆိုတာကို မမေ့ကြဖို့လိုတယ်လို့ ကျွန်တော် ထင်တယ်။သူတို့တွေက ခင်ဗျား စမ်းသပ်နေမယ်။ အလယ်ကနေ ထိုးဖောက်မယ်။ ဒါမှမဟုတ် ဂိုးပေါက်တည့်တဲ့ ကန်ချက်တွေကနေ စမ်းသပ်မယ်။ တည်ကန်ဘောတွေကနေလည်း ဖြစ်နိုင်တယ်။ အကောင်းဆုံးကတော့ ခင်ဗျားကို နည်းပေါင်းစုံနဲ့ စမ်းသပ်မှာပါ။ ကျွန်တော်တို့အတွက်တော့ အဲဒါက အရာအားလုံးအပေါ်မှာ ထက်မြက်နေအောင်လုပ်ဖို့နဲ့ သက်ဝင်လှုပ်ရှားနေဖို့ သတိပေးချက်ဖြစ်ခဲ့ပါတယ်။ ”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဘန္ေလနည္းျပ ဗင္းဆင့္ ကြန္ပနီက အာဆင္နယ္ရဲ႕ စေနေန႔မွာ အႏိုင္ယူျခင္းကို ခံခဲ့ရၿပီးေနာက္ ဂန္းနားေတြဟာ တည္ကန္ေဘာအရာမွာ ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးအသင္းေတြထဲမွာ အပါအဝင္ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ကြန္ပနီရဲ႕ ႐ုန္းကန္ေနရတဲ့ ဘန္ေလဟာ စေနေန႔က ထေရာ့ဆာ့ဒ္၊ ဝီလီယံ ဆာလီဘာ၊ ဇင္ခ်န္ကိုတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ အမ္းမရိတ္စ္မွာ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အဲဒီသြင္းဂိုးေတြထဲက ၂ ဂိုးဟာ တည္ကန္ေဘာေတြကေန ရရွိခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဂယ္ရီ နဗီးက ၿပီးခဲ့တဲ့အပတ္က နယူးကာဆယ္နဲ႔ပြဲစဥ္က အာဆင္နယ္ တည္ကန္ေဘာနည္းျပ နီကိုးလတ္စ္ ဂ်ိဳဗာရဲ႕ ကြင္းေဘးစည္းက အျပဳအမူနဲ႔ ဂန္းနားေတြရဲ႕ တည္ကန္ေဘာ ကစားပုံကို ျပစ္တင္ေဝဖန္ခဲ့တာျဖစ္ၿပီး ကြန္ပနီကေတာ့ ၎ရဲ႕အသင္းနဲ႔ ရင္ဆိုင္ကစားခဲ့တဲ့ပြဲမွာ ဂန္းနားေတြ တည္ကန္ေဘာကေန လုပ္ေဆာင္ခဲ့တဲ့ အရည္အေသြးကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။
“ထိပ္တန္းအသင္းနဲ႔ ရင္ဆိုင္ကစားရတယ္ဆိုရင္ေတာင္မွ ဒါက ကြၽန္ေတာ္တို႔ကို ပိုၿပီးေတာ့ ထက္ျမက္လာေအာင္၊ ဒီလိဂ္ရဲ႕ ၿခိမ္းေျခာက္မႈအဆင့္အတန္းကို ပိုၿပီး သတိထားမိေစခဲ့တဲ့အရာလို႔ ထင္ပါတယ္။ ကြၽန္ေတာ္ အာဆင္နယ္ကိုလည္း ခ်ီးက်ဴးရမွာပါ။ အဲဒါက တိုက္ဆိုင္မႈမဟုတ္ပါဘူး။ ဒီလိုအသင္းေတြက ျမင့္မားတဲ့ ေဘာလုံးပိုင္ဆိုင္မႈရွိၿပီး ခင္ဗ်ားရဲ႕ ပင္နယ္တီဧရိယာနားမွာ ကစားမယ္။ သူတို႔ေတြက တည္ကန္ေဘာေတြရေအာင္ ဖန္တီးမယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက အႏၲရာယ္ရွိတဲ့ တည္ကန္ေဘာေတြ လုပ္ႏိုင္တာမို႔လို႔ပါ။ ခင္ဗ်ား အဲဒါေတြနဲ႔ ရင္ဆိုင္ေျဖရွင္းရမယ္။ ဒါေပမယ့္ ဒါကို လုပ္ေနတာက လိဂ္မွာ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းပါ။ သူတို႔ေတြက တည္ကန္ေဘာကစားတဲ့ေနရာမွာ အေကာင္းဆုံးအသင္းဆိုတာကို မေမ့ၾကဖို႔လိုတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။သူတို႔ေတြက ခင္ဗ်ား စမ္းသပ္ေနမယ္။ အလယ္ကေန ထိုးေဖာက္မယ္။ ဒါမွမဟုတ္ ဂိုးေပါက္တည့္တဲ့ ကန္ခ်က္ေတြကေန စမ္းသပ္မယ္။ တည္ကန္ေဘာေတြကေနလည္း ျဖစ္ႏိုင္တယ္။ အေကာင္းဆုံးကေတာ့ ခင္ဗ်ားကို နည္းေပါင္းစုံနဲ႔ စမ္းသပ္မွာပါ။ ကြၽန္ေတာ္တို႔အတြက္ေတာ့ အဲဒါက အရာအားလုံးအေပၚမွာ ထက္ျမက္ေနေအာင္လုပ္ဖို႔နဲ႔ သက္ဝင္လႈပ္ရွားေနဖို႔ သတိေပးခ်က္ျဖစ္ခဲ့ပါတယ္။ ”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News