ပရိသတ်တွေကို စပရိုက်တိုက်ဖို့ သတင်းကောင်းတစ်ခု ဥထားတဲ့ အာဆင်နယ် 1024 576 coyg

ပရိသတ်တွေကို စပရိုက်တိုက်ဖို့ သတင်းကောင်းတစ်ခု ဥထားတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ညာနောက်ခံကစားသမား တိုမိယဆုကို စာချုပ်သစ် ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီး လာမယ့်ရက်ပိုင်းအတွငး်မှာ ကြေညာသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဂျပန်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့လတွေကတည်းက အာဆင်နယ်နဲ့ စာချုပ်သစ် အတွက် ပြောဆိုဆွေးနွေးနေခဲ့တာဖြစ်ပြီး နှစ်ဖက်စလုံးက အဖြေ မြန်မြန် ထွက်ချင်ခဲ့ကြတာ ဖြစ်ပါတယ်။

အစပိုင်းတုန်းက အလှည့်ကျ ပွဲထွက်ကစားသမားလို့ ရှုမြင်ခဲ့ရတဲ့ ဂျပန်ကြီးရဲ့မတူညီတဲ့နေရာတွေမှာ အသားကျအောင် ကစားနိုင်စွမ်းကို အာတီတာက တန်ဖိုးထားလာခဲ့တာဖြစ်ပြီး တိုမိယဆုဟာ စာချုပ်သစ်အရ လစာ ၂ ဆ ရရှိမယ်လို့ သိရပါတယ်။

The Sun ရဲ့ ဖော်ပြချက်အရ လက်ရှိ တစ်ပတ်လုပ်ခလစာ ပေါင် ၅ သောင်းသာ ရရှိနေတဲ့ တိုမိယဆုဟာ ၄ နှစ် စာချုပ်သစ် ချုပ်ဆိုပြီးတာနဲ့ တစ်ပတ်လုပ်ခလစာ ပေါင် ၁ သိန်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ်မှာ ဘရိုက်တန်ကနေ ပေါင်သန်း ၅၀ နဲ့ ခေါ်ယူခဲ့တဲ့ ဘန် ဝှိုက်ကလည်း တိုမိယဆုရဲ့ ခြေရာအတိုင်း လိုက်နင်းပြီး အာဆင်နယ်နဲ့ စာချုပ်သစ် ချုပ်ဆိုသွားမယ်လို့ မျှော်မှန်းခြင်းခံထားရပြီး အာတီတာဟာ ကစားသမားတွေရဲ့ စာချုပ်သက်တမ်းပြည့်ဖို့ အဝေးကြီးလိုသေးတာတောင်မှ ကောင်းမွန်တဲ့ခြေစွမ်းအတွက် ဆုချချင်နေတာဖြစ်ပါတယ်။

ဘန် ဝှိုက်ဟာ အမ်းမရိတ်စ်မှာ ဆက်နေချင်နေပြီး လာမယ် ရက်သတ္တပတ်အနည်းငယ်အတွင်း အင်္ဂလန်နောက်ခံလူကို စာချုပ်သစ် ချုပ်ဆိုသွားနိုင်မယ်လို့ အာဆင်နယ်က မျှော်မှန်းထားတာ ဖြစ်ပါတယ်။

မာတင် အော်ဒီဂွါဒ်၊ ဆာလီဘာ၊ ဆာကာနဲ့ ရမ်းစ်ဒေးလ်တို့ဟာ ပြီးခဲ့တဲ့နှစ်မှာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ကြပြီး အာတီတာဟာ အခက်ခဲဆုံးဖြစ်တဲ့ ဆုဖလားစိန်ခေါ်နိုင်တဲ့အသင်းရဲ့ ပင်မကျောရိုးကို အထိုင်ချပြီးပြီဖြစ်တာကြောင့် လက်ရှိ လူစာရင်းကို တည်ငြိမ်စေချင်နေတာဖြစ်ပါတယ်။

အာတီတာဟာ ဒီလာမယ့်နွေရာသီမှာ ကစားသမားထွက်ခွာမှုအပေါ်မှာ မူတည်ပြီး ကစားသမားခေါ်ယူမှု တစ်ဦး၊ နှစ်ဦးလောက် ပြုလုပ်သွားနိုင်ပြီး နောက်ခံတောင်ပံနဲ့ အထောင်တိုက်စစ်မှူးသစ် ခေါ်ယူချင်နေတာဖြစ်သလို အာဆင်နယ်ဘုတ်အဖွဲ့ကလည်း ပေါင်သန်း ၁၀၀ ဝန်းကျင် ဘတ်ဂျက်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ညာေနာက္ခံကစားသမား တိုမိယဆုကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီး လာမယ့္ရက္ပိုင္းအတြငး္မွာ ေၾကညာသြားဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဂ်ပန္ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့လေတြကတည္းက အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ အတြက္ ေျပာဆိုေဆြးေႏြးေနခဲ့တာျဖစ္ၿပီး ႏွစ္ဖက္စလုံးက အေျဖ ျမန္ျမန္ ထြက္ခ်င္ခဲ့ၾကတာ ျဖစ္ပါတယ္။

အစပိုင္းတုန္းက အလွည့္က် ပြဲထြက္ကစားသမားလို႔ ရႈျမင္ခဲ့ရတဲ့ ဂ်ပန္ႀကီးရဲ႕မတူညီတဲ့ေနရာေတြမွာ အသားက်ေအာင္ ကစားႏိုင္စြမ္းကို အာတီတာက တန္ဖိုးထားလာခဲ့တာျဖစ္ၿပီး တိုမိယဆုဟာ စာခ်ဳပ္သစ္အရ လစာ ၂ ဆ ရရွိမယ္လို႔ သိရပါတယ္။

The Sun ရဲ႕ ေဖာ္ျပခ်က္အရ လက္ရွိ တစ္ပတ္လုပ္ခလစာ ေပါင္ ၅ ေသာင္းသာ ရရွိေနတဲ့ တိုမိယဆုဟာ ၄ ႏွစ္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီးတာနဲ႔ တစ္ပတ္လုပ္ခလစာ ေပါင္ ၁ သိန္း ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

၂၀၂၁ ခုႏွစ္မွာ ဘ႐ိုက္တန္ကေန ေပါင္သန္း ၅၀ နဲ႔ ေခၚယူခဲ့တဲ့ ဘန္ ဝႈိက္ကလည္း တိုမိယဆုရဲ႕ ေျခရာအတိုင္း လိုက္နင္းၿပီး အာဆင္နယ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားမယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရၿပီး အာတီတာဟာ ကစားသမားေတြရဲ႕ စာခ်ဳပ္သက္တမ္းျပည့္ဖို႔ အေဝးႀကီးလိုေသးတာေတာင္မွ ေကာင္းမြန္တဲ့ေျခစြမ္းအတြက္ ဆုခ်ခ်င္ေနတာျဖစ္ပါတယ္။

ဘန္ ဝႈိက္ဟာ အမ္းမရိတ္စ္မွာ ဆက္ေနခ်င္ေနၿပီး လာမယ္ ရက္သတၱပတ္အနည္းငယ္အတြင္း အဂၤလန္ေနာက္ခံလူကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားႏိုင္မယ္လို႔ အာဆင္နယ္က ေမွ်ာ္မွန္းထားတာ ျဖစ္ပါတယ္။

မာတင္ ေအာ္ဒီဂြါဒ္၊ ဆာလီဘာ၊ ဆာကာနဲ႔ ရမ္းစ္ေဒးလ္တို႔ဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ၾကၿပီး အာတီတာဟာ အခက္ခဲဆုံးျဖစ္တဲ့ ဆုဖလားစိန္ေခၚႏိုင္တဲ့အသင္းရဲ႕ ပင္မေက်ာ႐ိုးကို အထိုင္ခ်ၿပီးၿပီျဖစ္တာေၾကာင့္ လက္ရွိ လူစာရင္းကို တည္ၿငိမ္ေစခ်င္ေနတာျဖစ္ပါတယ္။

အာတီတာဟာ ဒီလာမယ့္ေႏြရာသီမွာ ကစားသမားထြက္ခြာမႈအေပၚမွာ မူတည္ၿပီး ကစားသမားေခၚယူမႈ တစ္ဦး၊ ႏွစ္ဦးေလာက္ ျပဳလုပ္သြားႏိုင္ၿပီး ေနာက္ခံေတာင္ပံနဲ႔ အေထာင္တိုက္စစ္မႉးသစ္ ေခၚယူခ်င္ေနတာျဖစ္သလို အာဆင္နယ္ဘုတ္အဖြဲ႕ကလည္း ေပါင္သန္း ၁၀၀ ဝန္းက်င္ ဘတ္ဂ်က္ထုတ္ေပးသြားမွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet