ပထမအကျော့ရှုံးကြွေးအကျေဆပ်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်မယ့် ဂန်းနားများ 1024 504 coyg

ပထမအကျော့ရှုံးကြွေးအကျေဆပ်ပြီး အုပ်စုဗိုလ်အဖြစ် ရှုံးထွက်တက်မယ့် ဂန်းနားများ

အုပ်စုဘီ ဦးဆောင်သူတွေဖြစ်တဲ့ အာဆင်နယ်ဟာ ဗုဒ္ဓဟူး​နေ့ည အမ်းမရိတ်စ်မှာ လွန်းစ်ကို လက်ခံယှဉ်ပြိုင်တဲ့ပွဲမှာ ပြီးခဲ့တဲ့လက ရှုံးကြွေးကို ပြန်ဆပ်သွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ အုပ်စုဘီမှာ လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့တစ်ပွဲသာ ရှုံးပွဲတွေ့ခဲ့တာဖြစ်ပြီး ၄ ပွဲကစားပြီးချိန်မှာ ရမှတ် ၉ မှတ်နဲ့ အုပ်စု ပထမနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဂါဘရီယဲလ် ဂျေးဇုက အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း လီဂူးဝမ်းကလပ်က ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်လည်သွင်းယူသွားခဲ့ပြီး ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာရဲ့အသင်းဟာ လက်ရှိမှာ အလွန်အားကောင်းတဲ့ရပ်တည်မှုမှာ ရှိနေပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို ရှုံးကြွေးအတွက် လက်စားချေပြီးမှ တက်ရောက်သွားမှာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ဘက်မှာ သောမတ်စ် ပါတေး၊ ယူရီယန် တင်းဘား၊ စမစ် ရိုးတို့ ဆက်လက် လွဲချော်မှာဖြစ်ပြီး စနေနေ့ပွဲစဉ်မှာ မာတင် အော်ဒီဂွါဒ်နဲ့ ဂါဘရီယဲလ် ဂျေးဇုတို့ ပွဲထွက်လူစာရင်းထဲ ပြန်လည်ပါဝင်လာတာကြောင့် ဒီပွဲမှာလည်း ပွဲထွက်ပါဝင်သွားမှာဖြစ်ပါတယ်။ ဖေဘီယို ဗီယာရာကတော့ ပြည်တွင်းပွဲပယ်ပြစ်ဒဏ်ကျခံနေရတာကြောင့် ပါဝင်ကစားပေးလို့ရနိုင်တဲ့အခြေအနေမှာ ရှိနေပါတယ်။

အာစီလွန်းစ်ဘက်မှာလည်း ဂီလာဗိုဂီပွဲပယ်ခံထားရပြီး ဖာရီနက်ဇ်၊ ကော်တက်စ်၊ ကာဘော့တ်၊ မာချာဒိုတို့လည်း ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်ပါဘူး။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဂါဘရီယဲလ်၊ ဆာလီဘာ၊ တိုမိယ၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု။
လွန်းစ်-ဆမ်ဘာ၊ မယ်ဒီနာ၊ ခူဆာနော့ဗ်၊ ဂရာဒစ်၊ အဂီလာ၊ အယ်လ် အိုင်နာအီ၊ ဆာမက်၊ ဖရန်ကောစကီး၊ ဖူလ်ဂီနီ၊ သောမတ်ဆန်၊ ဝါဟီ။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၁ ကြိမ်သရေ လွန်းစ်က ၁ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၃ ပွဲနိုင် ၂ ပွဲရှုံးခဲ့ပြီး လွန်းစ်က ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

အာဆင်နယ်ဟာ တိုက်စစ်ပိုင်းမှာ ဆက်လက် အားနည်းနေဆဲဖြစ်ပြီး ခံစစ်ပိုင်း မာကျောတဲ့လွန်းစ်နဲ့ပွဲမှာ ထင်သလို လုပ်လို့ရမှာမဟုတ်ဘဲ ခက်ခဲတဲ့ရာသီအစနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဧည့်သည်တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ရလဒ်ကောင်းတွေနဲ့ လီဂူးဝမ်း အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဖရန့်ခ် ဟေဆီဟာ ပထမအကျော့တုန်းက အာတီတာကို အလဲထိုးနိုင်ခဲ့တာဖြစ်ပြီး ၎င်းရဲ့ အသင်းဟာ နောက်ထပ်တစ်ကြိမ် ဂန်းနားတွေကို ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ပေးစွမ်းဦးမှာဖြစ်ပါတယ် ။အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ ထိန်းချုပ်မှု ရယူနိုင်မယ့်အသင်းလို့ မျှော်လင့်မိပြီး ဆက်တိုက် ဖိအားပေးမှုတွေနဲ့ အမ်းမရိတ်စ်က ဂန်းနားပရိသတ်တွေအားနဲ့အတူ ပွဲစဉ် ၂ က ရှုံးကြွေးကို အကျေဆပ်သွားမှာ သေချာပါတယ်။

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ လွန်းစ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အုပ္စုဘီ ဦးေဆာင္သူေတြျဖစ္တဲ့ အာဆင္နယ္ဟာ ဗုဒၶဟူး​ေန႔ည အမ္းမရိတ္စ္မွာ လြန္းစ္ကို လက္ခံယွဥ္ၿပိဳင္တဲ့ပြဲမွာ ၿပီးခဲ့တဲ့လက ရႈံးေႂကြးကို ျပန္ဆပ္သြားမွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ အုပ္စုဘီမွာ လြန္းစ္ကို ရႈံးနိမ့္ခဲ့တဲ့တစ္ပြဲသာ ရႈံးပြဲေတြ႕ခဲ့တာျဖစ္ၿပီး ၄ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၉ မွတ္နဲ႔ အုပ္စု ပထမေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။ ဂါဘရီယဲလ္ ေဂ်းဇုက အိမ္ရွင္ေတြအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးႏိုင္ခဲ့ေပမယ့္လည္း လီဂူးဝမ္းကလပ္က ေခ်ပဂိုးနဲ႔ ဦးေဆာင္ဂိုးေတြ ျပန္လည္သြင္းယူသြားခဲ့ၿပီး ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာရဲ႕အသင္းဟာ လက္ရွိမွာ အလြန္အားေကာင္းတဲ့ရပ္တည္မႈမွာ ရွိေနၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကို ရႈံးေႂကြးအတြက္ လက္စားေခ်ၿပီးမွ တက္ေရာက္သြားမွာ ျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

အာဆင္နယ္ဘက္မွာ ေသာမတ္စ္ ပါေတး၊ ယူရီယန္ တင္းဘား၊ စမစ္ ႐ိုးတို႔ ဆက္လက္ လြဲေခ်ာ္မွာျဖစ္ၿပီး စေနေန႔ပြဲစဥ္မွာ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဂါဘရီယဲလ္ ေဂ်းဇုတို႔ ပြဲထြက္လူစာရင္းထဲ ျပန္လည္ပါဝင္လာတာေၾကာင့္ ဒီပြဲမွာလည္း ပြဲထြက္ပါဝင္သြားမွာျဖစ္ပါတယ္။ ေဖဘီယို ဗီယာရာကေတာ့ ျပည္တြင္းပြဲပယ္ျပစ္ဒဏ္က်ခံေနရတာေၾကာင့္ ပါဝင္ကစားေပးလို႔ရႏိုင္တဲ့အေျခအေနမွာ ရွိေနပါတယ္။

အာစီလြန္းစ္ဘက္မွာလည္း ဂီလာဗိုဂီပြဲပယ္ခံထားရၿပီး ဖာရီနက္ဇ္၊ ေကာ္တက္စ္၊ ကာေဘာ့တ္၊ မာခ်ာဒိုတို႔လည္း ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ဦးမွာမဟုတ္ပါဘူး။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဂါဘရီယဲလ္၊ ဆာလီဘာ၊ တိုမိယ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္၊ ဆာကာ၊ မာတီနယ္လီ၊ ေဂ်းဇု။
လြန္းစ္-ဆမ္ဘာ၊ မယ္ဒီနာ၊ ခူဆာေနာ့ဗ္၊ ဂရာဒစ္၊ အဂီလာ၊ အယ္လ္ အိုင္နာအီ၊ ဆာမက္၊ ဖရန္ေကာစကီး၊ ဖူလ္ဂီနီ၊ ေသာမတ္ဆန္၊ ဝါဟီ။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၂ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ၁ ႀကိမ္သေရ လြန္းစ္က ၁ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၃ ပြဲႏိုင္ ၂ ပြဲရႈံးခဲ့ၿပီး လြန္းစ္က ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

အာဆင္နယ္ဟာ တိုက္စစ္ပိုင္းမွာ ဆက္လက္ အားနည္းေနဆဲျဖစ္ၿပီး ခံစစ္ပိုင္း မာေက်ာတဲ့လြန္းစ္နဲ႔ပြဲမွာ ထင္သလို လုပ္လို႔ရမွာမဟုတ္ဘဲ ခက္ခဲတဲ့ရာသီအစနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ဧည့္သည္ေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ရလဒ္ေကာင္းေတြနဲ႔ လီဂူးဝမ္း အဆင့္ ၆ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဖရန႔္ခ္ ေဟဆီဟာ ပထမအေက်ာ့တုန္းက အာတီတာကို အလဲထိုးႏိုင္ခဲ့တာျဖစ္ၿပီး ၎ရဲ႕ အသင္းဟာ ေနာက္ထပ္တစ္ႀကိမ္ ဂန္းနားေတြကို ခက္ခဲတဲ့ပြဲစဥ္တစ္ပြဲ ေပးစြမ္းဦးမွာျဖစ္ပါတယ္ ။အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညပြဲစဥ္မွာ ထိန္းခ်ဳပ္မႈ ရယူႏိုင္မယ့္အသင္းလို႔ ေမွ်ာ္လင့္မိၿပီး ဆက္တိုက္ ဖိအားေပးမႈေတြနဲ႔ အမ္းမရိတ္စ္က ဂန္းနားပရိသတ္ေတြအားနဲ႔အတူ ပြဲစဥ္ ၂ က ရႈံးေႂကြးကို အေက်ဆပ္သြားမွာ ေသခ်ာပါတယ္။

AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၁ လြန္းစ္)

Arsenal Myanmar

Ref: Internet