နှစ်သစ်ရဲ့ပထမဆုံးနိုင်ပွဲကို အမ်းမရိတ်စ်မှာ အရယူသွားမယ့် ဂန်းနားများ
အာဆင်နယ်ဟာ ၂၀၂၄ ခုနှစ်ရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် စနေနေ့ညနေမှာ ခရစ္စတယ် ပဲလေ့စ်ကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဂန်းနားတွေဟာ အရေးတကြီးလိုအပ်နေတဲ့ ဆောင်းရာသီ နားရက် ရရှိခဲ့တာကြောင့် နှစ်သစ်ကို ပိုမိုလန်းဆန်းတဲ့ပုံစံနဲ့ စတင်သွားနိုင်ဖွယ်ရှိပြီး နောက်ဆုံးကစားခဲ့တဲ့ နှစ်သစ်ကူးအကြိုနေ့က ဖူလ်ဟမ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒူဘိုင်းမှာ လေ့ကျင့်ရေးဆင်းခဲ့တာက ယခုအပတ်မှာ နိုင်ပွဲ ပြန်လည်ရယူနိုင်ဖို့ မဖြစ်မနေလိုအပ်နေတဲ့ အာဆင်နယ်အတွက် ပြီးပြည့်စုံတဲ့ ခရီးစဉ်ဖြစ်ခဲ့တယ်ဆိုတာကို သက်သေပြသသွားမှာဖြစ်ပါတယ်။
အမှတ်ပေးဇယားအလယ်က ခရစ္စတယ် ပဲလေ့စ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက အဲဗာတန်ကို အက်ဖ်အေဖလား တတိယအဆင့် ပြန်ကန်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဂါဘရီယဲလ် ဂျေးဇုဟာ ယခုအပတ် ပွဲနေ့လူစာရင်းထဲမှာ ပြန်လည်ပါဝင်လာနိုင်မယ်လို့ မျှော်မှန်းခြင်းခံထားရပေမယ့်လည်း ဇင်ချန်ကိုရဲ့ ကြံ့ခိုင်မှုက သံသယဖြစ်စရာအခြေအနေမှာရှိနေဆဲဖြစ်ပါတယ်။ တင်းဘားနဲ့ တိုမိယဆုတို့ ၂ ဦးစလုံး ဆက်လက်လွဲချော်မှာဖြစ်ပြီး ဇင်ချန်ကို မပါနိုင်ရင် ဘယ်နောက်ခံမှာ ခီဗီယောကိုပဲ ဆက်မြင်ရမှာပါ။ ပါတေးနဲ့ ဖေဘီယို ဗီယာရာတို့ကလည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်နေရဆဲပါ။
ခရစ္စတယ်ပဲလေ့စ်ဘက်မှာ ဂျော်ဒန် အယူး ဂါနာအတွက် အာဖရိကဖလားပွဲသွားကစားပေးနေပြီး မိုက်ကယ် အိုလစ်ဆေးကလည်း ဒီအပတ်မှာ ပြန်ကစားပေးဖို့ ကြံ့ခိုင်မှု မပြည့်ဝသေးပါဘူး။ ဂျိုရယ် ဝါ့ဒ်၊ နေသန် ဖာဂူဆန်၊ ဆမ် ဂျွန်စတုန်း၊ ဂန်းနားနောက်ခံလူဟောင်း ဟိုးဒင်းတို့အားလုံးလည်း ပါဝင်ကစားပေးဖို့ မသေချာပါဘူး။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဟာဗတ်ဇ်၊ ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ။
ပဲလေ့စ်-ဂျွန် စတုန်း၊ ကလိုင်း၊ အန်ဒါဆန်၊ ဂေးဟီ၊ မစ်ချဲ၊ လာမာ၊ ရစ်ချက်၊ အိုလစ်ဆေး၊ အီဇီ၊ ရှလပ်၊ အေဒူယာ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ
ဒီနှစ်သင်းကြား ၂၁ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၁၃ ကြိမ်နိုင် ၆ ကြိမ်သရေ ပဲလေ့စ်က ၃ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးခဲ့ပြီး ပဲလေ့စ်က ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးခဲ့ပါတယ်။
ပွဲကြိုသုံးသပ်ချက်
ပဲလေ့စ်ဟာ အိုလစ်ဆေးပါဝင်မှုကြောင့် ခံနိုင်ရည် ပိုမိုရှိနေမှာဖြစ်ပေမယ့်လည်း ဒီပွဲဟာ အာဆင်နယ်အတွက် နိုင်ပွဲရယူဖို့ အချိန်ကောင်းလို့ ခံစားရပါတယ်။ လင်းယုန်တွေဟာ နှစ်သစ်အစ အဲဗာတန်နဲ့ တွေ့ဆုံခဲ့တဲ့ အက်ဖ်အေဖလား ၂ ပွဲစလုံးမှာ တော်တော်လေး ခြေစွမ်းဆိုးရွားနေခဲ့ပြီး မြောက်လန်ဒန်မှာ ဂန်းနားတွေကို လှန်နိုင်မယ့် အသင်းပုံစံမျိုးမပေါက်ပါဘူး။ ဧည့်သည်တေါဟာ အကူးအပြောင်းမှာ ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်ပြီး ခံစစ်ပိုင်းမာကျောပေမယ့် အိမ်ရှင်တွေက စနေနေ့မှာ ပွဲကို ထိန်းချုပ်နိုင်ဖွယ်ရှိပါတယ်။ နောက်ထပ်တစ်ကြိမ် ဂန်းနားတွေအနေနဲ့ အခွင့်အရေးတွေကို အဆုံးသတ်နိုင်မလားဆိုတာကိုပဲ စောင့်ကြည့်ရမှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာ ဂန်းနားတွေရဲ့ ထက်မြက်မှုကို ပြန်လည်အသက်သွင်းနိုင်ဖို့ အခိုက်အတန့်တစ်ခုတော့ အချိန်ယူရနိုင်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ပဲလေ့စ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ပဲလေ့စ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်( အာဆင်နယ် ၂-၀ ပဲလေ့စ်)
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ၂၀၂၄ ခုႏွစ္ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ စေနေန႔ညေနမွာ ခရစၥတယ္ ပဲေလ့စ္ကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
ဂန္းနားေတြဟာ အေရးတႀကီးလိုအပ္ေနတဲ့ ေဆာင္းရာသီ နားရက္ ရရွိခဲ့တာေၾကာင့္ ႏွစ္သစ္ကို ပိုမိုလန္းဆန္းတဲ့ပုံစံနဲ႔ စတင္သြားႏိုင္ဖြယ္ရွိၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ႏွစ္သစ္ကူးအႀကိဳေန႔က ဖူလ္ဟမ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဒူဘိုင္းမွာ ေလ့က်င့္ေရးဆင္းခဲ့တာက ယခုအပတ္မွာ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ဖို႔ မျဖစ္မေနလိုအပ္ေနတဲ့ အာဆင္နယ္အတြက္ ၿပီးျပည့္စုံတဲ့ ခရီးစဥ္ျဖစ္ခဲ့တယ္ဆိုတာကို သက္ေသျပသသြားမွာျဖစ္ပါတယ္။
အမွတ္ေပးဇယားအလယ္က ခရစၥတယ္ ပဲေလ့စ္ကေတာ့ ၿပီးခဲ့တဲ့ရက္ပိုင္းက အဲဗာတန္ကို အက္ဖ္ေအဖလား တတိယအဆင့္ ျပန္ကန္ပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
ဂါဘရီယဲလ္ ေဂ်းဇုဟာ ယခုအပတ္ ပြဲေန႔လူစာရင္းထဲမွာ ျပန္လည္ပါဝင္လာႏိုင္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရေပမယ့္လည္း ဇင္ခ်န္ကိုရဲ႕ ႀကံ့ခိုင္မႈက သံသယျဖစ္စရာအေျခအေနမွာရွိေနဆဲျဖစ္ပါတယ္။ တင္းဘားနဲ႔ တိုမိယဆုတို႔ ၂ ဦးစလုံး ဆက္လက္လြဲေခ်ာ္မွာျဖစ္ၿပီး ဇင္ခ်န္ကို မပါႏိုင္ရင္ ဘယ္ေနာက္ခံမွာ ခီဗီေယာကိုပဲ ဆက္ျမင္ရမွာပါ။ ပါေတးနဲ႔ ေဖဘီယို ဗီယာရာတို႔ကလည္း ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာဖို႔ လုပ္ေဆာင္ေနရဆဲပါ။
ခရစၥတယ္ပဲေလ့စ္ဘက္မွာ ေဂ်ာ္ဒန္ အယူး ဂါနာအတြက္ အာဖရိကဖလားပြဲသြားကစားေပးေနၿပီး မိုက္ကယ္ အိုလစ္ေဆးကလည္း ဒီအပတ္မွာ ျပန္ကစားေပးဖို႔ ႀကံ့ခိုင္မႈ မျပည့္ဝေသးပါဘူး။ ဂ်ိဳရယ္ ဝါ့ဒ္၊ ေနသန္ ဖာဂူဆန္၊ ဆမ္ ဂြၽန္စတုန္း၊ ဂန္းနားေနာက္ခံလူေဟာင္း ဟိုးဒင္းတို႔အားလုံးလည္း ပါဝင္ကစားေပးဖို႔ မေသခ်ာပါဘူး။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဟာဗတ္ဇ္၊ ဆာကာ၊ ေဂ်းဇု၊ မာတီနယ္လီ။
ပဲေလ့စ္-ဂြၽန္ စတုန္း၊ ကလိုင္း၊ အန္ဒါဆန္၊ ေဂးဟီ၊ မစ္ခ်ဲ၊ လာမာ၊ ရစ္ခ်က္၊ အိုလစ္ေဆး၊ အီဇီ၊ ရွလပ္၊ ေအဒူယာ။
ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား
ဒီႏွစ္သင္းၾကား ၂၁ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အာဆင္နယ္က ၁၃ ႀကိမ္ႏိုင္ ၆ ႀကိမ္သေရ ပဲေလ့စ္က ၃ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၁ ပြဲႏိုင္ ၁ ပြဲသေရ ၃ ပြဲရႈံးခဲ့ၿပီး ပဲေလ့စ္က ၁ ပြဲႏိုင္ ၂ ပြဲသေရ ၂ ပြဲရႈံးခဲ့ပါတယ္။
ပြဲႀကိဳသုံးသပ္ခ်က္
ပဲေလ့စ္ဟာ အိုလစ္ေဆးပါဝင္မႈေၾကာင့္ ခံႏိုင္ရည္ ပိုမိုရွိေနမွာျဖစ္ေပမယ့္လည္း ဒီပြဲဟာ အာဆင္နယ္အတြက္ ႏိုင္ပြဲရယူဖို႔ အခ်ိန္ေကာင္းလို႔ ခံစားရပါတယ္။ လင္းယုန္ေတြဟာ ႏွစ္သစ္အစ အဲဗာတန္နဲ႔ ေတြ႕ဆုံခဲ့တဲ့ အက္ဖ္ေအဖလား ၂ ပြဲစလုံးမွာ ေတာ္ေတာ္ေလး ေျခစြမ္းဆိုး႐ြားေနခဲ့ၿပီး ေျမာက္လန္ဒန္မွာ ဂန္းနားေတြကို လွန္ႏိုင္မယ့္ အသင္းပုံစံမ်ိဳးမေပါက္ပါဘူး။ ဧည့္သည္ေတါဟာ အကူးအေျပာင္းမွာ ၿခိမ္းေျခာက္မႈအခ်ိဳ႕ ျပဳလုပ္ႏိုင္ၿပီး ခံစစ္ပိုင္းမာေက်ာေပမယ့္ အိမ္ရွင္ေတြက စေနေန႔မွာ ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖြယ္ရွိပါတယ္။ ေနာက္ထပ္တစ္ႀကိမ္ ဂန္းနားေတြအေနနဲ႔ အခြင့္အေရးေတြကို အဆုံးသတ္ႏိုင္မလားဆိုတာကိုပဲ ေစာင့္ၾကည့္ရမွာျဖစ္ၿပီး တိုက္စစ္ပိုင္းမွာ ဂန္းနားေတြရဲ႕ ထက္ျမက္မႈကို ျပန္လည္အသက္သြင္းႏိုင္ဖို႔ အခိုက္အတန႔္တစ္ခုေတာ့ အခ်ိန္ယူရႏိုင္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ပဲေလ့စ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၀ ပဲေလ့စ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္( အာဆင္နယ္ ၂-၀ ပဲေလ့စ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Team News