နီကိုလာ ပေပေနဲ့ တစ်ခန်းတည်းမနေနိုင်လို့ ပြောင်းပြေးခဲ့ရတဲ့ အသင်းဖော် ၂ ဦး
နီကိုလာ ပေပေဟာ နောက်ဆုံးမှာတော့ ယခုနွေရာသီအပြောင်းအရွှေ့ကာလမှာ အမ်းမရိတ်စ်ကနေ ထွက်ခွာနိုင်ခဲ့ပြီဖြစ်ပြီး ထရက်ဇွန်စပေါ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ အိုင်ဗရီကို့စ်ကြယ်ပွင့်ကို ၂၀၁၉ ခုနှစ်တုန်းက ပေါင် ၇၂ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းက ပေပေဟာ လိုင်လီနဲ့ လီဂူးဝမ်းမှာ အထင်ကြီးဖွယ် ခြေစွမ်းပြသနေခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်ကလည်း ပေပေကို ခေါ်ယူချင်ခဲ့တဲ့အသင်းတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပေမယ့် မြောက်လန်ဒန်ကလပ်က လိုင်လီတောင်ပံကြယ်ပွင့်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးပေးချေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နီကိုလာ ပေပေဟာ ပေးချေခဲ့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး ဘယ်တုန်းကမှ မပြသနိုင်ခဲ့ဘဲ တစ်ခါတရံ မှော်ဆန်တဲ့အခိုက်အတန့်တွေ ပြုလုပ်ပြတတ်ပေမယ့် ခြေမပေါ်တာက ပိုများနေတာကြောင့် အငှားချခံခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်က နီကိုလာ ပေပေကို အသင်းကနေ အပြီးသတ်ရောင်းထုတ်ချင်ခဲ့ပေမယ့်လည်း ဝယ်မယ့်အသင်းမရှိတာကြောင့် နောက်ဆုံးမှာတော့ ထရက်ဇွန်စပေါ်ကို တပြားမှ မရဘဲ ထွက်ခွာခွင့်ပေးလိုက်ရတာဖြစ်ပါတယ်။
နီကိုလာ ပေပေနဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့ရတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့တဲ့သူတွေကတော့ ဂန်းနားအသင်းဖော်တွေမဟုတ်ဘဲ အိုင်ဗရီကို့စ် လက်ရွေးစင်အသင်းဖော်တွေ ဖြစ်ပြီး ဂန်းနားတောင်ပံကစားသမားဟောင်းဟာ လက်ရွေးစင်အသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၀ ဂိုး သွင်းယူပေးထားသူဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဝီးလ်ဖရက်ဒ် ဇာဟာနဲ့ ဆော်လမွန် ကာလူးတို့လို ကစားသမားတွေဟာ ပေပေနဲ့ အဝေးဆုံးကို ရှောင်တိမ်းခဲ့ရတာဖြစ်ပြီး နိုင်ငံတကာပွဲကစားဖို့ အိုင်ဗရီကို့စ်အသင်းနဲ့ ပူးပေါင်းခဲ့ချိန်အတွင်း ဒီကစားသမား ၂ ဦးစလုံးဟာ ပေပေနဲ့ အတူတူ တစ်ခန်းတည်း နေခဲ့ရဖူးတာဖြစ်ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကစားသမားဟာ အိပ်ပျော်နေချိန်အတွင်း အဟောက်သန်လွန်းတာကြောင့် နှစ်ဦးစလုံး အိပ်မရတာကြောင့် အခန်းပြောင်းပေးဖို့ အသင်းကို တောင်းဆိုခဲ့ရတာဖြစ်ပြီး ဇာဟာက ၂၀၂၁ ခုနှစ်တုန်းက OnTheJudy Podcast မှာ “အောင်မလေး နီကိုလာ ပေပေ။ နီကိုလာ ပေပေ။ ကျွန်တော် အခန်းပြောင်းပေးဖို့ တောင်းဆိုခဲ့ရတယ်။ ကျွန်တော့်ကို ဒီအခန်းကနေ ထွက်ခွင့်ပေးဖို့ သွားပြီး တောင်းဆိုခဲ့တယ်။ ဘာလို့လဲဆိုတော့ သူ့ဟောက်သံက မော်တော်ဆိုင်ကယ်သံလိုမျိုးဖြစ်နေလို့ပါ။ အဲဒါက တော်တော်ဆိုးတယ် ဘရို။ ရူးချင်စရာကောင်းတယ်။ ကျွန်တော်ဘယ်လိုမှ မအိပ်နိုင်ဘူး။ သူတို့တွေ ကျွန်တော့်ကို အခန်းပြောင်းခွင့်ပေးပြီး ကာလူးနဲ့ တစ်ခန်းတည်း နေခိုင်းခဲ့တယ်။ သူကလည်း ဘရို ငါ သိတယ်။ ငါလည်း ပြောင်းပြေးခဲ့ရတာပဲတဲ့”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: နီကိုလာ ေပေပဟာ ေနာက္ဆုံးမွာေတာ့ ယခုေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ အမ္းမရိတ္စ္ကေန ထြက္ခြာႏိုင္ခဲ့ၿပီျဖစ္ၿပီး ထရက္ဇြန္စေပၚအသင္းကို ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြဟာ အိုင္ဗရီကို႔စ္ၾကယ္ပြင့္ကို ၂၀၁၉ ခုႏွစ္တုန္းက ေပါင္ ၇၂ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္တုန္းက ေပေပဟာ လိုင္လီနဲ႔ လီဂူးဝမ္းမွာ အထင္ႀကီးဖြယ္ ေျခစြမ္းျပသေနခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးလ္ကလည္း ေပေပကို ေခၚယူခ်င္ခဲ့တဲ့အသင္းေတြထဲမွာ အပါအဝင္ ျဖစ္ခဲ့ေပမယ့္ ေျမာက္လန္ဒန္ကလပ္က လိုင္လီေတာင္ပံၾကယ္ပြင့္အတြက္ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပးေခ်ဖို႔ ဆုံးျဖတ္ခဲ့တာေၾကာင့္ ေခၚယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း နီကိုလာ ေပေပဟာ ေပးေခ်ခဲ့ရတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳး ဘယ္တုန္းကမွ မျပသႏိုင္ခဲ့ဘဲ တစ္ခါတရံ ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြ ျပဳလုပ္ျပတတ္ေပမယ့္ ေျခမေပၚတာက ပိုမ်ားေနတာေၾကာင့္ အငွားခ်ခံခဲ့ရတာျဖစ္ပါတယ္။
အာဆင္နယ္က နီကိုလာ ေပေပကို အသင္းကေန အၿပီးသတ္ေရာင္းထုတ္ခ်င္ခဲ့ေပမယ့္လည္း ဝယ္မယ့္အသင္းမရွိတာေၾကာင့္ ေနာက္ဆုံးမွာေတာ့ ထရက္ဇြန္စေပၚကို တျပားမွ မရဘဲ ထြက္ခြာခြင့္ေပးလိုက္ရတာျဖစ္ပါတယ္။
နီကိုလာ ေပေပနဲ႔ပတ္သက္ၿပီး စိတ္ပ်က္ခဲ့ရတဲ့အေၾကာင္းကို ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့သူေတြကေတာ့ ဂန္းနားအသင္းေဖာ္ေတြမဟုတ္ဘဲ အိုင္ဗရီကို႔စ္ လက္ေ႐ြးစင္အသင္းေဖာ္ေတြ ျဖစ္ၿပီး ဂန္းနားေတာင္ပံကစားသမားေဟာင္းဟာ လက္ေ႐ြးစင္အသင္းအတြက္ ၃၇ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၀ ဂိုး သြင္းယူေပးထားသူျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဝီးလ္ဖရက္ဒ္ ဇာဟာနဲ႔ ေဆာ္လမြန္ ကာလူးတို႔လို ကစားသမားေတြဟာ ေပေပနဲ႔ အေဝးဆုံးကို ေရွာင္တိမ္းခဲ့ရတာျဖစ္ၿပီး ႏိုင္ငံတကာပြဲကစားဖို႔ အိုင္ဗရီကို႔စ္အသင္းနဲ႔ ပူးေပါင္းခဲ့ခ်ိန္အတြင္း ဒီကစားသမား ၂ ဦးစလုံးဟာ ေပေပနဲ႔ အတူတူ တစ္ခန္းတည္း ေနခဲ့ရဖူးတာျဖစ္ပါတယ္။
အသက္ ၂၈ ႏွစ္အ႐ြယ္ ကစားသမားဟာ အိပ္ေပ်ာ္ေနခ်ိန္အတြင္း အေဟာက္သန္လြန္းတာေၾကာင့္ ႏွစ္ဦးစလုံး အိပ္မရတာေၾကာင့္ အခန္းေျပာင္းေပးဖို႔ အသင္းကို ေတာင္းဆိုခဲ့ရတာျဖစ္ၿပီး ဇာဟာက ၂၀၂၁ ခုႏွစ္တုန္းက OnTheJudy Podcast မွာ “ေအာင္မေလး နီကိုလာ ေပေပ။ နီကိုလာ ေပေပ။ ကြၽန္ေတာ္ အခန္းေျပာင္းေပးဖို႔ ေတာင္းဆိုခဲ့ရတယ္။ ကြၽန္ေတာ့္ကို ဒီအခန္းကေန ထြက္ခြင့္ေပးဖို႔ သြားၿပီး ေတာင္းဆိုခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ေဟာက္သံက ေမာ္ေတာ္ဆိုင္ကယ္သံလိုမ်ိဳးျဖစ္ေနလို႔ပါ။ အဲဒါက ေတာ္ေတာ္ဆိုးတယ္ ဘ႐ို။ ႐ူးခ်င္စရာေကာင္းတယ္။ ကြၽန္ေတာ္ဘယ္လိုမွ မအိပ္ႏိုင္ဘူး။ သူတို႔ေတြ ကြၽန္ေတာ့္ကို အခန္းေျပာင္းခြင့္ေပးၿပီး ကာလူးနဲ႔ တစ္ခန္းတည္း ေနခိုင္းခဲ့တယ္။ သူကလည္း ဘ႐ို ငါ သိတယ္။ ငါလည္း ေျပာင္းေျပးခဲ့ရတာပဲတဲ့”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News