နဗီး စိတ်ပျက်ခဲ့ရတဲ့ စီးတီးနဲ့ပွဲက အာဆင်နယ်နည်းဗျူဟာကို ရှင်းပြခဲ့ပြီးဖြစ်တဲ့ ရိုက် 810 539 coyg

နဗီး စိတ်ပျက်ခဲ့ရတဲ့ စီးတီးနဲ့ပွဲက အာဆင်နယ်နည်းဗျူဟာကို ရှင်းပြခဲ့ပြီးဖြစ်တဲ့ ရိုက်

ဂယ်ရီ နဗီးဟာ တနင်္ဂနွေနေ့ကမန်စီးတီးနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်က ပထမပိုင်းအတွင်း အာဆင်နယ်ကစားပုံက ပြင်းထန်မှု မရှိခဲ့တာကြောင့် စိတ်ပျက်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အီယန် ရိုက်က မီခေးလ် အာတီတာရဲ့ အစီအမံက မှန်ကန်ခဲ့တယ်လို့ ပြောနိုင်ဖို့ အကြောင်းအရင်းတွေကို ပြောပြခဲ့ပြီး ဂန်းနားတွေဟာ ဇယားထိပ်ပြန်မတက်နိုင်ခဲ့ပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းကို အဝေးကွင်းမှာ ၇ ပွဲဆက်ရှုံးပွဲကို အဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ အာဆင်နယ်နဲ့ပွဲကို ခံစစ်ပိုင်း ရွေးချယ်စရာ မရှိဘဲ ကစားခဲ့ရတာဖြစ်ပြီး အကီက ၂၅ မိနစ်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတာဖြစ်ပါတယ်။ နဗီးက ဧည့်သည်တွေရဲ့ နည်းဗျူဟာနဲ့ပတ်သက်ပြီး သဘောမကျခဲ့ဘဲ “အာဆင်နယ်က နောက်မှာပဲ ထိုင်နေကြတယ်။ အာဆင်နယ်က နောက်တန်းကနေ မထွက်နိုင်ဘူး။ သူတို့တွေ တကယ် ဖိမကစားနိုင်ဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

တကယ်လည်း ပွဲကစားချိန် အများစုမှာ အဲဒီအတိုင်းဖြစ်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ မန်စီးတီးရဲ့ ရှင်းလင်းပြတ်သားတဲ့အခွင့်အရေးတွေကို ကန့်သတ်ပြီးတော့ တန်ပြန်တိုက်စစ်ကနေပဲ ထိုးဖောက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာသီရဲ့ ဒီလိုအချိန်မှာ ကြီးမားတဲ့ ဆုဖလားစိန်ခေါ်သူတွေဖြစ်စေခဲ့တဲ့ ဂိုးသွင်းခြေစွမ်းကောင်းမျိုး မပြသနိုင်ခဲ့တာဖြစ်ပြီး နဗီးက ပထမပိုင်းက ခြေစွမ်းကို ဝေဖန်ခဲ့ပေမယ့် ဂန်းနားတွေရဲ့ စိတ်ဓာတ်နဲ့ အရေးကြီးတဲ့ရမှတ်တွက် တိုက်ပွဲဝင်လိုစိတ်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမတိုင်ခင် အာဆင်နယ်နဲ့ပတ်သက်တဲ့သူတွေရဲ့ ပြောစကားကို နားထောင်ခဲ့မယ်ဆိုရင်တော့ ဂယ်ရီ နဗီးအနေနဲ့ ဂန်းနားတွေရဲ့ ကစားကွက်နဲ့ပတ်သက်ပြီး အံ့အားသင့်ခဲ့မှာမဟုတ်ပါဘူး။

“ရာသီ ဒီအချိန်မှာ စီးတီးလုပ်နိုင်စွမ်းနဲ့ပတ်သက်ပြီး ခင်ဗျား အရာအားလုံးကို လေးစားမှုရှိရမှာပါ။ သူတို့တွေက ကောင်းကောင်း မကစားနိုင်ဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့တွေ ရာသီ ဒီအချိန်ကို ဘယ်လိုသွားရမလဲဆိုတာကို သိတယ်။ အာဆင်နယ်ပဲ ဒီလိုအချိန်မှာ သူတို့ ကစားခဲ့တဲ့ပုံစံနဲ့ အစ်တီဟတ်မှာ ဘယ်လို ကစားသွားရမလဲဆိုတာကို ကြည့်ရမယ်။ ခင်ဗျား ပြောင်းလဲလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ အစ်တီဟတ်က ပွဲကို စောင့်မျှော်နေတယ်။ ယာဂန် ကလော့ပ်က အဲဒီမှာ တစ်ကြိမ် အနိုင်ရခဲ့ဖူးပြီး ပပ်လည်း အန်းဖီးမှာ အတူတူပါပဲ။ ဒီလိုနေရာတွေကို သွားကစားဖို့က အရမ်းခက်တယ်။ အာဆင်နယ်အနေနဲ့ အဲဒီကိုသွားပြီး မရှုံးအောင် ကစားဖို့က ကျန်တာတွေအားလုံးထက် ပိုပြီး အရေးကြီးပါတယ်။ မနိုင်ရင်တောင် မရှုံးဖို့ပါပဲ။ နိုင်ပွဲက ကျွန်တော်တို့ ရှေ့လာမယ့် ဘယ်အသင်းကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရစေမှာ သိသာပါတယ်။ ခင်ဗျား စီးတီးကိုသာ အနိုင်ယူနိုင်ရင် ကျန်တဲ့အသင်းတွေကိုလည်း အနိုင်ယူနိုင်သင့်ပါတယ်။ ဒါပေမယ့် ဒါက သူတို့တွေ ဖြတ်သန်းရမယ့် စိတ်ပိုင်းဆိုင်ရာ တခြားအဆင့်တစ်ခုသပ်သပ်ပါ။ ဒီပွဲမှာ အနိုင်ရရင် အရမ်းအံ့အားသင့်စရာကောင်းလာမှာဖြစ်ပေမယ့် မရှုံးဖို့က ပိုအရေးကြီးပါတယ်”လို့ အီယန် ရိုက်က ပွဲမတိုင်ခင်မှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဂယ္ရီ နဗီးဟာ တနဂၤေႏြေန႔ကမန္စီးတီးနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲစဥ္က ပထမပိုင္းအတြင္း အာဆင္နယ္ကစားပုံက ျပင္းထန္မႈ မရွိခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ပါတယ္။

ဒါေပမယ့္လည္း အီယန္ ႐ိုက္က မီေခးလ္ အာတီတာရဲ႕ အစီအမံက မွန္ကန္ခဲ့တယ္လို႔ ေျပာႏိုင္ဖို႔ အေၾကာင္းအရင္းေတြကို ေျပာျပခဲ့ၿပီး ဂန္းနားေတြဟာ ဇယားထိပ္ျပန္မတက္ႏိုင္ခဲ့ေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းကို အေဝးကြင္းမွာ ၇ ပြဲဆက္ရႈံးပြဲကို အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ အာဆင္နယ္နဲ႔ပြဲကို ခံစစ္ပိုင္း ေ႐ြးခ်ယ္စရာ မရွိဘဲ ကစားခဲ့ရတာျဖစ္ၿပီး အကီက ၂၅ မိနစ္မွာပဲ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရတာျဖစ္ပါတယ္။ နဗီးက ဧည့္သည္ေတြရဲ႕ နည္းဗ်ဴဟာနဲ႔ပတ္သက္ၿပီး သေဘာမက်ခဲ့ဘဲ “အာဆင္နယ္က ေနာက္မွာပဲ ထိုင္ေနၾကတယ္။ အာဆင္နယ္က ေနာက္တန္းကေန မထြက္ႏိုင္ဘူး။ သူတို႔ေတြ တကယ္ ဖိမကစားႏိုင္ဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

တကယ္လည္း ပြဲကစားခ်ိန္ အမ်ားစုမွာ အဲဒီအတိုင္းျဖစ္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ မန္စီးတီးရဲ႕ ရွင္းလင္းျပတ္သားတဲ့အခြင့္အေရးေတြကို ကန႔္သတ္ၿပီးေတာ့ တန္ျပန္တိုက္စစ္ကေနပဲ ထိုးေဖာက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာသီရဲ႕ ဒီလိုအခ်ိန္မွာ ႀကီးမားတဲ့ ဆုဖလားစိန္ေခၚသူေတြျဖစ္ေစခဲ့တဲ့ ဂိုးသြင္းေျခစြမ္းေကာင္းမ်ိဳး မျပသႏိုင္ခဲ့တာျဖစ္ၿပီး နဗီးက ပထမပိုင္းက ေျခစြမ္းကို ေဝဖန္ခဲ့ေပမယ့္ ဂန္းနားေတြရဲ႕ စိတ္ဓာတ္နဲ႔ အေရးႀကီးတဲ့ရမွတ္တြက္ တိုက္ပြဲဝင္လိုစိတ္ကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

ဒီပြဲမတိုင္ခင္ အာဆင္နယ္နဲ႔ပတ္သက္တဲ့သူေတြရဲ႕ ေျပာစကားကို နားေထာင္ခဲ့မယ္ဆိုရင္ေတာ့ ဂယ္ရီ နဗီးအေနနဲ႔ ဂန္းနားေတြရဲ႕ ကစားကြက္နဲ႔ပတ္သက္ၿပီး အံ့အားသင့္ခဲ့မွာမဟုတ္ပါဘူး။

“ရာသီ ဒီအခ်ိန္မွာ စီးတီးလုပ္ႏိုင္စြမ္းနဲ႔ပတ္သက္ၿပီး ခင္ဗ်ား အရာအားလုံးကို ေလးစားမႈရွိရမွာပါ။ သူတို႔ေတြက ေကာင္းေကာင္း မကစားႏိုင္ဘူးလို႔ ေျပာတာမဟုတ္ပါဘူး။ ဒါေပမယ့္ သူတို႔ေတြ ရာသီ ဒီအခ်ိန္ကို ဘယ္လိုသြားရမလဲဆိုတာကို သိတယ္။ အာဆင္နယ္ပဲ ဒီလိုအခ်ိန္မွာ သူတို႔ ကစားခဲ့တဲ့ပုံစံနဲ႔ အစ္တီဟတ္မွာ ဘယ္လို ကစားသြားရမလဲဆိုတာကို ၾကည့္ရမယ္။ ခင္ဗ်ား ေျပာင္းလဲလို႔မရႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔ အစ္တီဟတ္က ပြဲကို ေစာင့္ေမွ်ာ္ေနတယ္။ ယာဂန္ ကေလာ့ပ္က အဲဒီမွာ တစ္ႀကိမ္ အႏိုင္ရခဲ့ဖူးၿပီး ပပ္လည္း အန္းဖီးမွာ အတူတူပါပဲ။ ဒီလိုေနရာေတြကို သြားကစားဖို႔က အရမ္းခက္တယ္။ အာဆင္နယ္အေနနဲ႔ အဲဒီကိုသြားၿပီး မရႈံးေအာင္ ကစားဖို႔က က်န္တာေတြအားလုံးထက္ ပိုၿပီး အေရးႀကီးပါတယ္။ မႏိုင္ရင္ေတာင္ မရႈံးဖို႔ပါပဲ။ ႏိုင္ပြဲက ကြၽန္ေတာ္တို႔ ေရွ႕လာမယ့္ ဘယ္အသင္းကိုမဆို အႏိုင္ယူႏိုင္တယ္ဆိုတဲ့ ယုံၾကည္မႈရေစမွာ သိသာပါတယ္။ ခင္ဗ်ား စီးတီးကိုသာ အႏိုင္ယူႏိုင္ရင္ က်န္တဲ့အသင္းေတြကိုလည္း အႏိုင္ယူႏိုင္သင့္ပါတယ္။ ဒါေပမယ့္ ဒါက သူတို႔ေတြ ျဖတ္သန္းရမယ့္ စိတ္ပိုင္းဆိုင္ရာ တျခားအဆင့္တစ္ခုသပ္သပ္ပါ။ ဒီပြဲမွာ အႏိုင္ရရင္ အရမ္းအံ့အားသင့္စရာေကာင္းလာမွာျဖစ္ေပမယ့္ မရႈံးဖို႔က ပိုအေရးႀကီးပါတယ္”လို႔ အီယန္ ႐ိုက္က ပြဲမတိုင္ခင္မွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet