ဒီရာသီ မန်စီးတီးကို ဂန်းနားတွေ ဘာကြောင့်ကျော်ပြီး ဖလားရမလဲဆိုတာ ရှင်းပြခဲ့တဲ့ ဖာဘရီဂတ်စ်
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း ဖာဘရီဂတ်စ်က ဂန်းနားတွေဟာ အာတီတာလက်အောက်မှာ ဆက်လက်ကြီးထွားလာနေပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ မန်စီးတီးရဲ့ လွှမ်းမိုးနေမှုကို အဆုံးသတ်နိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်ကို ရာသီနောက်ဆုံးပွဲစဉ်မှာ ၂ မှတ်အသာနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ အနိုင်ယူခဲ့တာဖြစ်ပြီး အင်္ဂလိပ်ဘောလုံးသမိုင်းမှာ မကြုံစဖူး ၄ နှစ်ဆက် ချန်ပီယံတွေအဖြစ် စံချိန်သစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဒီရာသီမှာ ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်လာဖို့အတွက် ဆုံးဖြတ်ချက်ချထားပြီး ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်ပြီး ဆယ်စုနှစ် ၂ ခုကျော်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို အရယူသွားဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းနဲ့ ရင်ဆိုင်ရမှာက မလွယ်ကူဘူးဆိုတာကို သိရှိနေပြီး မန်ချက်စတာစီးတီးဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာယူနိုက်တက်ကို ကွန်မြူနတီဒိုင်းလုပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ရာသီသစ်ကို ဆုဖလားတစ်လုံးနဲ့ စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ ဒီနွေရာသီမှာ ဘရာဇီးလ်တောင်ပံကစားသမား ဆာဗင်ညိုကို ခေါ်ယူ အားဖြည့်ထားပြီး သတင်းတွေအရ ဒီအပတ်ထဲမှာ လီဗာပူးလ်တိုက်စစ်မှူး လူးဝစ္စ ဒီယက်ဇ်နဲ့လည်း သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဖာဘရီဂတ်စ်က ဒီနှစ်က နောက်ဆုံးမှာတော့ အာဆင်နယ်ရဲ့ နှစ်ဖြစ်လာတော့မှာဖြစ်ပြီး မန်ချက်စတာစီးတီးက လက်ရှိအခြေအနေကနေ ကျဆင်းသွားတာ ဒါမှမဟုတ် ဒီအတိုင်းပဲ ဆက်ရှိနေလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
“ကျွန်တော် အာတီတာကို သဘောကျတယ်။ ဘာလို့လဲဆိုတော့ သူက ဆာလောင်နေတဲ့ နည်းပြတစ်ယောက်၊ အရမ်းထက်မြက်တဲ့ကောင်လေး၊ ဉာဏ်ရည်ဉာဏ်သွေးကောင်းပြီး နည်းဗျူဟာပိုင်းလည်း အရမ်းတော်လို့ပါ။ သူ့နားမှာ ရှိတဲ့ နည်းပြအဖွဲ့ဝင်တွေကလည်း အရမ်းကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ ကျွန်တော် မန်စီးတီးနဲ့ အာဆင်နယ်တို့ကြားမှာ မြင်ရတဲ့ ကွာခြားချက်က အာဆင်နယ်က ငယ်ရွယ်တဲ့အသင်း၊ ဆာလောင်မှုအပြည့်နဲ့ ဆက်ပြီး ကြီးထွားလာနေတဲ့အသင်းကို ပိုင်ဆိုင်ထားတယ်။ သူတို့တွေက နှစ်တိုင်း ပိုပိုပြီး ကောင်းလာတာကို ခင်ဗျားလည်း တွေ့မှာပါ။ မန်စီးတီးကျတော့ သူတို့တွေ ဖလား ၃ လုံးတပြိုင်နက်ရယူနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ၄ နှစ်ဆက် ချန်ပီယံဖြစ်အောင် လုပ်နိုင်ခဲ့တာထက် ပိုကောင်းအောင် လုပ်နိုင်ဖို့ အရမ်းခက်ပါတယ်။ အဲဒီတော့ သူတို့တွေ လက်ရှိအခြေအနေကနေ ကျဆင်းသွားလိမ့်မယ်လို့ ကျွန်တော် မြင်တယ်။သူတို့တွေ ခုအနေအထားကနေ ယုတ်လျော့သွားမလား၊ ဒီတိုင်းပဲ ဆက်ရှိနေမလားပဲ ကြည့်ရမယ်။ ဒါက အာဆင်နယ် ဒီနှစ်ဖလားရမယ်လို့ ကျွန်တော့်ကို ခံစားမိစေတဲ့အရာပါ။ ကျွန်တော် ပွင့်ပွင့်လင်းလင်း ပြောရရင် မနှစ်တုန်းကလည်း အခုလိုပဲ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် မြင်တာက အာဆင်နယ်က ဆက်ဆက်ပြီး ကြီးထွားလာနေတယ်။ သူတို့တွေအတွက် ဒီနှစ်က ဖလားရမယ့်နှစ်ဖြစ်နိုင်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း ဖာဘရီဂတ္စ္က ဂန္းနားေတြဟာ အာတီတာလက္ေအာက္မွာ ဆက္လက္ႀကီးထြားလာေနၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ မန္စီးတီးရဲ႕ လႊမ္းမိုးေနမႈကို အဆုံးသတ္ႏိုင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္လိုက္ပါတယ္။
မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့ရာသီမွာ အာဆင္နယ္ကို ရာသီေနာက္ဆုံးပြဲစဥ္မွာ ၂ မွတ္အသာနဲ႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ အႏိုင္ယူခဲ့တာျဖစ္ၿပီး အဂၤလိပ္ေဘာလုံးသမိုင္းမွာ မႀကဳံစဖူး ၄ ႏွစ္ဆက္ ခ်န္ပီယံေတြအျဖစ္ စံခ်ိန္သစ္ေရးထိုးႏိုင္ခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ဒီရာသီမွာ ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္လာဖို႔အတြက္ ဆုံးျဖတ္ခ်က္ခ်ထားၿပီး ကစားသမားသစ္ေခၚယူမႈေတြ ျပဳလုပ္ၿပီး ဆယ္စုႏွစ္ ၂ ခုေက်ာ္ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို အရယူသြားဖို႔ ရည္မွန္းထားတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ရင္ဆိုင္ရမွာက မလြယ္ကူဘူးဆိုတာကို သိရွိေနၿပီး မန္ခ်က္စတာစီးတီးဟာ ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာယူႏိုက္တက္ကို ကြန္ျမဴနတီဒိုင္းလုပြဲမွာ ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ယူၿပီး ရာသီသစ္ကို ဆုဖလားတစ္လုံးနဲ႔ စတင္ႏိုင္ခဲ့တာျဖစ္ပါတယ္။
မန္စီးတီးဟာ ဒီေႏြရာသီမွာ ဘရာဇီးလ္ေတာင္ပံကစားသမား ဆာဗင္ညိဳကို ေခၚယူ အားျဖည့္ထားၿပီး သတင္းေတြအရ ဒီအပတ္ထဲမွာ လီဗာပူးလ္တိုက္စစ္မႉး လူးဝစၥ ဒီယက္ဇ္နဲ႔လည္း သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ဖာဘရီဂတ္စ္က ဒီႏွစ္က ေနာက္ဆုံးမွာေတာ့ အာဆင္နယ္ရဲ႕ ႏွစ္ျဖစ္လာေတာ့မွာျဖစ္ၿပီး မန္ခ်က္စတာစီးတီးက လက္ရွိအေျခအေနကေန က်ဆင္းသြားတာ ဒါမွမဟုတ္ ဒီအတိုင္းပဲ ဆက္ရွိေနလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
“ကြၽန္ေတာ္ အာတီတာကို သေဘာက်တယ္။ ဘာလို႔လဲဆိုေတာ့ သူက ဆာေလာင္ေနတဲ့ နည္းျပတစ္ေယာက္၊ အရမ္းထက္ျမက္တဲ့ေကာင္ေလး၊ ဉာဏ္ရည္ဉာဏ္ေသြးေကာင္းၿပီး နည္းဗ်ဴဟာပိုင္းလည္း အရမ္းေတာ္လို႔ပါ။ သူ႔နားမွာ ရွိတဲ့ နည္းျပအဖြဲ႕ဝင္ေတြကလည္း အရမ္းေကာင္းေကာင္း အလုပ္လုပ္ႏိုင္ပါတယ္။ ကြၽန္ေတာ္ မန္စီးတီးနဲ႔ အာဆင္နယ္တို႔ၾကားမွာ ျမင္ရတဲ့ ကြာျခားခ်က္က အာဆင္နယ္က ငယ္႐ြယ္တဲ့အသင္း၊ ဆာေလာင္မႈအျပည့္နဲ႔ ဆက္ၿပီး ႀကီးထြားလာေနတဲ့အသင္းကို ပိုင္ဆိုင္ထားတယ္။ သူတို႔ေတြက ႏွစ္တိုင္း ပိုပိုၿပီး ေကာင္းလာတာကို ခင္ဗ်ားလည္း ေတြ႕မွာပါ။ မန္စီးတီးက်ေတာ့ သူတို႔ေတြ ဖလား ၃ လုံးတၿပိဳင္နက္ရယူႏိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ၄ ႏွစ္ဆက္ ခ်န္ပီယံျဖစ္ေအာင္ လုပ္ႏိုင္ခဲ့တာထက္ ပိုေကာင္းေအာင္ လုပ္ႏိုင္ဖို႔ အရမ္းခက္ပါတယ္။ အဲဒီေတာ့ သူတို႔ေတြ လက္ရွိအေျခအေနကေန က်ဆင္းသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ျမင္တယ္။သူတို႔ေတြ ခုအေနအထားကေန ယုတ္ေလ်ာ့သြားမလား၊ ဒီတိုင္းပဲ ဆက္ရွိေနမလားပဲ ၾကည့္ရမယ္။ ဒါက အာဆင္နယ္ ဒီႏွစ္ဖလားရမယ္လို႔ ကြၽန္ေတာ့္ကို ခံစားမိေစတဲ့အရာပါ။ ကြၽန္ေတာ္ ပြင့္ပြင့္လင္းလင္း ေျပာရရင္ မႏွစ္တုန္းကလည္း အခုလိုပဲ ကြၽန္ေတာ္ ေျပာခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ျမင္တာက အာဆင္နယ္က ဆက္ဆက္ၿပီး ႀကီးထြားလာေနတယ္။ သူတို႔ေတြအတြက္ ဒီႏွစ္က ဖလားရမယ့္ႏွစ္ျဖစ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ ခံစားမိပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News