ဒီရာသီမှာ အထူးချွန်ဆုံးဖြစ်နေတဲ့ ဂန်းနားကြယ်ပွင့်ကို သတိပေးလိုက်တဲ့ ပေါလ် မာဆန် 1024 504 coyg

ဒီရာသီမှာ အထူးချွန်ဆုံးဖြစ်နေတဲ့ ဂန်းနားကြယ်ပွင့်ကို သတိပေးလိုက်တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်ဟာ စနေနေ့ ရှက်ဖီးယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် ဘူကာယို ဆာကာကို ကြီးမားတဲ့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

ဆာကာဟာ ပြီးခဲ့တဲ့အပတ်က ချဲလ်ဆီးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပေမယ့်လည်း ခြေစွမ်းပိုင်းက အကောင်းဆုံးအခြေအနေမှာရှိမနေခဲ့ဘဲ ချဲလ်ဆီး နောက်ခံလူ ကူကူရယ်လာကို ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမား အာဆင်နယ်ရဲ့ အရေးအပါဆုံးကစားသမားဖြစ်ပြီး ယခုရာသီ ပရီးမီးယားလိဂ် ၈ ပွဲမှာ သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်သာ ယခုရာသီ နောက်ထပ်တစ်ကြိမ် ဆုဖလားစိန်ခေါ်ချင်တယ်ဆိုရင် ဆာကာရဲ့ခြေစွမ်းက အဓိကကျလာမှာဖြစ်ပြီး ဂန်းနားဂန္တဝင် ပေါလ် မာဆန်က အင်္ဂလန်ကြယ်ပွင့်ကို အဖြေနဲ့အတူ ထွက်ပေါ်လာဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

“ဘူကာယို ဆာကာက ပရီးမီးယားလိဂ်မှာ အကြီးမားဆုံး နိုင်ပွဲရယူပေးနိုင်သူတွေထဲက တစ်ဦးအဖြစ် ဂုဏ်သတင်းကို ရရှိခဲ့ပါတယ်။ အဲဒီတော့ အသင်းတွေက သူ့ကို စပြီး အလေးထားလာမှာပါ။ သူ အဖြေနဲ့အတူ ထွက်ပေါ်လာရမှာပါ။ ကူကူရယ်လာက ဟိုနေ့က သူ့ကို တစ်ပွဲလုံး ကပ်ထားခဲ့တယ်။ ဆာကာက ပြိုင်ဘက်နည်းပြတွေ သူတို့အသင်းသားတွေနဲ့ စကားပြောတဲ့အခါမှာ အလေးထားပြောကြမှာပါ။ သူတို့တွေ သူ့ကို နှစ်ထပ်တောင် ကပ်ထားနိုင်ပါတယ်။ သူ့အသင်းအတွက် အရာအားလုံးကို ဖြစ်လာအောင် လုပ်ပေးဖို့ အဖြေကို ရှာတွေ့ဖို့ကတော့ သူ့အပေါ်ပဲ မူတည်ပါတယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ ဒါရင်း ဘန့်တ်က အာတီတာဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဒဏ်ရာအရှင်းမပျောက်သေးတဲ့ ဆာကာကို ရွေးချယ်ခဲ့တာက အမှားအယွင်းပြုလုပ်ခဲ့တာလို့ ယုံကြည်နေပါတယ်။

“အာတီတာက သူ့ရဲ့အသင်းကို ရွေးချယ်တဲ့ပုံစံနဲ့ပတ်သက်ပြီး နည်းနည်း ဘဝင်မြင့်ခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့တဲ့အချိန်တွေရှိပါတယ်။ ကျွန်တော် ပြောချင်တာက မာတီနယ်လီက ချဲလ်ဆီးနဲ့ပွဲမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ပုံပေါ်တယ်လို့ မထင်ပါဘူး။ ဆာကာလည်း အတူတူပါပဲ။ သူတို့တွေ ဒဏ်ရာရှိနေသေးလား ကျွန်တော် မသိပါဘူး။ ဒါပေမယ့် သူတို့တွေ ဘောလုံးရတဲ့အချိန်မှာ ပုံမှန်လုပ်ပြနေကျပုံစံမျိုးတော့ ဟုတ်ပုံမပေါ်ခဲ့ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ေပါလ္ မာဆန္ဟာ စေနေန႔ ရွက္ဖီးယူႏိုက္တက္နဲ႔ ရင္ဆိုင္ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္မတိုင္ခင္ ဘူကာယို ဆာကာကို ႀကီးမားတဲ့ သတိေပးစကား ေျပာၾကားခဲ့ပါတယ္။

ဆာကာဟာ ၿပီးခဲ့တဲ့အပတ္က ခ်ဲလ္ဆီးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့သူျဖစ္ေပမယ့္လည္း ေျခစြမ္းပိုင္းက အေကာင္းဆုံးအေျခအေနမွာရွိမေနခဲ့ဘဲ ခ်ဲလ္ဆီး ေနာက္ခံလူ ကူကူရယ္လာကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား အာဆင္နယ္ရဲ႕ အေရးအပါဆုံးကစားသမားျဖစ္ၿပီး ယခုရာသီ ပရီးမီးယားလိဂ္ ၈ ပြဲမွာ သြင္းဂိုး ၄ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃ ႀကိမ္အထိ ျပဳလုပ္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္သာ ယခုရာသီ ေနာက္ထပ္တစ္ႀကိမ္ ဆုဖလားစိန္ေခၚခ်င္တယ္ဆိုရင္ ဆာကာရဲ႕ေျခစြမ္းက အဓိကက်လာမွာျဖစ္ၿပီး ဂန္းနားဂႏၲဝင္ ေပါလ္ မာဆန္က အဂၤလန္ၾကယ္ပြင့္ကို အေျဖနဲ႔အတူ ထြက္ေပၚလာဖို႔ ေတာင္းဆိုခဲ့တာျဖစ္ပါတယ္။

“ဘူကာယို ဆာကာက ပရီးမီးယားလိဂ္မွာ အႀကီးမားဆုံး ႏိုင္ပြဲရယူေပးႏိုင္သူေတြထဲက တစ္ဦးအျဖစ္ ဂုဏ္သတင္းကို ရရွိခဲ့ပါတယ္။ အဲဒီေတာ့ အသင္းေတြက သူ႔ကို စၿပီး အေလးထားလာမွာပါ။ သူ အေျဖနဲ႔အတူ ထြက္ေပၚလာရမွာပါ။ ကူကူရယ္လာက ဟိုေန႔က သူ႔ကို တစ္ပြဲလုံး ကပ္ထားခဲ့တယ္။ ဆာကာက ၿပိဳင္ဘက္နည္းျပေတြ သူတို႔အသင္းသားေတြနဲ႔ စကားေျပာတဲ့အခါမွာ အေလးထားေျပာၾကမွာပါ။ သူတို႔ေတြ သူ႔ကို ႏွစ္ထပ္ေတာင္ ကပ္ထားႏိုင္ပါတယ္။ သူ႔အသင္းအတြက္ အရာအားလုံးကို ျဖစ္လာေအာင္ လုပ္ေပးဖို႔ အေျဖကို ရွာေတြ႕ဖို႔ကေတာ့ သူ႔အေပၚပဲ မူတည္ပါတယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

တစ္ဆက္တည္းမွာပဲ ဒါရင္း ဘန႔္တ္က အာတီတာဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဒဏ္ရာအရွင္းမေပ်ာက္ေသးတဲ့ ဆာကာကို ေ႐ြးခ်ယ္ခဲ့တာက အမွားအယြင္းျပဳလုပ္ခဲ့တာလို႔ ယုံၾကည္ေနပါတယ္။

“အာတီတာက သူ႔ရဲ႕အသင္းကို ေ႐ြးခ်ယ္တဲ့ပုံစံနဲ႔ပတ္သက္ၿပီး နည္းနည္း ဘဝင္ျမင့္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ခဲ့တဲ့အခ်ိန္ေတြရွိပါတယ္။ ကြၽန္ေတာ္ ေျပာခ်င္တာက မာတီနယ္လီက ခ်ဲလ္ဆီးနဲ႔ပြဲမွာ ႀကံ့ခိုင္မႈ ျပည့္ဝတဲ့ပုံေပၚတယ္လို႔ မထင္ပါဘူး။ ဆာကာလည္း အတူတူပါပဲ။ သူတို႔ေတြ ဒဏ္ရာရွိေနေသးလား ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ သူတို႔ေတြ ေဘာလုံးရတဲ့အခ်ိန္မွာ ပုံမွန္လုပ္ျပေနက်ပုံစံမ်ိဳးေတာ့ ဟုတ္ပုံမေပၚခဲ့ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet