ဒီကလန် ရိုက်က ပွဲစဉ်ထဲမှာ ဘာတွေတိုးတက်လာလဲဆိုတာ ရှင်းပြခဲ့တဲ့ ဘောလုံးဝေဖန်သူ 960 640 coyg

ဒီကလန် ရိုက်က ပွဲစဉ်ထဲမှာ ဘာတွေတိုးတက်လာလဲဆိုတာ ရှင်းပြခဲ့တဲ့ ဘောလုံးဝေဖန်သူ

ဘောလုံးဝေဖန်သူ ဂ့ါသ် ခရွတ်စ်က ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက တိုးတက်လာခဲ့တဲ့ပုံစံအတွက် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟာ ဝက်စ်ဟမ်းအတွက် ကစားပေးခဲ့တဲ့အချိန်ကတည်းက ကြီးကြီးမားမား အထင်ကြီးစရာကောင်းတဲ့စွမ်းဆောင်ရည်ကို ပြသနိုင်သူဖြစ်ခဲ့ပြီးသားဖြစ်ပေမယ့်လည်း ခရွတ်စ်က အမ်းမရိတ်စ်ကို ရောက်လာပြီးနောက်ပိုင်းမှာ တကယ့်ခေါင်းဆောင်မှုအရည်အချင်းရှိလာပုံပေါ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ အာဆင်နယ်အတွက် ကြီးကြီးမားမား အထင်ကြီးစရာ စွမ်းဆောင်ရည်ပြသနေခဲ့တဲ့ကစားသမားဆိုတာ သံသယဖြစ်စရာ မရှိဘဲ အခုအချိန်မှာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းအတွက် အာဆင်နယ်ပေးခဲ့ရတဲ့ ကြီးမားတဲ့ပြောင်းရွှေ့ကြေးဟာ စကားထဲ ထည့်ပြောစရာမလိုလောက်အောင် တန်ခဲ့ပြီဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ စနေနေ့က အန်းဖီးမှာ လီဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ နောက်ထပ်တစ်ကြိမ် အားကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ပွဲအပြီးမှာ လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က သဘောကျနှစ်ခြိုက်စွာနဲ့ ပွေ့ဖက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ခရွတ်စ်ကလည်း အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဆီကနေ မြင်တွေ့ခဲ့ရတဲ့အရာတွေအတွက် အထင်ကြီးခဲ့တဲ့သူတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပြီး BBC Sport အတွက် ရေးသားခဲ့တဲ့ ကော်လံထဲမှာ ဒီကလန် ရိုက်ဟာ အာဆင်နယ်ကို ရောက်လာပြီးကတည်းက ပိုလို့တောင် တိုးတက်လာတယ်လို့ ဝန်ခံခဲ့သလို အာတီတာရဲ့ ပရီးမီးယားလိဂ်ဖလားခရီးစဉ်အတွက် အဓိကကစားသမားဖြစ်လာလိမ့်မယ်လို့ ချီးကျူးခဲ့တာဖြစ်ပါတယ်။

“ဒီကလန် ရိုက်ဟာ ဝက်စ်ဟမ်းအတွက် ကစားပေးခဲ့တဲ့အချိန်တုန်းကတည်းက အထင်ကြီးစရာကောင်းခဲ့ပေမယ့် သူက အခု သူ့ရဲ့ ပွဲစဉ်ထဲကို တကယ့် လုပ်ပိုင်ခွင့်အာဏာ ထပ်ဖြည့်စွက်နိုင်ခဲ့ပြီ။ အဲဒါက ခန့်မှန်းလို့မရဘဲ တစ်ခါတလေ ထဖောက်တတ်တဲ့ ချာကာနဲ့ သူ့ရဲ့ ယုံကြည်စိတ်ချရမှုကြား ကွဲပြားခြားနားမှုဆိုတာ အာဆင်နယ်ဆုဖလားအနိုင်ရအောင် ကူညီပေးပြီး သက်သေပြသနိုင်ပါလိမ့်မယ်။ ဘယ်သူက ပိုပြီးတော့ သဘောကျစရာကောင်းလဲဆိုတာ ကျွန်တော် သိတယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ေဘာလုံးေဝဖန္သူ ဂ့ါသ္ ခ႐ြတ္စ္က ၿပီးခဲ့တဲ့ေႏြရာသီမွာ ဝက္စ္ဟမ္းကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက တိုးတက္လာခဲ့တဲ့ပုံစံအတြက္ ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္လူဟာ ဝက္စ္ဟမ္းအတြက္ ကစားေပးခဲ့တဲ့အခ်ိန္ကတည္းက ႀကီးႀကီးမားမား အထင္ႀကီးစရာေကာင္းတဲ့စြမ္းေဆာင္ရည္ကို ျပသႏိုင္သူျဖစ္ခဲ့ၿပီးသားျဖစ္ေပမယ့္လည္း ခ႐ြတ္စ္က အမ္းမရိတ္စ္ကို ေရာက္လာၿပီးေနာက္ပိုင္းမွာ တကယ့္ေခါင္းေဆာင္မႈအရည္အခ်င္းရွိလာပုံေပၚတယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ အာဆင္နယ္အတြက္ ႀကီးႀကီးမားမား အထင္ႀကီးစရာ စြမ္းေဆာင္ရည္ျပသေနခဲ့တဲ့ကစားသမားဆိုတာ သံသယျဖစ္စရာ မရွိဘဲ အခုအခ်ိန္မွာ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္းအတြက္ အာဆင္နယ္ေပးခဲ့ရတဲ့ ႀကီးမားတဲ့ေျပာင္းေ႐ႊ႕ေၾကးဟာ စကားထဲ ထည့္ေျပာစရာမလိုေလာက္ေအာင္ တန္ခဲ့ၿပီျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ စေနေန႔က အန္းဖီးမွာ လီဗာပူးလ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ ေနာက္ထပ္တစ္ႀကိမ္ အားေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ခဲ့ၿပီး ပြဲအၿပီးမွာ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က သေဘာက်ႏွစ္ၿခိဳက္စြာနဲ႔ ေပြ႕ဖက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ခ႐ြတ္စ္ကလည္း အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဆီကေန ျမင္ေတြ႕ခဲ့ရတဲ့အရာေတြအတြက္ အထင္ႀကီးခဲ့တဲ့သူေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ၿပီး BBC Sport အတြက္ ေရးသားခဲ့တဲ့ ေကာ္လံထဲမွာ ဒီကလန္ ႐ိုက္ဟာ အာဆင္နယ္ကို ေရာက္လာၿပီးကတည္းက ပိုလို႔ေတာင္ တိုးတက္လာတယ္လို႔ ဝန္ခံခဲ့သလို အာတီတာရဲ႕ ပရီးမီးယားလိဂ္ဖလားခရီးစဥ္အတြက္ အဓိကကစားသမားျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။

“ဒီကလန္ ႐ိုက္ဟာ ဝက္စ္ဟမ္းအတြက္ ကစားေပးခဲ့တဲ့အခ်ိန္တုန္းကတည္းက အထင္ႀကီးစရာေကာင္းခဲ့ေပမယ့္ သူက အခု သူ႔ရဲ႕ ပြဲစဥ္ထဲကို တကယ့္ လုပ္ပိုင္ခြင့္အာဏာ ထပ္ျဖည့္စြက္ႏိုင္ခဲ့ၿပီ။ အဲဒါက ခန႔္မွန္းလို႔မရဘဲ တစ္ခါတေလ ထေဖာက္တတ္တဲ့ ခ်ာကာနဲ႔ သူ႔ရဲ႕ ယုံၾကည္စိတ္ခ်ရမႈၾကား ကြဲျပားျခားနားမႈဆိုတာ အာဆင္နယ္ဆုဖလားအႏိုင္ရေအာင္ ကူညီေပးၿပီး သက္ေသျပသႏိုင္ပါလိမ့္မယ္။ ဘယ္သူက ပိုၿပီးေတာ့ သေဘာက်စရာေကာင္းလဲဆိုတာ ကြၽန္ေတာ္ သိတယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet