ဒီကလန် ရိုက်က ကျွန်တော့် ဘယ်ခြေတစ်ဖက်လောက်တောင် မတန်ဘူးဆိုတဲ့ ကိုင်ဆေဒို 1024 504 coyg

ဒီကလန် ရိုက်က ကျွန်တော့် ဘယ်ခြေတစ်ဖက်လောက်တောင် မတန်ဘူးဆိုတဲ့ ကိုင်ဆေဒို

အာဆင်နယ်ပရိသတ်တွေက ဒီကလန် ရိုက်နဲ့ နှိုင်းယှဉ်နေမှုကို ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုက နောက်ဆုံးမှာတော့ တုံ့ပြန်လိုက်ပြီဖြစ်ပြီး ဂန်းနားကြယ်ပွင့်က ၎င်းရဲ့ဘယ်ခြေတစ်ဖက်လောက်တောင် တန်ကြေးမရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပေါလ် မာဆန်ကလည်း ဘရိုက်တန်ကနေ ပေါင်သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူခဲ့တဲ့ မွိုက်စ် ကိုင်ဆေဒိုထက် ဒီကလန် ရိုက်က ပိုမိုတောက်ခဲ့တဲ့အကြောင်းကို ဆွေးနွေးခဲ့ပြီး ချဲလ်ဆီးဟာ အပြောင်းအရွှေ့စျေးကွက် နောက်ဆုံး ၃ ခုမှာ ပေါင် ၁ ဘီလီယံကျော်သုံးစွဲခဲ့ပေမယ့် ထင်သလောက် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။

ပေါလ် မာဆန်က ချဲလ်ဆီးရဲ့ နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲစဉ်နဲ့ ဒီကလန် ရိုက်က ကိုင်ဆေဒိုထက် ပိုမိုတောက်ပခဲ့တယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး အီကွေဒေါကွင်းလယ်ကြယ်ပွင့်က နှိုင်းယှဉ်ဝေဖန်ခံနေရမှုတွေကို “ဒီကလန် ရိုက်ရဲ့ တန်ကြေးက ကျွန်တော့် ဘယ်ခြေနဲ့တောင် နှိုင်းယှဉ်လို့မရဘူး။ သူ့ဖင်ဟောင်းလောင်းဖြစ်နေတာကို ဖုံးကွယ်ပေးထားတဲ့ အော်ဒီဂွါဒ်ရှိနေတာကြောင့်သာ ကစားနေနိုင်တာပါ”လို့ တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင်နယ်ပရိသတ်တွေက ဒီကလန် ရိုက်နဲ့ နှိုင်းယှဉ်နေမှုကို ချဲလ်ဆီးကွင်းလယ်ကြယ်ပွင့် မွိုက်စ် ကိုင်ဆေဒိုက နောက်ဆုံးမှာတော့ တုံ့ပြန်လိုက်ပြီဖြစ်ပြီး ဂန်းနားကြယ်ပွင့်က ၎င်းရဲ့ဘယ်ခြေတစ်ဖက်လောက်တောင် တန်ကြေးမရှိဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပေါလ် မာဆန်ကလည်း ဘရိုက်တန်ကနေ ပေါင်သန်း ၁၀၀ ကျော်နဲ့ ခေါ်ယူခဲ့တဲ့ မွိုက်စ် ကိုင်ဆေဒိုထက် ဒီကလန် ရိုက်က ပိုမိုတောက်ခဲ့တဲ့အကြောင်းကို ဆွေးနွေးခဲ့ပြီး ချဲလ်ဆီးဟာ အပြောင်းအရွှေ့ဈေးကွက် နောက်ဆုံး ၃ ခုမှာ ပေါင် ၁ ဘီလီယံကျော်သုံးစွဲခဲ့ပေမယ့် ထင်သလောက် ဖြစ်မလာခဲ့တာဖြစ်ပါတယ်။


Arsenal Myanmar

Ref: Internet