ဒဏ်ရာရကြယ်ပွင့် ၂ ဦးပြန်လာခဲ့ပြီး စီးတီးနဲ့ပွဲမှာ ဂန်းနားတို့ ပွဲထွက်လာနိုင်တဲ့ အခင်းအကျင်း
အာဆင်နယ်ဟာ ယနေ့ည အစ်တီဟတ်ကွင်းကို သွားရောက်ပြီး မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲအတွက် အဆုံးအဖြတ် ဖြစ်လာမယ့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။
ဂန်းနားတွေဟာ လက်ရှိမှာ ပရီးမီးယားလိဂ် ၈ ပွဲဆက်နိုင်ပွဲစံချိန်ကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ မန်စီးတီးနဲ့ ၁ မှတ်အကွာ၊ လီဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ရပ်တည်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီနေ့ည ၂၀၁၅ ခုနှစ် ဇန်နဝါရီကတည်းက အနိုင်မရခဲ့တဲ့ အစ်တီဟတ်မှာ ဆုဖလဖားစိန်ခေါ်နိုင်စွမ်းကို အစမ်းသပ်ခံရတော့မှာဖြစ်ပြီး ဒီပွဲမတိုင်ခင်မှာ ဒဏ်ရာပြဿနာအချို့ရှိခဲ့တဲ့ ဂန်းနားတွေအနေနဲ့ ဘယ်လိုမျိုး ပွဲထွက်လာနိုင်မလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ကစားကွက်- ၄-၂-၃-၁
ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း
ဂိုးပေါက်မှာ ဒီရာသီအဓိကပွဲတွေမှာ ပထမဦးစားပေးရွေးချယ်မှုဖြစ်တဲ့ ဒေးဗစ် ရာယာကိုပဲ မြင်တွေ့ရမှာဖြစ်ပြီး စပိန်ဂိုးသမားဟာ ပေါ်တိုနဲ့ပွဲမှာ ပင်နယ်တီ ၂ လုံးကာကွယ်ပြီး သူရဲကောင်းဖြစ်ခဲ့တာပါ။
ခံစစ်မှာတော့ ဘန် ဝှိုက်နဲ့ ခီဗီယောတို့က တောင်ပံ ၂ ဖက်မှာ ပွဲထွက်လာမှာဖြစ်ပြီး ဇင်ချန်ကိုက ဒဏ်ရာရပြီးနောက် ပုံမှန်ခြေစွမ်းပြန်ရဖို့ လုပ်ဆောင်နေရဆဲဖြစ်တာကြောင့် ပိုမိုကောင်းမွန်တဲ့ ခံစစ်ပိုင်းကို အာရုံစိုက်ဖို့ ပိုလန်နောက်ခံလူကိုပဲ အာတီတာက အသုံးပြုသွားမှာပါ။
ဗဟိုခံစစ်မှာ ဆာလီဘာနဲ့ ဂါဘရီယဲလ် မာဂါလိုင်စ်တို့ရဲ့ ကျစ်လစ်တဲ့ ခံစစ်အတွဲကို မြင်တွေ့ရမှာဖြစ်ပြီး အာတီတာက ခံစစ်ကို ပိုပြီး လုံခြုံစိတ်ချရအောင် ဂျော်ဂျင်ညိုနဲ့ ရိုက်ကို ခံစစ်တန်းအရှေ့မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။
ဒီကွင်းလယ်ခံစစ် ၂ ဦးအတွဲဟာ ဖေဖော်ဝါရီလက လီဗာပူးလ်ကွင်းလယ်နဲ့ ရင်ဆိုင်ရာမှာ အကျိုးသက်ရောက်မှုရှိရှိနဲ့ အစွမ်းပြနိုင်ခဲ့ပြီး တိုက်စစ်မှာ ကိုင် ဟာဗတ်ဇ်က ကျောနံပါတ် ၉အဖြစ်နဲ့ ပွဲထွက်လာမှာပါ။
ဂျာမန်ကြယ်ပွင့်ဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ် ၄ ပွဲစလုံးမှာ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကြောက်မက်ဖွယ် ကြံ့ခိုင်မှုမှတ်တမ်းတွေရှိနေတဲ့ ဆာကာအနေနဲ့ အသေးစားတံကောက်ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး ညာတောင်ပံမှာ ပွဲထွက်လာမှာပါ။
ဘယ်တောင်ပံမှာတော့ ပေါ်တိုနဲ့ပွဲမှာ အရေးကြီးတဲ့သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ ထရော့ဆာ့ဒ်အစား ဂါဘရီယဲလ် ဂျေးဇုကို အသုံးပြုသွားဖွယ်ရှိပြီး ဘရာဇီးလ်ကြယ်ပွင့်ဟာ မန်စီးတီးတုန်းက ကစားနေကျဖြစ်တဲ့ တောင်ပံတိုက်စစ်မှာ ကစားပေးနိုင်ဖို့ မြန်နှုန်း၊ အလိမ်အခေါက်စွမ်းရည်တွေကို ပိုင်ဆိုင်ထားပါတယ်။
ဂါဘရီယဲလ် မာတီနယ်လီကတော့ ခြေထောက်ဒဏ်ရာကြောင့် လေ့ကျင့်ရေးတောင် မဆင်းနိုင်သေးတာကြောင့် လူစာရင်းထဲ ပါလာဖို့တောင် မသေချာဘဲ အရင်ပွဲတုန်းက အရန်ခုံမှာ ပါလာခဲ့ရင်တောင် လူစာရင်းထဲပါနိုင်ဖို့ မျှော်လင့်လို့ရဦးမှာပါ။
ဘရာဇီးလ်တိုက်စစ်မှူးဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ အမ်းမရိတ်စ်ကပွဲမှာ ၈၆ မိနစ်မှာ အနိုင်ဂိုး သွင်းယူပေးဖို့ လူစားဝင်ကစားပေးခဲ့သူဖြစ်ပြီး အဲဒီနိုင်ပွဲဟာ ဂွါဒီယိုလာရဲ့အသင်းနဲ့ ၁၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ ယေန႔ည အစ္တီဟတ္ကြင္းကို သြားေရာက္ၿပီး မန္ခ်က္စတာစီးတီးနဲ႔ ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲအတြက္ အဆုံးအျဖတ္ ျဖစ္လာမယ့္ပြဲစဥ္ကို ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ပါတယ္။
ဂန္းနားေတြဟာ လက္ရွိမွာ ပရီးမီးယားလိဂ္ ၈ ပြဲဆက္ႏိုင္ပြဲစံခ်ိန္ကို ပိုင္ဆိုင္ထားတဲ့ အသင္းျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ မန္စီးတီးနဲ႔ ၁ မွတ္အကြာ၊ လီဗာပူးလ္နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ ရပ္တည္ေနတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဒီေန႔ည ၂၀၁၅ ခုႏွစ္ ဇန္နဝါရီကတည္းက အႏိုင္မရခဲ့တဲ့ အစ္တီဟတ္မွာ ဆုဖလဖားစိန္ေခၚႏိုင္စြမ္းကို အစမ္းသပ္ခံရေတာ့မွာျဖစ္ၿပီး ဒီပြဲမတိုင္ခင္မွာ ဒဏ္ရာျပႆနာအခ်ိဳ႕ရွိခဲ့တဲ့ ဂန္းနားေတြအေနနဲ႔ ဘယ္လိုမ်ိဳး ပြဲထြက္လာႏိုင္မလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္။
ကစားကြက္- ၄-၂-၃-၁
ျဖစ္ႏိုင္ဖြယ္ပြဲထြက္လူစာရင္း
ဂိုးေပါက္မွာ ဒီရာသီအဓိကပြဲေတြမွာ ပထမဦးစားေပးေ႐ြးခ်ယ္မႈျဖစ္တဲ့ ေဒးဗစ္ ရာယာကိုပဲ ျမင္ေတြ႕ရမွာျဖစ္ၿပီး စပိန္ဂိုးသမားဟာ ေပၚတိုနဲ႔ပြဲမွာ ပင္နယ္တီ ၂ လုံးကာကြယ္ၿပီး သူရဲေကာင္းျဖစ္ခဲ့တာပါ။
ခံစစ္မွာေတာ့ ဘန္ ဝႈိက္နဲ႔ ခီဗီေယာတို႔က ေတာင္ပံ ၂ ဖက္မွာ ပြဲထြက္လာမွာျဖစ္ၿပီး ဇင္ခ်န္ကိုက ဒဏ္ရာရၿပီးေနာက္ ပုံမွန္ေျခစြမ္းျပန္ရဖို႔ လုပ္ေဆာင္ေနရဆဲျဖစ္တာေၾကာင့္ ပိုမိုေကာင္းမြန္တဲ့ ခံစစ္ပိုင္းကို အာ႐ုံစိုက္ဖို႔ ပိုလန္ေနာက္ခံလူကိုပဲ အာတီတာက အသုံးျပဳသြားမွာပါ။
ဗဟိုခံစစ္မွာ ဆာလီဘာနဲ႔ ဂါဘရီယဲလ္ မာဂါလိုင္စ္တို႔ရဲ႕ က်စ္လစ္တဲ့ ခံစစ္အတြဲကို ျမင္ေတြ႕ရမွာျဖစ္ၿပီး အာတီတာက ခံစစ္ကို ပိုၿပီး လုံၿခဳံစိတ္ခ်ရေအာင္ ေဂ်ာ္ဂ်င္ညိဳနဲ႔ ႐ိုက္ကို ခံစစ္တန္းအေရွ႕မွာ အသုံးျပဳသြားမွာျဖစ္ပါတယ္။
ဒီကြင္းလယ္ခံစစ္ ၂ ဦးအတြဲဟာ ေဖေဖာ္ဝါရီလက လီဗာပူးလ္ကြင္းလယ္နဲ႔ ရင္ဆိုင္ရာမွာ အက်ိဳးသက္ေရာက္မႈရွိရွိနဲ႔ အစြမ္းျပႏိုင္ခဲ့ၿပီး တိုက္စစ္မွာ ကိုင္ ဟာဗတ္ဇ္က ေက်ာနံပါတ္ ၉အျဖစ္နဲ႔ ပြဲထြက္လာမွာပါ။
ဂ်ာမန္ၾကယ္ပြင့္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ လိဂ္ ၄ ပြဲစလုံးမွာ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေၾကာက္မက္ဖြယ္ ႀကံ့ခိုင္မႈမွတ္တမ္းေတြရွိေနတဲ့ ဆာကာအေနနဲ႔ အေသးစားတံေကာက္ေၾကာဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး ညာေတာင္ပံမွာ ပြဲထြက္လာမွာပါ။
ဘယ္ေတာင္ပံမွာေတာ့ ေပၚတိုနဲ႔ပြဲမွာ အေရးႀကီးတဲ့သြင္းဂိုးကို သြင္းယူေပးႏိုင္ခဲ့တဲ့ ထေရာ့ဆာ့ဒ္အစား ဂါဘရီယဲလ္ ေဂ်းဇုကို အသုံးျပဳသြားဖြယ္ရွိၿပီး ဘရာဇီးလ္ၾကယ္ပြင့္ဟာ မန္စီးတီးတုန္းက ကစားေနက်ျဖစ္တဲ့ ေတာင္ပံတိုက္စစ္မွာ ကစားေပးႏိုင္ဖို႔ ျမန္ႏႈန္း၊ အလိမ္အေခါက္စြမ္းရည္ေတြကို ပိုင္ဆိုင္ထားပါတယ္။
ဂါဘရီယဲလ္ မာတီနယ္လီကေတာ့ ေျခေထာက္ဒဏ္ရာေၾကာင့္ ေလ့က်င့္ေရးေတာင္ မဆင္းႏိုင္ေသးတာေၾကာင့္ လူစာရင္းထဲ ပါလာဖို႔ေတာင္ မေသခ်ာဘဲ အရင္ပြဲတုန္းက အရန္ခုံမွာ ပါလာခဲ့ရင္ေတာင္ လူစာရင္းထဲပါႏိုင္ဖို႔ ေမွ်ာ္လင့္လို႔ရဦးမွာပါ။
ဘရာဇီးလ္တိုက္စစ္မႉးဟာ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ အမ္းမရိတ္စ္ကပြဲမွာ ၈၆ မိနစ္မွာ အႏိုင္ဂိုး သြင္းယူေပးဖို႔ လူစားဝင္ကစားေပးခဲ့သူျဖစ္ၿပီး အဲဒီႏိုင္ပြဲဟာ ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ၁၃ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ပထမဆုံးႏိုင္ပြဲျဖစ္ခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks
- Team News