ထရော့ဆာ့ဒ်ကို အာရုံနောက်ခဲ့တဲ့ နည်းပြကို ဝေဖန်ခဲ့တဲ့ သရဲနီဂန္တဝင်
ဂယ်ရီ နဗီးက စနေနေ့မှာ နယူးကာဆယ် ယူနိုက်တက်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အာဆင်နယ် တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာက ကွင်းဘေးစည်းကနေ လီအန်ဒရို ထရော့ဆာ့ဒ်ကို အရူးလိုမျိုး အော်ဟစ်ခဲ့တယ်လို့ ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။
အာတီတာရဲ့အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အန်သိုနီ ဂေါ်ဒွန်ရဲ့ အငြင်းပွားဖွယ် သွင်းဂိုးကြောင့် စိန့်ဂျိမ်းစ်ပါ့ခ်မှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ပွဲကစားချိန် ပြီးဆုံးခါနီးမှာ ချေပဂိုးရဖို့ တရစပ် တွန်းအားပေးခဲ့ပေမယ့်လည်း ထရော့ဆာ့ဒ်ရဲ့ ဆိုးရွားတဲ့ ထောင့်ကန်ဘောဖြတ်တင်ပေးပို့မှုတွေကို နယူးကာဆယ်က အလွယ်တကူ ကာကွယ်နိုင်ခဲ့တာကြောင့် စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း နဗီးက ကွင်းဘေးစည်းကနေ ညွှန်ကြားချက်တွေနဲ့ ထရော့ဆာ့ဒ်အပေါ် မလိုလားအပ်တဲ့ ဖိအားတွေ ပေးခဲ့တဲ့ အာဆင်နယ် တည်ကန်ဘော နည်းပြ နီကိုးလတ်စ် ဂျိုဗာကို ပြစ်တင်ကြိမ်းမောင်းခဲ့တာဖြစ်ပါတယ်။
“အဲဒါက ကျွန်တော့်ကို ရူးချင်စိတ်ပေါက်စေခဲ့တယ်။ တည်ကန်ဘောနည်းပြက ကွင်းဘေးစည်းနားမှာ ရှိနေတယ်။ သူက ကျွန်တော့်ခေါင်းထဲမှာလည်း ရှုပ်ထွေးအောင် လုပ်ခဲ့တယ်။ သူက မသိရင် နည်းပြလိုမျိုးပဲ အရူးလို အော်ဟစ်နေခဲ့တယ်။ အဲဒါက အကူအညီဖြစ်လားမသိပါဘူး။ တည်ကန်ဘောတွေ ကန်နေတဲ့ ထရော့ဆာ့ဒ်ကို သူ အော်ဟစ်နေခဲ့တယ်။ အသာထိုင်နေလိုက်ပါ။ သူ ဘာလုပ်ရမလဲဆိုတာကို သူ သိပါတယ်။ ခင်ဗျားတို့ တစ်ပတ်အတွင်းမှာ ဒါတွေကို လုပ်ခဲ့ပြီးပြီ။ ပွဲမတိုင်ခင် အဝတ်လဲခန်းထဲမှာ ပြောရမယ့်ကိစ္စပါ။ ခင်ဗျား အဲဒါကို သူ့ကို ၃ ကြိမ်၊ ၄ ကြိမ်လောက်လည်း ပြောခဲ့ပြီးပြီ။ ကျွန်တော့်အတွက်တော့ ထောင့်ကန်ဘောကန်နေတဲ့ ထရော့ဆာ့ဒ်အပေါ်မှာ သူ ဖိအားတွေပိုပြီး ပေးနေသလိုပဲ ခံစားရတယ်။ အမှန်အတိုင်း ပြောရရင် ထရောဆာ့ဒ်က ထောင့်ကန်ဘောတွေကန်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်နေတာကြောင့် မကိုင်တွယ်နိုင်ခဲ့ဘူး။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဂယ္ရီ နဗီးက စေနေန႔မွာ နယူးကာဆယ္ ယူႏိုက္တက္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း အာဆင္နယ္ တည္ကန္ေဘာနည္းျပ နီကိုးလတ္စ္ ဂ်ိဳဗာက ကြင္းေဘးစည္းကေန လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကို အ႐ူးလိုမ်ိဳး ေအာ္ဟစ္ခဲ့တယ္လို႔ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။
အာတီတာရဲ႕အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ပထမဆုံးရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ၿပီး အန္သိုနီ ေဂၚဒြန္ရဲ႕ အျငင္းပြားဖြယ္ သြင္းဂိုးေၾကာင့္ စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ ပြဲကစားခ်ိန္ ၿပီးဆုံးခါနီးမွာ ေခ်ပဂိုးရဖို႔ တရစပ္ တြန္းအားေပးခဲ့ေပမယ့္လည္း ထေရာ့ဆာ့ဒ္ရဲ႕ ဆိုး႐ြားတဲ့ ေထာင့္ကန္ေဘာျဖတ္တင္ေပးပို႔မႈေတြကို နယူးကာဆယ္က အလြယ္တကူ ကာကြယ္ႏိုင္ခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း နဗီးက ကြင္းေဘးစည္းကေန ၫႊန္ၾကားခ်က္ေတြနဲ႔ ထေရာ့ဆာ့ဒ္အေပၚ မလိုလားအပ္တဲ့ ဖိအားေတြ ေပးခဲ့တဲ့ အာဆင္နယ္ တည္ကန္ေဘာ နည္းျပ နီကိုးလတ္စ္ ဂ်ိဳဗာကို ျပစ္တင္ႀကိမ္းေမာင္းခဲ့တာျဖစ္ပါတယ္။
“အဲဒါက ကြၽန္ေတာ့္ကို ႐ူးခ်င္စိတ္ေပါက္ေစခဲ့တယ္။ တည္ကန္ေဘာနည္းျပက ကြင္းေဘးစည္းနားမွာ ရွိေနတယ္။ သူက ကြၽန္ေတာ့္ေခါင္းထဲမွာလည္း ရႈပ္ေထြးေအာင္ လုပ္ခဲ့တယ္။ သူက မသိရင္ နည္းျပလိုမ်ိဳးပဲ အ႐ူးလို ေအာ္ဟစ္ေနခဲ့တယ္။ အဲဒါက အကူအညီျဖစ္လားမသိပါဘူး။ တည္ကန္ေဘာေတြ ကန္ေနတဲ့ ထေရာ့ဆာ့ဒ္ကို သူ ေအာ္ဟစ္ေနခဲ့တယ္။ အသာထိုင္ေနလိုက္ပါ။ သူ ဘာလုပ္ရမလဲဆိုတာကို သူ သိပါတယ္။ ခင္ဗ်ားတို႔ တစ္ပတ္အတြင္းမွာ ဒါေတြကို လုပ္ခဲ့ၿပီးၿပီ။ ပြဲမတိုင္ခင္ အဝတ္လဲခန္းထဲမွာ ေျပာရမယ့္ကိစၥပါ။ ခင္ဗ်ား အဲဒါကို သူ႔ကို ၃ ႀကိမ္၊ ၄ ႀကိမ္ေလာက္လည္း ေျပာခဲ့ၿပီးၿပီ။ ကြၽန္ေတာ့္အတြက္ေတာ့ ေထာင့္ကန္ေဘာကန္ေနတဲ့ ထေရာ့ဆာ့ဒ္အေပၚမွာ သူ ဖိအားေတြပိုၿပီး ေပးေနသလိုပဲ ခံစားရတယ္။ အမွန္အတိုင္း ေျပာရရင္ ထေရာဆာ့ဒ္က ေထာင့္ကန္ေဘာေတြကန္တဲ့အခ်ိန္မွာ အထိတ္တလန႔္ျဖစ္ေနတာေၾကာင့္ မကိုင္တြယ္ႏိုင္ခဲ့ဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News