တင်းဘားဒဏ်ရာကြောင့် အရေးပေါ်အစီအစဉ်ဆွဲနေတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရရှိခဲ့တဲ့ တင်းဘားကြောင့် စက်တင်ဘာ ၁ ရက်နေ့မတိုင်ခင် ဘယ်နောက်ခံကစားသမားတစ်ဦး ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။
ယူရီယန် တင်းဘားဟာ အိုင်းယက်ကနေ ပေါင် ၃၄ သန်းနဲ့ ပြောင်းရွှေ့လာပြီးနောက် အမ်းမရိတ်စ်မှာ ချက်ချင်းပဲ ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် အချိန်တစ်ခုအထိ အနားယူရတော့မှာဖြစ်ပါတယ်။
ဇင်ချန်ကိုကလည်း ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝဖို့အတွက် လုပ်ဆောင်နေရဆဲဖြစ်တာကြောင့် အာတီတာအတွက် ဘယ်နောက်ခံနေရာမှာ အားကိုးစရာ တီယာနီတစ်ဦးသာရှိတော့တာဖြစ်ပေမယ့်လည်း စကော့တလန်နောက်ခံလူက အာတီတာ ကစားစေချင်တဲ့ပုံစံအတိုင်း မကစားနိုင်တာကြောင့် အမ်းမရိတ်စ်ကနေ ထွက်ခွာဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း အာဆင်နယ်အနေနဲ့ ဘယ်နောက်ခံနေရာအတွက် အစားထိုးခေါ်ယူမှု မပြုလုပ်နိုင်မချင်း တီယာနီကို ထွက်ခွာခွင့်ပေးနိုင်ဦးမှာမဟုတ်ဘဲ ဂန်းနားတွေဟာ သင့်တော်တဲ့စျေးရရင် အစ်တီဟတ်ကနေ ထွက်ခွာခွင့်ရနိုင်တဲ့ လာပေါ့တ်ကို စိတ်ဝင်စားနေပြီး ကန်ဆယ်လိုကိုလည်း ဖြစ်နိုင်ဖွယ်ပစ်မှတ်အဖြစ် အာတီတာနဲ့ အီဒူးတို့က သတ်မှတ်ထားပေမယ့် မန်စီးတီးက ဂျေးဇုနဲ့ ဇင်ချန်ကိုတို့ကို ရောင်းချပြီးနောက် အင်အားတောင့်တင်းလာခဲ့တဲ့ ဂန်းနားတွေနဲ့ ထပ်အလုပ်မလုပ်တော့ဖို့ ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ဒါကြောင့် အာဆင်နယ်အနေနဲ့ စျေးကွက်ထဲမှာ စျေးသက်သက်သာသာနဲ့ အကျိုးသက်ရောက်မှုရှိနိုင်မယ့် တင်မိုသီ ကက်စတာညဲ ဒါမှမဟုတ် ဆောက်သမ်တန်နောက်ခံလူ ကိုင်လီ ဝေါ်ကာ-ပီတာစ်တို့လို ပရီးမီးယားလိဂ်မှာ သက်သေပြပြီးသား နောက်ခံကစားသမားမျိုးကို ခေါ်ယူသွားဖွယ်ရှိပြီး တန်းဆင်းအသင်းကစားသမား ၂ ဦးစလုံးကို အရင်တုန်းက အာဆင်နယ်ကင်းထောက်တွေက စောင့်ကြည့်ခဲ့ဖူးသလို ပရီးမီးယားလိဂ်မှာ ပြန်ကစားချင်နေကြတာကြောင့် စျေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News