ဇယားထိပ်ဆုံး ၄ သင်းအချိုး ချိုးနေတဲ့ အူနိုင်းရဲ့ ဗီလာကို အပိုးကျိုးအောင် ဆုံးမမယ့် ဆင်ပျံကြီး 1024 504 coyg

ဇယားထိပ်ဆုံး ၄ သင်းအချိုး ချိုးနေတဲ့ အူနိုင်းရဲ့ ဗီလာကို အပိုးကျိုးအောင် ဆုံးမမယ့် ဆင်ပျံကြီး

အာဆင်နယ်ဟာ စနေနေ့မှာ ဒီရာသီရဲ့ အခက်ခဲဆုံး စမ်းသပ်မှုတွေထဲက တစ်ခုနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗီလာပါ့ခ်မှာ ၁၄ ပွဲဆက်တိုက်နိုင်ပွဲရထားတဲ့ အူနိုင်း အမ်မရီရဲ့အသင်းနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးကို အံ့အားသင့်ဖွယ် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရမှတ် ၃၂ မှတ်နဲ့ အဆင့် ၃ နေရာအထိ တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့နိုင်ပွဲအပေါ်မှာ ယုံကြည်မှုကို အခိုင်အမာတည်ဆောက်ထားမှာ သေချာပါတယ်။

အာဆင်နယ်ကလည်း တနင်္ဂနွေနေ့ညက လူတန်တောင်းကို ၄-၃ နဲ့ နောက်ဆုံးမိနစ်အထိ စိတ်လှုပ်ရှားဖွယ် သွင်းဂိုးတွေနဲ့ အနိုင်ယူပြီးနောက် ရမှတ် ၃၆ မှတ်နဲ့ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ချန်ပီယံခြေစွမ်းဆိုတာ ဘာလဲဆိုတာ ပြသသွားမှာဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အက်စတွန်ဗီလာဘက်မှာ တိုင်ရုန်း မင်းစ်၊ ဘူအန်ဒီယာ၊ ထရာအိုရေးတို့ ဒဏ်ရာကြောင့် ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်ပါဘူး။

အာဆင်နယ်ဘက်မှာလည်း သောမတ်စ် ပါတေး၊ တင်းဘား၊ ဖေဘီယို ဗီယာရာ၊ တိုမိယဆု၊ စမစ် ရိုးတို့ ဆက်လက် လွဲချော်မှာ ဖြစ်ပါတယ်။ အာတီတာဟာ လူတန်တောင်းကို အနိုင်ရခဲ့တဲ့ အင်္ဂါနေ့ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ ပြုလုပ်သွားဖွယ်မရှိပေမယ့် ခီဗီယောနေရာမှာ ဇင်ချန်ကို ပြန်ပါလာနိုင်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အက်စတွန်ဗီလာ-မာတီနက်ဇ်၊ ဒစ်ဂ်ညီ၊ တောရက်စ်၊ ကားလို့စ်၊ ခွန်ဆာ၊ ဘိုင်လီ၊ ဘေလီ၊ ကာမာရာ၊ လူးဝစ်ဇ်၊ မက်ဂင်း၊ တိုင်လီမန်းစ်၊ ဝပ်ကင်စ်။
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ဟာဗတ်ဇ်၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၂၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ အက်စတွန် ဗီလာက ၅ ကြိမ်နိုင် ၁ ကြိမ်သရေ အာဆင်နယ်က ၁၆ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အက်စတွန်ဗီလာက ၄ ပွဲနိုင် ၁ ပွဲသရေကျခဲ့ပြီး အာဆင်နယ်က ၅ ပွဲစလုံးအနိုင်ရခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာဟာ ဗီလာပါ့ခ်မှာ မန်စီးတီးကို အံ့အားသင့်ဖွယ် အနိုင်ယူနိုင်ခဲ့ပြီးနောက် စိတ်ဓာတ်ပိုင်း အမြင့်မားဆုံးအခြေအနေကို ရောက်ရှိနေမှာဖြစ်ပြီး ဒီပွဲမှာသာ ထပ်မံအနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယား တတိယနေရာမှာ အခိုင်အမာ ဆက်လက်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းကလည်း ဒီရာသီမှာ ရှုံးပွဲတစ်ပွဲသာရှိသေးတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံးမှာ အနိုင်ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့အသင်းဖြစ်ပေမယ့်လည်း ဗီလာပါ့ခ်မှာဆိုရင် ဘာဆိုလားဖြစ်နေတဲ့ အူနိုင်း အမ်မရီရဲ့အသင်းကို တော်တော်လေး ခက်ခက်ခဲခဲ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲစဉ်ဟာ အပြန်အလှန်သွင်းဂိုးတွေ အများအပြားကို မြင်တွေ့ရနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာဖြစ်ပြီး ရာယာ တလွဲထပ်မလုပ်ဘဲ ဂန်းနားတွေသာ မှော်ဆန်တဲ့အခိုက်အတန့်တွေ ထပ်မံ ပြသနိုင်မယ်ဆိုရင် နောက်ဆုံးမှာ အနိုင်ရသူတွေအဖြစ် ထွက်ပေါ်လာနိုင်ပါတယ်။

AM ခန့်မှန်းပွဲပြီးရလဒ်(အက်စတန်ဗီလာ ၂-၃ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အက်စတန်ဗီလာ ၁-၂ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ စေနေန႔မွာ ဒီရာသီရဲ႕ အခက္ခဲဆုံး စမ္းသပ္မႈေတြထဲက တစ္ခုနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ဗီလာပါ့ခ္မွာ ၁၄ ပြဲဆက္တိုက္ႏိုင္ပြဲရထားတဲ့ အူႏိုင္း အမ္မရီရဲ႕အသင္းနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

အက္စတြန္ဗီလာဟာ ဗုဒၶဟူးေန႔ညက မန္ခ်က္စတာစီးတီးကို အံ့အားသင့္ဖြယ္ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ရမွတ္ ၃၂ မွတ္နဲ႔ အဆင့္ ၃ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့တာျဖစ္ၿပီး ႀကီးမားတဲ့ႏိုင္ပြဲအေပၚမွာ ယုံၾကည္မႈကို အခိုင္အမာတည္ေဆာက္ထားမွာ ေသခ်ာပါတယ္။

အာဆင္နယ္ကလည္း တနဂၤေႏြေန႔ညက လူတန္ေတာင္းကို ၄-၃ နဲ႔ ေနာက္ဆုံးမိနစ္အထိ စိတ္လႈပ္ရွားဖြယ္ သြင္းဂိုးေတြနဲ႔ အႏိုင္ယူၿပီးေနာက္ ရမွတ္ ၃၆ မွတ္နဲ႔ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ၿပီး ခ်န္ပီယံေျခစြမ္းဆိုတာ ဘာလဲဆိုတာ ျပသသြားမွာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

အက္စတြန္ဗီလာဘက္မွာ တိုင္႐ုန္း မင္းစ္၊ ဘူအန္ဒီယာ၊ ထရာအိုေရးတို႔ ဒဏ္ရာေၾကာင့္ ပါဝင္ကစားေပးႏိုင္ဦးမွာမဟုတ္ပါဘူး။

အာဆင္နယ္ဘက္မွာလည္း ေသာမတ္စ္ ပါေတး၊ တင္းဘား၊ ေဖဘီယို ဗီယာရာ၊ တိုမိယဆု၊ စမစ္ ႐ိုးတို႔ ဆက္လက္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ အာတီတာဟာ လူတန္ေတာင္းကို အႏိုင္ရခဲ့တဲ့ အဂၤါေန႔ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ ျပဳလုပ္သြားဖြယ္မရွိေပမယ့္ ခီဗီေယာေနရာမွာ ဇင္ခ်န္ကို ျပန္ပါလာႏိုင္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အက္စတြန္ဗီလာ-မာတီနက္ဇ္၊ ဒစ္ဂ္ညီ၊ ေတာရက္စ္၊ ကားလို႔စ္၊ ခြန္ဆာ၊ ဘိုင္လီ၊ ေဘလီ၊ ကာမာရာ၊ လူးဝစ္ဇ္၊ မက္ဂင္း၊ တိုင္လီမန္းစ္၊ ဝပ္ကင္စ္။
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ဟာဗတ္ဇ္၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ မာတီနယ္လီ၊ ေဂ်းဇု။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၂၂ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အက္စတြန္ ဗီလာက ၅ ႀကိမ္ႏိုင္ ၁ ႀကိမ္သေရ အာဆင္နယ္က ၁၆ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အက္စတြန္ဗီလာက ၄ ပြဲႏိုင္ ၁ ပြဲသေရက်ခဲ့ၿပီး အာဆင္နယ္က ၅ ပြဲစလုံးအႏိုင္ရခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

အက္စတြန္ဗီလာဟာ ဗီလာပါ့ခ္မွာ မန္စီးတီးကို အံ့အားသင့္ဖြယ္ အႏိုင္ယူႏိုင္ခဲ့ၿပီးေနာက္ စိတ္ဓာတ္ပိုင္း အျမင့္မားဆုံးအေျခအေနကို ေရာက္ရွိေနမွာျဖစ္ၿပီး ဒီပြဲမွာသာ ထပ္မံအႏိုင္ရခဲ့မယ္ဆိုရင္ အမွတ္ေပးဇယား တတိယေနရာမွာ အခိုင္အမာ ဆက္လက္ရပ္တည္ႏိုင္မွာျဖစ္ပါတယ္။ အာတီတာရဲ႕အသင္းကလည္း ဒီရာသီမွာ ရႈံးပြဲတစ္ပြဲသာရွိေသးတဲ့အသင္းျဖစ္ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲစလုံးမွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့အသင္းျဖစ္ေပမယ့္လည္း ဗီလာပါ့ခ္မွာဆိုရင္ ဘာဆိုလားျဖစ္ေနတဲ့ အူႏိုင္း အမ္မရီရဲ႕အသင္းကို ေတာ္ေတာ္ေလး ခက္ခက္ခဲခဲ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ ဒီပြဲစဥ္ဟာ အျပန္အလွန္သြင္းဂိုးေတြ အမ်ားအျပားကို ျမင္ေတြ႕ရႏိုင္တဲ့ပြဲစဥ္တစ္ပြဲျဖစ္လာမွာျဖစ္ၿပီး ရာယာ တလြဲထပ္မလုပ္ဘဲ ဂန္းနားေတြသာ ေမွာ္ဆန္တဲ့အခိုက္အတန႔္ေတြ ထပ္မံ ျပသႏိုင္မယ္ဆိုရင္ ေနာက္ဆုံးမွာ အႏိုင္ရသူေတြအျဖစ္ ထြက္ေပၚလာႏိုင္ပါတယ္။

AM ခန႔္မွန္းပြဲၿပီးရလဒ္(အက္စတန္ဗီလာ ၂-၃ အာဆင္နယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အက္စတန္ဗီလာ ၁-၂ အာဆင္နယ္)

Arsenal Myanmar

Ref: Internet