ဇယားကြမ်းတိုက်နေတဲ့ ရှက်ဖီးကို ဂိုးသွင်းခြေစွမ်းပြပြီး ဖလားပြိုင်ပွဲထဲ ဆက်ရှိနေမယ့် ဂန်းနားများ 1024 504 coyg

ဇယားကြမ်းတိုက်နေတဲ့ ရှက်ဖီးကို ဂိုးသွင်းခြေစွမ်းပြပြီး ဖလားပြိုင်ပွဲထဲ ဆက်ရှိနေမယ့် ဂန်းနားများ

ရှက်ဖီးယူနိုက်တက်ဟာ ယနေ့ည အိမ်ကွင်းမှာ သွင်းဂိုးတွေကို အပျော်သဘောနဲ့ သွင်းယူနေတဲ့ ဂန်းနားတွေကို လက်ခံယှဉ်ပြိုင်သွားရမှဖြစ်ပါတယ်။

ရှက်ဖီးဟာ ပြီးခဲ့တဲ့အပတ်က ဝုဗ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဖို့ ရေပန်းအစားဆု့းအသင်းအဖြစ် ဆက်လက်ရှိနေပြီး ဂန်းနားတွေကတော့ နယူးကာဆယ်ကို ၄-၁ နဲ့ အပြတ်ကြိတ်ပြီး ဆုဖလားပြိုင်ပွဲမှာ တလက်မတောင်မရွေ့ဘဲ ဆက်လက်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ရှက်ဖီးဘက်မှာ ဘရီရီတန် ဒီယက်ဇ်နဲ့ ဂျော့ဂျ် ဘဲလ်ဒေါ့ခ်တို့ ပြန်ပါလာနိုင်မယ်လို့ သတင်းကောင်း ကြားထားပြီး ဂျက်ဘီဆင်၊ အာချာ၊ ဆလီမာနီ၊ ဘရှမ်း၊ အီဂန်၊ မက်စ်လိုး၊ နော်ရင်တန်-ဒေးဗီးစ်တို့လို အဓိကကစားသမားတွေကတော့ ဆက်ပြီး လွဲချော်ဦးမှာပါ။ မေဆန် ဟိုးဂိတ်ကလည်း ၃ ပွဲပယ်ပြစ်ဒဏ်ကျခံနေရဆဲဖြစ်လို့ ပါဝင်နိုင်ဦးမှာမဟုတ်ပါဘူး။

အာဆင်နယ်ဘက်မှာ အောက်တိုဘာလကတည်းက အနားယူနေခဲ့ရတဲ့ ပါတေး ပြန်ပါလာနိုင်ပေမယ့် အရန်ခုံကနေပဲ အချိန်အနည်းငယ် ဝင်ကစားသွားဖို့များပါတယ်။ ဇင်ချန်ကိုရော တိုမိယဆုရော ဒီပွဲမှာ ပြန်လာဖို့ စောနေသေးပြီး တင်းဘားကလည်း နောက်ထပ် ရက်သတ္တပတ်အများအပြား ကြံ့ခိုင်မှုရအောင် လုပ်သွားရဦးမှာပါ။ ဂျေးဇုကလည်း ဒူးဒဏ်ရာရပြီးနောက်ပိုင်း နယူးကာဆယ်နဲ့ပွဲမှာ အရန်ခုံက ပြန်ပါလာပေမယ့် လူစားဝင်ကစားခွင့်မရခဲ့ဘဲ အာတီတာက အရဲစွန့်သုံးချင်ပုံမပေါ်ပါဘူး။ ဒါကြောင့် ဒီပွဲမှာလည်း အရန်ခုံမှာပဲ ဆက်ထိုင်နေရဦးမှာပါ။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ရှက်ဖီး-ဂါဘစ်၊ အာမက်ဟော့ဇစ်၊ ရော်ဘင်ဆင်၊ ထရပ်စတီ၊ ဘဲလ်ဒေါ့ခ်၊ ဟာမာ၊ ဆူဇာ၊ မက်ကတီး၊ လူရူစီ၊ ဘရီရီတန် ဒီယက်ဇ်၊ ဘရူးစတား။
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ အော်ဒီဂွါဒ်၊ ဂျော်ဂျင်ညို၊ ရိုက်၊ ဆာကာ၊ မာတီနယ်လီ၊ ဟာဗတ်ဇ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီ ၂ သင်းကြား ၆ ကြိမ်တွေ့ဆုံခဲ့ရာမှာ ရှက်ဖီးက ၁ ကြိမ်နိုင် ၁ ကြိမ်သရေ အာဆင်နယ်က ၄ ကြိမ်အထိ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ရှက်ဖီးက ၁ ပွဲနိုင် ၄ ပွဲရှုံး၊ အာဆင်နယ်က ၄ ပွဲနိုင် ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

တနင်္လာနေ့ညမှာ အောက်တိုဘာလက စိတ်ပျက်စရာရလဒ်တကျော့ပြန်ဖို့ရှိနေပြီး ဂန်းနားတွေက အမ်းမရိတ်စ်မှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပေါ်တိုနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ဒုတိယအကျော့ကလည်း မတ်လဒုတိယအပတ်မှ ဖြစ်တာကြောင့် လူချန်စရာမလိုဘဲ လူစာရင်းအစုံအလင်နဲ့ လိဂ်ရဲ့အဆိုးရွားဆုံးခံစစ်ကို နှိပ်စက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

AM ခန့်မှန်းပွဲပြီးရလဒ်(ရှက်ဖီး ၀-၅ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ရှက်ဖီး ၀-၃ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ရှက်ဖီး ၀-၃ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: ရွက္ဖီးယူႏိုက္တက္ဟာ ယေန႔ည အိမ္ကြင္းမွာ သြင္းဂိုးေတြကို အေပ်ာ္သေဘာနဲ႔ သြင္းယူေနတဲ့ ဂန္းနားေတြကို လက္ခံယွဥ္ၿပိဳင္သြားရမွျဖစ္ပါတယ္။

ရွက္ဖီးဟာ ၿပီးခဲ့တဲ့အပတ္က ဝုဗ္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ တန္းဆင္းဖို႔ ေရပန္းအစားဆု႔းအသင္းအျဖစ္ ဆက္လက္ရွိေနၿပီး ဂန္းနားေတြကေတာ့ နယူးကာဆယ္ကို ၄-၁ နဲ႔ အျပတ္ႀကိတ္ၿပီး ဆုဖလားၿပိဳင္ပြဲမွာ တလက္မေတာင္မေ႐ြ႕ဘဲ ဆက္လက္ယွဥ္ၿပိဳင္ေနဆဲျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ရွက္ဖီးဘက္မွာ ဘရီရီတန္ ဒီယက္ဇ္နဲ႔ ေဂ်ာ့ဂ်္ ဘဲလ္ေဒါ့ခ္တို႔ ျပန္ပါလာႏိုင္မယ္လို႔ သတင္းေကာင္း ၾကားထားၿပီး ဂ်က္ဘီဆင္၊ အာခ်ာ၊ ဆလီမာနီ၊ ဘရွမ္း၊ အီဂန္၊ မက္စ္လိုး၊ ေနာ္ရင္တန္-ေဒးဗီးစ္တို႔လို အဓိကကစားသမားေတြကေတာ့ ဆက္ၿပီး လြဲေခ်ာ္ဦးမွာပါ။ ေမဆန္ ဟိုးဂိတ္ကလည္း ၃ ပြဲပယ္ျပစ္ဒဏ္က်ခံေနရဆဲျဖစ္လို႔ ပါဝင္ႏိုင္ဦးမွာမဟုတ္ပါဘူး။

အာဆင္နယ္ဘက္မွာ ေအာက္တိုဘာလကတည္းက အနားယူေနခဲ့ရတဲ့ ပါေတး ျပန္ပါလာႏိုင္ေပမယ့္ အရန္ခုံကေနပဲ အခ်ိန္အနည္းငယ္ ဝင္ကစားသြားဖို႔မ်ားပါတယ္။ ဇင္ခ်န္ကိုေရာ တိုမိယဆုေရာ ဒီပြဲမွာ ျပန္လာဖို႔ ေစာေနေသးၿပီး တင္းဘားကလည္း ေနာက္ထပ္ ရက္သတၱပတ္အမ်ားအျပား ႀကံ့ခိုင္မႈရေအာင္ လုပ္သြားရဦးမွာပါ။ ေဂ်းဇုကလည္း ဒူးဒဏ္ရာရၿပီးေနာက္ပိုင္း နယူးကာဆယ္နဲ႔ပြဲမွာ အရန္ခုံက ျပန္ပါလာေပမယ့္ လူစားဝင္ကစားခြင့္မရခဲ့ဘဲ အာတီတာက အရဲစြန႔္သုံးခ်င္ပုံမေပၚပါဘူး။ ဒါေၾကာင့္ ဒီပြဲမွာလည္း အရန္ခုံမွာပဲ ဆက္ထိုင္ေနရဦးမွာပါ။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ရွက္ဖီး-ဂါဘစ္၊ အာမက္ေဟာ့ဇစ္၊ ေရာ္ဘင္ဆင္၊ ထရပ္စတီ၊ ဘဲလ္ေဒါ့ခ္၊ ဟာမာ၊ ဆူဇာ၊ မက္ကတီး၊ လူ႐ူစီ၊ ဘရီရီတန္ ဒီယက္ဇ္၊ ဘ႐ူးစတား။
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ေအာ္ဒီဂြါဒ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ႐ိုက္၊ ဆာကာ၊ မာတီနယ္လီ၊ ဟာဗတ္ဇ္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီ ၂ သင္းၾကား ၆ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ရွက္ဖီးက ၁ ႀကိမ္ႏိုင္ ၁ ႀကိမ္သေရ အာဆင္နယ္က ၄ ႀကိမ္အထိ အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ရွက္ဖီးက ၁ ပြဲႏိုင္ ၄ ပြဲရႈံး၊ အာဆင္နယ္က ၄ ပြဲႏိုင္ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

တနလၤာေန႔ညမွာ ေအာက္တိုဘာလက စိတ္ပ်က္စရာရလဒ္တေက်ာ့ျပန္ဖို႔ရွိေနၿပီး ဂန္းနားေတြက အမ္းမရိတ္စ္မွာ ၅ ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ေပၚတိုနဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ကလည္း မတ္လဒုတိယအပတ္မွ ျဖစ္တာေၾကာင့္ လူခ်န္စရာမလိုဘဲ လူစာရင္းအစုံအလင္နဲ႔ လိဂ္ရဲ႕အဆိုး႐ြားဆုံးခံစစ္ကို ႏွိပ္စက္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

AM ခန႔္မွန္းပြဲၿပီးရလဒ္(ရွက္ဖီး ၀-၅ အာဆင္နယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ရွက္ဖီး ၀-၃ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ရွက္ဖီး ၀-၃ အာဆင္နယ္)

Arsenal Myanmar

Ref: Internet