ဇန်နဝါရီအတွက် အာတီတာကို အဖြေပေးလိုက်ပြီဖြစ်တဲ့ အာဆင်နယ်
အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မှာ နည်းပြ အာတီတာကို ငွေကြေးသုံးစွဲခွင့်ပေးလိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အာဆင်နယ် ထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ကစားသမားတစ်ဦးအတွက် ပေါင်သန်း ၅၀ လောက်အထိ သုံးစွဲချင်တဲ့ဆန္ဒရှိနေပြီး ဆုဖလားစိန်ခေါ်နေတဲ့ အသင်းအတွက် လိုအပ်တဲ့ ငွေကြေးတွေ ဆက်လက် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့တဲ့ Football Insider ရဲ့ သတင်းအရ သိရပါတယ်။
လက်ရှိမှာ အမှတ်ပေးဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးနဲ့ ၁ မှတ်အကွာမှာ ရပ်တည်နေတဲ့ အာဆင်နယ်ရဲ့ ၂၀၂၃-၂၀၂၄ ရာသီဟာ နောက်ထပ်တစ်ကြိမ် ကောင်းမွန်တဲ့ ရာသီအဖြစ်နဲ့ ရုပ်လုံးပေါ်နေပြီ ဖြစ်ပေမယ့်လည်း ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အင်္ဂလန်အမှတ်ပေးဖလား အောင်မြင်မှုကို ရရှိဖို့က မြောက်လန်ဒန်ကလပ်အသင်းအနေနဲ့ ပပ် ဂွါဒီယိုလာရဲ့ ဇွဲမလျှော့တတ်တဲ့အသင်းကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတဲ့အပေါ်မှာ မူတည်မှာ ဖြစ်ပါတယ်။
အဲဒီလို လုပ်နိုင်ဖို့အတွက် အာတီတာရဲ့ ပထမဦးစားပေးက ကွင်းလယ်ကစားသမားသစ် ခေါ်ယူဖို့ ဖြစ်ပြီး သောမတ်စ် ပါတေးဟာ ဒီရာသီမှာလည်း ဒဏ်ရာပြဿနာကြောင့် ပုံမှန်ပါဝင်ကစားပေးနိုင်ဖို့ ရုန်းကန်နေရသလို အသစ်ခေါ်ထားတဲ့ ကိုင် ဟာဗတ်ဇ်ကလည်း အသင်းနဲ့ အသားမကျသေးတာဖြစ်ပါတယ်။
ဒါကြောင့် အာတီတာအတွက် ခံစစ်ပိုင်းပိုမိုအားသန်တဲ့ နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးက အဓိကပစ်မှတ်ဖြစ်လာဖွယ်ရှိနေပြီး အက်စတန် ဗီလာကြယ်ပွင့် ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ ရီးရဲလ်ဆိုစီဒက်ကြယ်ပွင့် မာတင် ဇူဘီမန်ဒီတို့ ၂ ဦးစလုံးကတော့ မြောက်လန်ဒန်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အခိုင်အမာ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဘုတ်အဖွဲ့ဟာ အသင်းအတွက် ရလဒ်ကောင်းတွေ ရယူပေးနေတဲ့ နည်းပြ အာတီတာရဲ့ လုပ်ငန်းစဉ်အပေါ်မှာ အပြည့်အဝ ယုံကြည်မှု ဆက်လက် ပေးသွားမယ်ဆိုတာကို သက်သေပြသတဲ့အနေနဲ့ ဒီလာမယ့် ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ စပိန်လူမျိုးနည်းပြ လိုချင်တဲ့ကစားသမားအတွက် ငွေကြေး စိုက်ထုတ်ပေးသွားဖို့ အဆင်သင့်ရှိနေတယ်လို့ မီးစိမ်းပြသခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေစ်းကြက္မွာ နည္းျပ အာတီတာကို ေငြေၾကးသုံးစြဲခြင့္ေပးလိုက္ၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။
အာဆင္နယ္ ထိပ္ပိုင္းတာဝန္ရွိသူေတြဟာ ကစားသမားတစ္ဦးအတြက္ ေပါင္သန္း ၅၀ ေလာက္အထိ သုံးစြဲခ်င္တဲ့ဆႏၵရွိေနၿပီး ဆုဖလားစိန္ေခၚေနတဲ့ အသင္းအတြက္ လိုအပ္တဲ့ ေငြေၾကးေတြ ဆက္လက္ ေထာက္ပံ့ေပးသြားမွာျဖစ္တယ္လို႔ ေဖာ္ျပခဲ့တဲ့ Football Insider ရဲ႕ သတင္းအရ သိရပါတယ္။
လက္ရွိမွာ အမွတ္ေပးဇယားထိပ္ဆုံးက မန္ခ်က္စတာစီးတီးနဲ႔ ၁ မွတ္အကြာမွာ ရပ္တည္ေနတဲ့ အာဆင္နယ္ရဲ႕ ၂၀၂၃-၂၀၂၄ ရာသီဟာ ေနာက္ထပ္တစ္ႀကိမ္ ေကာင္းမြန္တဲ့ ရာသီအျဖစ္နဲ႔ ႐ုပ္လုံးေပၚေနၿပီ ျဖစ္ေပမယ့္လည္း ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အဂၤလန္အမွတ္ေပးဖလား ေအာင္ျမင္မႈကို ရရွိဖို႔က ေျမာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ ပပ္ ဂြါဒီယိုလာရဲ႕ ဇြဲမေလွ်ာ့တတ္တဲ့အသင္းကို ထိန္းသိမ္းႏိုင္ပါ့မလားဆိုတဲ့အေပၚမွာ မူတည္မွာ ျဖစ္ပါတယ္။
အဲဒီလို လုပ္ႏိုင္ဖို႔အတြက္ အာတီတာရဲ႕ ပထမဦးစားေပးက ကြင္းလယ္ကစားသမားသစ္ ေခၚယူဖို႔ ျဖစ္ၿပီး ေသာမတ္စ္ ပါေတးဟာ ဒီရာသီမွာလည္း ဒဏ္ရာျပႆနာေၾကာင့္ ပုံမွန္ပါဝင္ကစားေပးႏိုင္ဖို႔ ႐ုန္းကန္ေနရသလို အသစ္ေခၚထားတဲ့ ကိုင္ ဟာဗတ္ဇ္ကလည္း အသင္းနဲ႔ အသားမက်ေသးတာျဖစ္ပါတယ္။
ဒါေၾကာင့္ အာတီတာအတြက္ ခံစစ္ပိုင္းပိုမိုအားသန္တဲ့ ေနာက္ထပ္ ကြင္းလယ္ကစားသမားတစ္ဦးက အဓိကပစ္မွတ္ျဖစ္လာဖြယ္ရွိေနၿပီး အက္စတန္ ဗီလာၾကယ္ပြင့္ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ ရီးရဲလ္ဆိုစီဒက္ၾကယ္ပြင့္ မာတင္ ဇူဘီမန္ဒီတို႔ ၂ ဦးစလုံးကေတာ့ ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ အခိုင္အမာ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဘုတ္အဖြဲ႕ဟာ အသင္းအတြက္ ရလဒ္ေကာင္းေတြ ရယူေပးေနတဲ့ နည္းျပ အာတီတာရဲ႕ လုပ္ငန္းစဥ္အေပၚမွာ အျပည့္အဝ ယုံၾကည္မႈ ဆက္လက္ ေပးသြားမယ္ဆိုတာကို သက္ေသျပသတဲ့အေနနဲ႔ ဒီလာမယ့္ ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ကာလမွာ စပိန္လူမ်ိဳးနည္းျပ လိုခ်င္တဲ့ကစားသမားအတြက္ ေငြေၾကး စိုက္ထုတ္ေပးသြားဖို႔ အဆင္သင့္ရွိေနတယ္လို႔ မီးစိမ္းျပသခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News
- Transfer News