ဇန်နဝါရီမှာ တင်းဘားနေရာအတွက် အားဖြည့်သွားမယ့် ဂန်းနားများ 1024 504 coyg

ဇန်နဝါရီမှာ တင်းဘားနေရာအတွက် အားဖြည့်သွားမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ခံစစ်အင်အားဖြည့်တင်းမှုအဖြစ် အိုင်းယက်စ်ရဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကြယ်ပွင့် ဂျော်ရယ် ဟာတိုကို ခေါ်ယူဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မြောက်လန်ဒန်သားတွေဟာ လက်ရှိမှာ ခံစစ်နေရာအတွက် ရွေးချယ်စရာ နည်းပါးနေတာဖြစ်ပြီး တင်းဘားက ကာလရှည် ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေဆဲဖြစ်သလို တိုမိယဆုကလည်း ဖေဖော်ဝါရီလလယ်မတိုင်ခင်အထိ ပြန်ကောင်းလာဖို့ မရှိသေးတာဖြစ်ပါတယ်။

အာတီတာဟာ ခံစစ်အတွက် အင်အားဖြည့်တင်းချင်နေပေမယ့်လည်း အသင်းရဲ့ ဟန်ချက်ကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ ရေတိုနည်းနဲ့ ဖြေရှင်းလိုတဲ့ဆန္ဒမရှိတာကြောင့် ဂန်းနားတွေဟာ အိုင်းယက်စ်ဆယ်ကျော်သက် ဟာတိုကို အာရုံစိုက်လာတာဖြစ်တယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ် နောက်ခံကစားသမားဟာ တင်းဘားရဲ့နေရာမှာ ကာဗာလုပ်နိုင်မှာဖြစ်ပြီး အသင်းမှာ ရေတိုရော ရေရှည်ပါ ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်မှုပေးနိုင်မယ့် ကစားသမားဖြစ်ပါတယ်။

အိုင်းယက်စ်လူငယ်ကြယ်ပွင့်ဟာ အမ်စတာဒမ်မှာ အလွန်ကောင်းမွန်တဲ့ ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် အလားအလာများစွာရှိတဲ့ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ပြီး အသင်းက စိတ်ပျက်စရာရာသီနဲ့ ရင်ဆိုင်နေရပေမယ့်လည်း တောက်ပနေတဲ့ကစားသမားဖြစ်ပါတယ်။

ဟာတိုဟာ ဒတ်ချ်လိဂ်မှာ ၁၆ ပွဲ ပါဝင်ကစားပေးခဲ့ပြီး အိုင်းယက်စ်ရဲ့ ယူရိုပါလိဂ်ပွဲစဉ် ၆ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ကစားပေးခဲ့ရာမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ၂ ကြိမ်အထိ အသင်းခေါင်းဆောင်အနေနဲ့ပါ ပါဝင်ကစားပေးခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုး ရာသီပထမပိုင်းအတွင်းမှာ လျင်လျင်မြန်မြန် ခြေစွမ်းပိုင်း မြင့်တက်လာခဲ့တာကြောင့် ဟာတိုဟာ နယ်သာလန်လက်ရွေးစင်လူစာရင်းထဲကိုတောင် ခေါ်ယူခြင်းခံခဲ့ရပြီး ဂီဘရယ်လ်တာနဲ့ပွဲစဉ်မှာ လက်ရွေးစင်ကစားသမားဘဝ ပွဲဦးထွက်အဖြစ် ပထမပိုင်းအပြီး ဗန်ဒိုက်ရဲ့ နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဟာတိုဟာ ဘယ်နောက်ခံအဖြစ်ရော ဗဟိုခံစစ် ဘယ်ခြမ်းမှာပါ ကစားနိုင်သူဖြစ်ပြီး ခံစစ်ညာခြမ်းမှာ အလားတူ ကစားပေးနိုင်တဲ့ တင်းဘားနေရာအတွက် ပြီးပြည့်စုံတဲ့ ဖြည့်စွက်မှုဖြစ်လာလိမ့်မယ်လို့ ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ဆယ်ကျော်သက်နောက်ခံလူ ရောက်ရှိလာနိုင်ခြေရှိနေတာက အာတီတာအတွက် ခံစစ်မှာ ရွေးချယ်စရာအများအပြား ရရှိစေမှာဖြစ်ပေမယ့်လည်း ယာကုဘ် ခီဗီယောရဲ့ အနာဂတ်အတွက်တော့ မေးခွန်းထုတ်စရာဖြစ်လာမှာဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့နှစ်မှာ ပေါင် ၂၁ သန်းနဲ့ စပီးဇီးယားကနေ ပြောင်းရွှေ့လာခဲ့ပေမယ့်လည်း ပွဲထွက်လူစာရင်းထဲ ပါဝင်ကစားခွင့်ရရှိဖို့ ရုန်းကန်နေခဲ့ရပြီး လက်ရှိမှာ ဂျူဗင်တပ်၊ နာပိုလီနဲ့ အေစီမီလန်တို့လိုအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပါတယ်။

အာဆင်နယ်ကို ဆွဲဆောင်နေတဲ့ နောက်ထပ်တစ်ချက်က ဟာတိုဟာ အိုင်းယက်စ် အကယဒ်မီထွက်ဖြစ်တာကြောင့် တင်းဘား ရောက်ရောက်လာချင်းမှာ လျင်လျင်မြန်မြန် အသားကျသွားခဲ့သလိုမျိုး ဖြစ်နိုင်တယ်လို့ ယူဆနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟာတိုကို ခေါ်ယူမယ်ဆိုရင်တော့ စျေးပေါပေါနဲ့ ခေါ်ယူလို့ ရမှာမဟုတ်ဘဲ ပြီးခဲ့တဲ့အပြောင်းအရွှေ့စျေးကွက်တွေမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှုတွေ ပြုလုပ်ခဲ့တဲ့ အာဆင်နယ်အတွက် ပြဿနာဖြစ်လာနိုင်ပါတယ်။

အာဆင်နယ်ဟာ နောက်ထပ် အိုင်းယက်စ်ကြယ်ပွင့်ဟောင်းဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နောက်ခံလူ ဒီလိုက်တ်ကို အလွန်သဘောကျနေသလို ဒေါ့မွန်နောက်ခံလူ ရှလော့တာဘက်ခ်ကိုလည်း နှစ်သက်နေပြီး ဒီအပြောင်းအရွှေ့တွေက ပိုလို့တောင် တန်ဖိုးကြီးမားနိုင်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ခံစစ္အင္အားျဖည့္တင္းမႈအျဖစ္ အိုင္းယက္စ္ရဲ႕ အသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္ၾကယ္ပြင့္ ေဂ်ာ္ရယ္ ဟာတိုကို ေခၚယူဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ေျမာက္လန္ဒန္သားေတြဟာ လက္ရွိမွာ ခံစစ္ေနရာအတြက္ ေ႐ြးခ်ယ္စရာ နည္းပါးေနတာျဖစ္ၿပီး တင္းဘားက ကာလရွည္ ဒူးဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနဆဲျဖစ္သလို တိုမိယဆုကလည္း ေဖေဖာ္ဝါရီလလယ္မတိုင္ခင္အထိ ျပန္ေကာင္းလာဖို႔ မရွိေသးတာျဖစ္ပါတယ္။

အာတီတာဟာ ခံစစ္အတြက္ အင္အားျဖည့္တင္းခ်င္ေနေပမယ့္လည္း အသင္းရဲ႕ ဟန္ခ်က္ကို အေႏွာင့္အယွက္ျဖစ္ေစႏိုင္တဲ့ ေရတိုနည္းနဲ႔ ေျဖရွင္းလိုတဲ့ဆႏၵမရွိတာေၾကာင့္ ဂန္းနားေတြဟာ အိုင္းယက္စ္ဆယ္ေက်ာ္သက္ ဟာတိုကို အာ႐ုံစိုက္လာတာျဖစ္တယ္လို႔ The Athletic က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၁၇ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ တင္းဘားရဲ႕ေနရာမွာ ကာဗာလုပ္ႏိုင္မွာျဖစ္ၿပီး အသင္းမွာ ေရတိုေရာ ေရရွည္ပါ ပြဲထြက္ခြင့္ေနရာအတြက္ ယွဥ္ၿပိဳင္မႈေပးႏိုင္မယ့္ ကစားသမားျဖစ္ပါတယ္။

အိုင္းယက္စ္လူငယ္ၾကယ္ပြင့္ဟာ အမ္စတာဒမ္မွာ အလြန္ေကာင္းမြန္တဲ့ ပြဲဦးထြက္ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ အလားအလာမ်ားစြာရွိတဲ့ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရသူျဖစ္ၿပီး အသင္းက စိတ္ပ်က္စရာရာသီနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း ေတာက္ပေနတဲ့ကစားသမားျဖစ္ပါတယ္။

ဟာတိုဟာ ဒတ္ခ်္လိဂ္မွာ ၁၆ ပြဲ ပါဝင္ကစားေပးခဲ့ၿပီး အိုင္းယက္စ္ရဲ႕ ယူ႐ိုပါလိဂ္ပြဲစဥ္ ၆ ပြဲစလုံးမွာ ပြဲထြက္ပါဝင္ကစားေပးခဲ့ရာမွာ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ၂ ႀကိမ္အထိ အသင္းေခါင္းေဆာင္အေနနဲ႔ပါ ပါဝင္ကစားေပးခဲ့တာ ျဖစ္ပါတယ္။

ဒီလိုမ်ိဳး ရာသီပထမပိုင္းအတြင္းမွာ လ်င္လ်င္ျမန္ျမန္ ေျခစြမ္းပိုင္း ျမင့္တက္လာခဲ့တာေၾကာင့္ ဟာတိုဟာ နယ္သာလန္လက္ေ႐ြးစင္လူစာရင္းထဲကိုေတာင္ ေခၚယူျခင္းခံခဲ့ရၿပီး ဂီဘရယ္လ္တာနဲ႔ပြဲစဥ္မွာ လက္ေ႐ြးစင္ကစားသမားဘဝ ပြဲဦးထြက္အျဖစ္ ပထမပိုင္းအၿပီး ဗန္ဒိုက္ရဲ႕ ေနရာမွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဟာတိုဟာ ဘယ္ေနာက္ခံအျဖစ္ေရာ ဗဟိုခံစစ္ ဘယ္ျခမ္းမွာပါ ကစားႏိုင္သူျဖစ္ၿပီး ခံစစ္ညာျခမ္းမွာ အလားတူ ကစားေပးႏိုင္တဲ့ တင္းဘားေနရာအတြက္ ၿပီးျပည့္စုံတဲ့ ျဖည့္စြက္မႈျဖစ္လာလိမ့္မယ္လို႔ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ဆယ္ေက်ာ္သက္ေနာက္ခံလူ ေရာက္ရွိလာႏိုင္ေျခရွိေနတာက အာတီတာအတြက္ ခံစစ္မွာ ေ႐ြးခ်ယ္စရာအမ်ားအျပား ရရွိေစမွာျဖစ္ေပမယ့္လည္း ယာကုဘ္ ခီဗီေယာရဲ႕ အနာဂတ္အတြက္ေတာ့ ေမးခြန္းထုတ္စရာျဖစ္လာမွာျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ေပါင္ ၂၁ သန္းနဲ႔ စပီးဇီးယားကေန ေျပာင္းေ႐ႊ႕လာခဲ့ေပမယ့္လည္း ပြဲထြက္လူစာရင္းထဲ ပါဝင္ကစားခြင့္ရရွိဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး လက္ရွိမွာ ဂ်ဴဗင္တပ္၊ နာပိုလီနဲ႔ ေအစီမီလန္တို႔လိုအသင္းေတြရဲ႕ စိတ္ဝင္စားမႈကို ခံေနရတာျဖစ္ပါတယ္။

အာဆင္နယ္ကို ဆြဲေဆာင္ေနတဲ့ ေနာက္ထပ္တစ္ခ်က္က ဟာတိုဟာ အိုင္းယက္စ္ အကယဒ္မီထြက္ျဖစ္တာေၾကာင့္ တင္းဘား ေရာက္ေရာက္လာခ်င္းမွာ လ်င္လ်င္ျမန္ျမန္ အသားက်သြားခဲ့သလိုမ်ိဳး ျဖစ္ႏိုင္တယ္လို႔ ယူဆေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဟာတိုကို ေခၚယူမယ္ဆိုရင္ေတာ့ ေစ်းေပါေပါနဲ႔ ေခၚယူလို႔ ရမွာမဟုတ္ဘဲ ၿပီးခဲ့တဲ့အေျပာင္းအေ႐ႊ႕ေစ်းကြက္ေတြမွာ ႀကီးမားတဲ့ေငြေၾကးသုံးစြဲမႈေတြ ျပဳလုပ္ခဲ့တဲ့ အာဆင္နယ္အတြက္ ျပႆနာျဖစ္လာႏိုင္ပါတယ္။

အာဆင္နယ္ဟာ ေနာက္ထပ္ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ေနာက္ခံလူ ဒီလိုက္တ္ကို အလြန္သေဘာက်ေနသလို ေဒါ့မြန္ေနာက္ခံလူ ရွေလာ့တာဘက္ခ္ကိုလည္း ႏွစ္သက္ေနၿပီး ဒီအေျပာင္းအေ႐ႊ႕ေတြက ပိုလို႔ေတာင္ တန္ဖိုးႀကီးမားႏိုင္ပါတယ္။

Arsenal Myanmar

Ref: Internet