ဇန်နဝါရီမှာ ချဲလ်ဆီးနဲ့အပြိုင် တိုက်စစ်မှူးခေါ်ယူမယ့် အာဆင်နယ် 615 410 coyg

ဇန်နဝါရီမှာ ချဲလ်ဆီးနဲ့အပြိုင် တိုက်စစ်မှူးခေါ်ယူမယ့် အာဆင်နယ်

ချဲလ်ဆီး၊ အာဆင်နယ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ဟာ ဇန်နဝါရီလမှာ သွင်းဂိုး၊ ဂိုးဖန်တီးမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ ကစားသမားမျိုးကို ခေါ်ယူဖို့ ကြိုးပမ်းသွားကြဖွယ်ရှိပါတယ်။

ဘရန့်တ်ဖို့ဒ်ဟာ ဇန်နဝါရီလမှာ စာချုပ်သက်တမ်း ၁၈ လသာ ကျန်ရှိတော့မယ့် ကစားသမားတစ်ဦးအတွက် အနည်းဆုံး ပေါင်သန်း ၆၀ အထိ တောင်းဆိုသွားမှာဖြစ်ပြီး သင့်တော်တဲ့စျေးနှုန်းမရဘူးဆိုရင် လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလမတိုင်ခင်အထိ ရောင်းထုတ်သွားဖွယ်မရှိတာဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်က အိုင်ဗန် တိုနီဟာ ၎င်းတို့အတွက် သွင်းဂိုးတွေ ရရှိအောင် ကူညီပေးနိုင်မယ်ဆိုတာကို သိနေတာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးဟာ အက်ဖ်အေရဲ့ လောင်းကစားစည်းမျဉ်းချိုးဖောက်မှုကြောင့် ၈ လပွဲပယ်ခံထားရတဲ့အတွက် ဇန်နဝါရီလမတိုင်ခင်အထိ လွဲချော်မှာဖြစ်ပါတယ်။

တိုနီဟာ ယခုအပတ်မှာ လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကို စွန့်ခွာဖို့ ဆန္ဒရှိနေတဲ့ အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူချင်နေတဲ့အသင်းတွေကလည်း တန်းစီနေတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့်လည်း ပွဲပယ်ခံရနိုင်ခြေရှိတာကြောင့် နောက်ဆုတ်သွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ရာ့စ်မွတ် ဟွိုင်လွန်းကို ခေါ်ယူခဲ့ပြီးဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ တိုနီသာ ပွဲပယ်မခံခဲ့ရရင် ကျိန်းသေပေါက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့မှာဖြစ်ပြီး ဘရန့်တ်ဖို့ဒ် တိုက်စစ်မှူးဟာ လွန်ခဲ့တဲ့ နှစ်ပိုင်းက အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ပွဲအပြီး လူမှုကွန်ရက်ပေါ်မှာ လေတိုက်ခဲ့ပေမယ့်လည်း စပိန်လူမျိုးနည်းပြရဲ့ နှစ်သက်သဘောကျခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

တိုနီဟာ အာဆင်နယ်တိုက်စစ်မှာ ကင်းမဲ့နေတဲ့ ရုပ်ပိုင်းဆိုင်ရာအားကောင်းမှုကို ပိုင်ဆိုင်ထားပြီး ဂါဘရီယဲလ် ဂျေးဇုကို ဘယ်တောင်ပံကနေ အသုံးပြုပြီး အထောင်တိုက်စစ်မှူးအဖြစ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဇန်နဝါရီလမှာ ၎င်းတို့ရဲ့ ဆုဖလားစိန်ခေါ်နိုင်စွမ်းကို တိုးမြှင့်ချင်တယ်ဆိုရင် ဂိုးရှေ့မှာ အညှာအတာကင်းမဲ့တဲ့ အထောင်တိုက်စစ်မှူးမျိုး လိုအပ်ပြီး ချဲလ်ဆီးနဲ့ စပါးစ်တို့ကလည်း သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ပြုလုပ်နိုင်တဲ့ တိုက်စစ်မှူးမျိုး လိုအပ်နေတာကြောင့် လက်တင်သုံးလို့ရမယ့် အိုင်ဗန် တိုနီကို ပစ်မှတ်ထားနေကြတာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးတို႔ဟာ ဇန္နဝါရီလမွာ သြင္းဂိုး၊ ဂိုးဖန္တီးမႈေတြနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတဲ့ ကစားသမားမ်ိဳးကို ေခၚယူဖို႔ ႀကိဳးပမ္းသြားၾကဖြယ္ရွိပါတယ္။

ဘရန႔္တ္ဖို႔ဒ္ဟာ ဇန္နဝါရီလမွာ စာခ်ဳပ္သက္တမ္း ၁၈ လသာ က်န္ရွိေတာ့မယ့္ ကစားသမားတစ္ဦးအတြက္ အနည္းဆုံး ေပါင္သန္း ၆၀ အထိ ေတာင္းဆိုသြားမွာျဖစ္ၿပီး သင့္ေတာ္တဲ့ေစ်းႏႈန္းမရဘူးဆိုရင္ လာမယ့္ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္အထိ ေရာင္းထုတ္သြားဖြယ္မရွိတာျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္က အိုင္ဗန္ တိုနီဟာ ၎တို႔အတြက္ သြင္းဂိုးေတြ ရရွိေအာင္ ကူညီေပးႏိုင္မယ္ဆိုတာကို သိေနတာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးဟာ အက္ဖ္ေအရဲ႕ ေလာင္းကစားစည္းမ်ဥ္းခ်ိဳးေဖာက္မႈေၾကာင့္ ၈ လပြဲပယ္ခံထားရတဲ့အတြက္ ဇန္နဝါရီလမတိုင္ခင္အထိ လြဲေခ်ာ္မွာျဖစ္ပါတယ္။

တိုနီဟာ ယခုအပတ္မွာ ေလ့က်င့္ေရး ျပန္ဆင္းေနၿပီျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ဆႏၵရွိေနတဲ့ အဂၤလန္တိုက္စစ္မႉးကို ေခၚယူခ်င္ေနတဲ့အသင္းေတြကလည္း တန္းစီေနတာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္က ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္လည္း ပြဲပယ္ခံရႏိုင္ေျခရွိတာေၾကာင့္ ေနာက္ဆုတ္သြားခဲ့တာျဖစ္ၿပီး လက္ရွိမွာ ရာ့စ္မြတ္ ဟြိဳင္လြန္းကို ေခၚယူခဲ့ၿပီးျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ တိုနီသာ ပြဲပယ္မခံခဲ့ရရင္ က်ိန္းေသေပါက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့မွာျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ တိုက္စစ္မႉးဟာ လြန္ခဲ့တဲ့ ႏွစ္ပိုင္းက အာဆင္နယ္ကို အႏိုင္ရခဲ့တဲ့ပြဲအၿပီး လူမႈကြန္ရက္ေပၚမွာ ေလတိုက္ခဲ့ေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပရဲ႕ ႏွစ္သက္သေဘာက်ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။

တိုနီဟာ အာဆင္နယ္တိုက္စစ္မွာ ကင္းမဲ့ေနတဲ့ ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းမႈကို ပိုင္ဆိုင္ထားၿပီး ဂါဘရီယဲလ္ ေဂ်းဇုကို ဘယ္ေတာင္ပံကေန အသုံးျပဳၿပီး အေထာင္တိုက္စစ္မႉးအျဖစ္နဲ႔ အသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဇန္နဝါရီလမွာ ၎တို႔ရဲ႕ ဆုဖလားစိန္ေခၚႏိုင္စြမ္းကို တိုးျမႇင့္ခ်င္တယ္ဆိုရင္ ဂိုးေရွ႕မွာ အညႇာအတာကင္းမဲ့တဲ့ အေထာင္တိုက္စစ္မႉးမ်ိဳး လိုအပ္ၿပီး ခ်ဲလ္ဆီးနဲ႔ စပါးစ္တို႔ကလည္း သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြ ျပဳလုပ္ႏိုင္တဲ့ တိုက္စစ္မႉးမ်ိဳး လိုအပ္ေနတာေၾကာင့္ လက္တင္သုံးလို႔ရမယ့္ အိုင္ဗန္ တိုနီကို ပစ္မွတ္ထားေနၾကတာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet