ဆေးရုံအုပ်ကြီးကြောင့် ပေါင် ၄၇ သန်းတန်ကစားသမားကို မခေါ်ဘဲ နေခဲ့တဲ့ အာဆင်နယ်
အပြောင်းအရွှေ့အထူးကျွမ်းကျင်သူ ဂျာနယ်လစ် ဖက်ဘရီဇီယို ရိုမာနိုရဲ့ ပြောကြားချက်အရ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ သောမတ်စ် ပါတေးက အသင်းမှာ ဆက်နေခဲ့ပြီးနောက် ရူဘင် နက်ဗက်စ်ကို ခေါ်ယူမယ့် ပြိုင်ပွဲထဲကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ ဝုလ်ဗ်စ်မှာ ကြယ်ပွင့်ကစားသမားဖြစ်နေခဲ့သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာရှိနေတဲ့ အသင်းကြီးတိုင်းနဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ကလည်း အဲဒီအသင်းကြီးတွေထဲက တစ်သင်းဖြစ်ခဲ့ပြီး ရိုမာနိုက လက်ရှိမှာတော့ ဂန်းနားတွေဟာ ကစားသမားရဲ့ အေးဂျင့်နဲ့တောင် ပြောဆိုဆွေးနွေးခဲ့တဲ့အကြောင်း အတည်ပြုခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ကွင်းလယ်ကစားသမားသစ်ခေါ်ယူဖို့ စျေးကွက်ထဲ ရှာဖွေခဲ့ပြီး ဝက်စ်ဟမ်းက ဒီကလန် ရိုက်နဲ့ ချဲလ်ဆီးက ကိုင် ဟာဗတ်ဇ်တို့ကို ခေါ်ယူခဲ့ပေမယ့် အာတီတာဟာ ကွင်းလယ်မှာ နောက်ထပ်ကစားသမားတစ်ဦးခေါ်ယူချင်ခဲ့တာ ဖြစ်ပါတယ်။
ဒီအပတ်မှာ ရူဘင် နက်ဗက်စ်က အာဆင်နယ်ကို ပြီးခဲ့တဲ့နှစ်မှာ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တဲ့အကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ပေါင် ၄၇ သန်းနဲ့ ဆော်ဒီ အာရေဗျကလပ် အယ်လ်ဟီလာလ်ကိုပဲ ပြောင်းရွှေ့သွားခဲ့ရတာဖြစ်ပါတယ်။
လက်ရှိမှာ ဖက်ဘရီဇီယို ရိုမာနိုက အာဆင်နယ်ဟာ ဘာကြောင့် နက်ဗက်စ်ကို မခေါ်ယူခဲ့တာလဲဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်ပြီး ဂန်းနားတွေဟာ သောမတ်စ် ပါတေးရဲ့ နေရာမှာ အစားထိုးခေါ်ယူမှုအဖြစ်နဲ့သာ ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ကို လိုချင်ခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဂါနာကွင်းလယ်လူက အမ်းမရိတ်စ်ကနေ ဘယ်ကိုမှ သွားမှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီးနောက်မှာ အာဆင်နယ်ဟာ နက်ဗက်စ်ကို ခေါ်ယူဖို့ ပြောဆိုဆွေးနွေးမှုတွေအကုန် ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။
ရူဘင် နက်ဗက်စ်ရဲ့ မှတ်ချက်နဲ့ပတ်သက်ပြီး ရိုမာနိုက “ဒီနေရာမှာ သူ ဘာကိုဆိုလိုလဲဆိုတာကို ရှင်းလင်းဖို့ဆိုရင် ဘာစီလိုနာက နက်ဗက်စ်နဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေအပေါ်မှာ သဘောတူညီမှုရခဲ့တယ်။ အာဆင်နယ်က သူ့အေးဂျင့်ကို အပြောင်းအရွှေ့အတွက် မေးမြန်းခဲ့ပေမယ့် ဘာစီလိုနာထက်တော့ အခွင့်အရေး နည်းနေခဲ့ပါတယ်။ အဆုံးမှာတော့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့ဘူး။ ဘာလို့လဲဆိုတော့ ဝုလ်ဗ်စ်က ယူရိုသန်း ၄၀ ကျော်မှ မရရင် သူ့ကို မရောင်းချင်လို့ပါ။ အယ်လ်ဟီလာလ်ဆီကနေပဲ အကောင်းဆုံး ကမ်းလှမ်းမှုရခဲ့ပါတယ်။ ပိုက်ဆံက အဓိကပြဿနာပဲ။ ဘာစီလိုနာအနေနဲ့ ဒီကမ်းလှမ်းမှုအတိုင်း လိုက်ကမ်းလှမ်းဖို့ မဖြစ်နိုင်ဘူး။ အာဆင်နယ်ကလည်း သောမတ်စ် ပါတေးက အသင်းမှာပဲ ဆက်နေမယ်ဆိုတဲ့ ပြောဆိုမှုထွက်လာပြီးတဲ့နောက် ဆက်ပြီး မဆွေးနွေးတော့ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အေျပာင္းအေ႐ႊ႕အထူးကြၽမ္းက်င္သူ ဂ်ာနယ္လစ္ ဖက္ဘရီဇီယို ႐ိုမာႏိုရဲ႕ ေျပာၾကားခ်က္အရ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေသာမတ္စ္ ပါေတးက အသင္းမွာ ဆက္ေနခဲ့ၿပီးေနာက္ ႐ူဘင္ နက္ဗက္စ္ကို ေခၚယူမယ့္ ၿပိဳင္ပြဲထဲကေန ႏုတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။
ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ဟာ ဝုလ္ဗ္စ္မွာ ၾကယ္ပြင့္ကစားသမားျဖစ္ေနခဲ့သူျဖစ္ၿပီး ပရီးမီးယားလိဂ္မွာရွိေနတဲ့ အသင္းႀကီးတိုင္းနဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ကလည္း အဲဒီအသင္းႀကီးေတြထဲက တစ္သင္းျဖစ္ခဲ့ၿပီး ႐ိုမာႏိုက လက္ရွိမွာေတာ့ ဂန္းနားေတြဟာ ကစားသမားရဲ႕ ေအးဂ်င့္နဲ႔ေတာင္ ေျပာဆိုေဆြးေႏြးခဲ့တဲ့အေၾကာင္း အတည္ျပဳခဲ့ၿပီျဖစ္ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ကြင္းလယ္ကစားသမားသစ္ေခၚယူဖို႔ ေစ်းကြက္ထဲ ရွာေဖြခဲ့ၿပီး ဝက္စ္ဟမ္းက ဒီကလန္ ႐ိုက္နဲ႔ ခ်ဲလ္ဆီးက ကိုင္ ဟာဗတ္ဇ္တို႔ကို ေခၚယူခဲ့ေပမယ့္ အာတီတာဟာ ကြင္းလယ္မွာ ေနာက္ထပ္ကစားသမားတစ္ဦးေခၚယူခ်င္ခဲ့တာ ျဖစ္ပါတယ္။
ဒီအပတ္မွာ ႐ူဘင္ နက္ဗက္စ္က အာဆင္နယ္ကို ၿပီးခဲ့တဲ့ႏွစ္မွာ ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ေပါင္ ၄၇ သန္းနဲ႔ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္ဟီလာလ္ကိုပဲ ေျပာင္းေ႐ႊ႕သြားခဲ့ရတာျဖစ္ပါတယ္။
လက္ရွိမွာ ဖက္ဘရီဇီယို ႐ိုမာႏိုက အာဆင္နယ္ဟာ ဘာေၾကာင့္ နက္ဗက္စ္ကို မေခၚယူခဲ့တာလဲဆိုတာကို ထုတ္ေဖာ္ေျပာဆိုလိုက္ၿပီး ဂန္းနားေတြဟာ ေသာမတ္စ္ ပါေတးရဲ႕ ေနရာမွာ အစားထိုးေခၚယူမႈအျဖစ္နဲ႔သာ ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ကို လိုခ်င္ခဲ့တာလို႔ သိရပါတယ္။
ဒါေပမယ့္လည္း ဒဏ္ရာျပႆနာေတြနဲ႔ ႐ုန္းကန္ေနရတဲ့ ဂါနာကြင္းလယ္လူက အမ္းမရိတ္စ္ကေန ဘယ္ကိုမွ သြားမွာမဟုတ္ဘူးလို႔ အတည္ျပဳခဲ့ၿပီးေနာက္မွာ အာဆင္နယ္ဟာ နက္ဗက္စ္ကို ေခၚယူဖို႔ ေျပာဆိုေဆြးေႏြးမႈေတြအကုန္ ရပ္ဆိုင္းခဲ့တာျဖစ္ပါတယ္။
႐ူဘင္ နက္ဗက္စ္ရဲ႕ မွတ္ခ်က္နဲ႔ပတ္သက္ၿပီး ႐ိုမာႏိုက “ဒီေနရာမွာ သူ ဘာကိုဆိုလိုလဲဆိုတာကို ရွင္းလင္းဖို႔ဆိုရင္ ဘာစီလိုနာက နက္ဗက္စ္နဲ႔ ပုဂၢိဳလ္ေရးအခ်က္အလက္ေတြအေပၚမွာ သေဘာတူညီမႈရခဲ့တယ္။ အာဆင္နယ္က သူ႔ေအးဂ်င့္ကို အေျပာင္းအေ႐ႊ႕အတြက္ ေမးျမန္းခဲ့ေပမယ့္ ဘာစီလိုနာထက္ေတာ့ အခြင့္အေရး နည္းေနခဲ့ပါတယ္။ အဆုံးမွာေတာ့ အေျပာင္းအေ႐ႊ႕က ျဖစ္မလာခဲ့ဘူး။ ဘာလို႔လဲဆိုေတာ့ ဝုလ္ဗ္စ္က ယူ႐ိုသန္း ၄၀ ေက်ာ္မွ မရရင္ သူ႔ကို မေရာင္းခ်င္လို႔ပါ။ အယ္လ္ဟီလာလ္ဆီကေနပဲ အေကာင္းဆုံး ကမ္းလွမ္းမႈရခဲ့ပါတယ္။ ပိုက္ဆံက အဓိကျပႆနာပဲ။ ဘာစီလိုနာအေနနဲ႔ ဒီကမ္းလွမ္းမႈအတိုင္း လိုက္ကမ္းလွမ္းဖို႔ မျဖစ္ႏိုင္ဘူး။ အာဆင္နယ္ကလည္း ေသာမတ္စ္ ပါေတးက အသင္းမွာပဲ ဆက္ေနမယ္ဆိုတဲ့ ေျပာဆိုမႈထြက္လာၿပီးတဲ့ေနာက္ ဆက္ၿပီး မေဆြးေႏြးေတာ့ဖို႔ ဆုံးျဖတ္ခဲ့တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News