ဆုဖလားဟောကိန်းကို ပြင်ဆင်လိုက်တဲ့ အီယန် ရိုက်
အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က ဂန်းနားတွေနဲ့ လီဗာပူးလ်တို့ တနင်္ဂနွေနေ့မှာ ခြေချော်ခဲ့ကြပြီးနောက် ပရီးမီးယားလိဂ်ဖလားအတွက် မန်စီးတီးက ရေပန်းအစားဆုံးဖြစ်သွားပြီလို့ ဝန်ခံခဲ့ပါတယ်။
ယာဂန် ကလော့ပ်ရဲ့အသင်းဟာ အန်းဖီးမှာ ခရစ္စတယ် ပဲလေ့စ်ကို ၁-၀ နဲ့ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အာတီတာရဲ့အသင်းကလည်း အမ်းမရိတ်စ်မှာ အက်စတန် ဗီလာကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် စနေနေ့က လူတန်ကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ မန်ချက်စတာစီးတီးဟာ ရာသီကုန်ဖို့ ၆ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ဆက်လက် ဦးဆောင်နိုင်ခွင့် ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
အီယန် ရိုက်က အာဆင်နယ် ဖလားရမယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပြီး အသင်းဟောင်းဆီ ပြန်လာတဲ့ အူနိုင်း အမ်မရီရဲ့အသင်းကို အလွယ်တကူနဲ့ အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်ချက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက် ဂွါဒီယိုလာရဲ့အသင်းအနေနဲ့ လက်ကျန် ၆ ပွဲစလုံးမှာ ရှုံးနိမ့်ဖို့ မမြင်တော့တာကြောင့် မန်စီးတီးကပဲ ဆုဖလားရသွားတော့မယ်လို့ အီယန် ရိုက်က ဟောကိန်းထုတ်လိုက်တာဖြစ်ပါတယ်။
“မန်စီးတီးက လီဗာပူးလ်နဲ့ အာဆင်နယ်တို့ ဒီနေ့မှာ ရှုံးနိမ့်သွားလိမ့်မယ်လို့ တွေးခဲ့မှာမဟုတ်ပါဘူး။ စီးတီးက ဒီအခြေအနေကနေ ဘယ်လိုဆက်သွားရမလဲဆိုတာကို သိတယ်။ သူတို့တွေ အခုဆိုရင် တစ်ပွဲလောက် ရှုံးလို့ရနိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့တွေ တစ်ပွဲမှ ရှုံးမယ်လို့ မမြင်ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအတွက် လက်ကျန် ၆ ပွဲထဲမှာ အခက်ခဲဆုံးပွဲစဉ်ဖြစ်လာနိုင်တဲ့ပွဲကတော့ မေလမှာ တော့တင်ဟမ်ဟော့စပါးအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲဖြစ်ပေမယ့် အာဆင်နယ်က အရင်သွားပြီး ကစားရမှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က ဂန္းနားေတြနဲ႔ လီဗာပူးလ္တို႔ တနဂၤေႏြေန႔မွာ ေျခေခ်ာ္ခဲ့ၾကၿပီးေနာက္ ပရီးမီးယားလိဂ္ဖလားအတြက္ မန္စီးတီးက ေရပန္းအစားဆုံးျဖစ္သြားၿပီလို႔ ဝန္ခံခဲ့ပါတယ္။
ယာဂန္ ကေလာ့ပ္ရဲ႕အသင္းဟာ အန္းဖီးမွာ ခရစၥတယ္ ပဲေလ့စ္ကို ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး အာတီတာရဲ႕အသင္းကလည္း အမ္းမရိတ္စ္မွာ အက္စတန္ ဗီလာကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ စေနေန႔က လူတန္ကို ၅-၁ နဲ႔ အႏိုင္ရခဲ့တဲ့ မန္ခ်က္စတာစီးတီးဟာ ရာသီကုန္ဖို႔ ၆ ပြဲသာ လိုေတာ့တဲ့အခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂ မွတ္အသာနဲ႔ ဆက္လက္ ဦးေဆာင္ႏိုင္ခြင့္ ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။
အီယန္ ႐ိုက္က အာဆင္နယ္ ဖလားရမယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ၿပီး အသင္းေဟာင္းဆီ ျပန္လာတဲ့ အူႏိုင္း အမ္မရီရဲ႕အသင္းကို အလြယ္တကူနဲ႔ အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ခ်က္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဂြါဒီယိုလာရဲ႕အသင္းအေနနဲ႔ လက္က်န္ ၆ ပြဲစလုံးမွာ ရႈံးနိမ့္ဖို႔ မျမင္ေတာ့တာေၾကာင့္ မန္စီးတီးကပဲ ဆုဖလားရသြားေတာ့မယ္လို႔ အီယန္ ႐ိုက္က ေဟာကိန္းထုတ္လိုက္တာျဖစ္ပါတယ္။
“မန္စီးတီးက လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ ဒီေန႔မွာ ရႈံးနိမ့္သြားလိမ့္မယ္လို႔ ေတြးခဲ့မွာမဟုတ္ပါဘူး။ စီးတီးက ဒီအေျခအေနကေန ဘယ္လိုဆက္သြားရမလဲဆိုတာကို သိတယ္။ သူတို႔ေတြ အခုဆိုရင္ တစ္ပြဲေလာက္ ရႈံးလို႔ရႏိုင္ပါေသးတယ္။ ဒါေပမယ့္ သူတို႔ေတြ တစ္ပြဲမွ ရႈံးမယ္လို႔ မျမင္ပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးအတြက္ လက္က်န္ ၆ ပြဲထဲမွာ အခက္ခဲဆုံးပြဲစဥ္ျဖစ္လာႏိုင္တဲ့ပြဲကေတာ့ ေမလမွာ ေတာ့တင္ဟမ္ေဟာ့စပါးအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲျဖစ္ေပမယ့္ အာဆင္နယ္က အရင္သြားၿပီး ကစားရမွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News