ဆာကာရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အတွင်းလူဆီက ကြားခဲ့ရတာကို ထုတ်ဖော်ခဲ့တဲ့ သတင်းထောက် 720 405 coyg

ဆာကာရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အတွင်းလူဆီက ကြားခဲ့ရတာကို ထုတ်ဖော်ခဲ့တဲ့ သတင်းထောက်

Sky Sports သတင်းထောက် ဂယ်ရီ ကော့တရေးလ်က တနင်္ဂနွေနေ့ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားမယ့် အာဆင်နယ်ရဲ့ အရေးကြီးပွဲစဉ်မတိုင်ခင် ဘူကာယို ဆာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး နောက်ဆုံးရ သတင်းကို ပေးခဲ့ပါတယ်။

ဆာကာဟာ အင်္ဂါနေ့ညက လွန်းစ်ကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပထမပိုင်း နာရီဝက်လောက် ကစားပြီးနောက် ဒဏ်ရာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် တောင်ပံကြယ်ပွင့်ဟာ ဂါဘရီယဲလ် ဂျေးဇုရဲ့ အဖွင့်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

လွန်းစ်ဟာ အက်ဒရီယန် သော်မတ်ဆန်၊ ဝါဟီတို့ရဲ့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပေမယ့်လည်း ဆာကာ ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရတာက အာတီတာအတွက် အကြီးမားဆုံး စိုးရိမ်စရာ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကော်တရေးလ်က ဒဏ်ရာဟာ မြင်ရသလောက်တော့ ဆိုးချင်မှ ဆိုးလိမ့်မှာဖြစ်ပြီး လူစားလဲလှယ်ခဲ့တာဟာ ဒဏ်ရာအခြေအနေ ပိုမဆိုးအောင် ကြိုတင်ကာကွယ်မှုအနေနဲ့ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အာဆင်နယ်နဲ့ အင်္ဂလန်ပရိသတ်တွေကို မျှော်လင့်ချက်အမှား မပေးချင်ပါဘူး။ ဒါပေမယ့် အာဆင်နယ်အသင်းက လူတွေအားလုံး ခံစားနေရတာက တရားဝင်မဟုတ်သေးပေမယ့်လည်း ဆာကာရဲ့ ဒဏ်ရာက အရမ်းကြီး မဆိုးရွားနိုင်ဘူးဆိုတာပါ။ ကြွက်သား ပင်ပန်းနွမ်းနယ်မှု ဒါမှမဟုတ် ကြိုတင်ကာကွယ်မှုလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: Sky Sports သတင္းေထာက္ ဂယ္ရီ ေကာ့တေရးလ္က တနဂၤေႏြေန႔ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားမယ့္ အာဆင္နယ္ရဲ႕ အေရးႀကီးပြဲစဥ္မတိုင္ခင္ ဘူကာယို ဆာကာရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးရ သတင္းကို ေပးခဲ့ပါတယ္။

ဆာကာဟာ အဂၤါေန႔ညက လြန္းစ္ကို ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပထမပိုင္း နာရီဝက္ေလာက္ ကစားၿပီးေနာက္ ဒဏ္ရာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံၾကယ္ပြင့္ဟာ ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ အဖြင့္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

လြန္းစ္ဟာ အက္ဒရီယန္ ေသာ္မတ္ဆန္၊ ဝါဟီတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့ေပမယ့္လည္း ဆာကာ ဒဏ္ရာေၾကာင့္ ကြင္းထဲက ထြက္ခြာခဲ့ရတာက အာတီတာအတြက္ အႀကီးမားဆုံး စိုးရိမ္စရာ ျဖစ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေကာ္တေရးလ္က ဒဏ္ရာဟာ ျမင္ရသေလာက္ေတာ့ ဆိုးခ်င္မွ ဆိုးလိမ့္မွာျဖစ္ၿပီး လူစားလဲလွယ္ခဲ့တာဟာ ဒဏ္ရာအေျခအေန ပိုမဆိုးေအာင္ ႀကိဳတင္ကာကြယ္မႈအေနနဲ႔ ျဖစ္ႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အာဆင္နယ္နဲ႔ အဂၤလန္ပရိသတ္ေတြကို ေမွ်ာ္လင့္ခ်က္အမွား မေပးခ်င္ပါဘူး။ ဒါေပမယ့္ အာဆင္နယ္အသင္းက လူေတြအားလုံး ခံစားေနရတာက တရားဝင္မဟုတ္ေသးေပမယ့္လည္း ဆာကာရဲ႕ ဒဏ္ရာက အရမ္းႀကီး မဆိုး႐ြားႏိုင္ဘူးဆိုတာပါ။ ႂကြက္သား ပင္ပန္းႏြမ္းနယ္မႈ ဒါမွမဟုတ္ ႀကိဳတင္ကာကြယ္မႈလည္း ျဖစ္ေကာင္း ျဖစ္ပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet