ဆာကာကို ဒေါသတကြီး အော်ဟစ်ခဲ့တဲ့အထိ စိတ်ပျက်ခဲ့တဲ့ အာတီတာ
အာဆင်နယ်ဟာ နှစ်သစ်ကူးနေ့ညက မဖြစ်မနေ အနိုင် ၃ မှတ် ရယူဖို့ ခရာဗင် ကော့တေ့ချ်ကို သွားရောက်ပြီး ဖူလ်ဟမ်နဲ့ ရင်ဆိုင်ခဲ့ရာမှာ အံ့အားသင့်ဖွယ် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ နာကျင်စရာရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း ပထမပိုင်း ၅ မိနစ်မှာပဲ ဘူကာယို ဆာကာရဲ့ အစောပိုင်းဦးဆောင်ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ရာအူးလ် ဟီမီနက်ဇ်က ပထမပိုင်းမပြီးခင်မှာ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ရိဒ်က ဒုတိယပိုင်းမှာ အိမ်ရှင်တွေအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာကြောင့် ဂန်းနားတွေဟာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပြီး Sky Sports က တိုက်ရိုက်ထုတ်လွှင့်မှုမှာ အရာအားလုံးကို ဖမ်းယူမပြသနိုင်ခဲ့ဘဲ ပရိသတ်တွေ သတိမထားမိခဲ့လောက်တဲ့ အခိုက်အတန့်တွေကို ဖော်ပြပေးလိုက်ပါတယ်။
မေးခွန်းတွေ မြင့်တက်လာနေတဲ့ အထောင်တိုက်စစ်မှူးနေရာ
အန်ကီးတီးယားဟာ ၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံးနေ့မှာ ပွဲထွက်ခွင့်ပေးခြင်းခံခဲ့ရပြီး အာတီတာက ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အဆုံးသတ်ညံ့ဖျင်းခဲ့တဲ့ ဂျေးဇုကို လူစာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အသင်းက ပွဲအတွက် သွေးပူလေ့ကျင့်ရေးဆင်းနေချိန်မှာ အန်ကီးတီးယားက ပွဲထွက်ကစားခွင့်ရ အသင်းဖော်တွေနဲ့ ဂိုးကန်သွင်းမှု လေ့ကျင့်ရေးကို ပူးပေါင်းခဲ့ပါတယ်။ ဘူကာယို ဆာကာ၊ မာတင် အော်ဒီဂွါဒ်တို့နဲ့ ပူးပေါင်းပြီး အန်ကီးတီးယားရဲ့ အဆုံးသတ်သွင်းယူမှုတွေဟာ မယုံနိုင်လောက်အောင် အထင်ကြီးစရာကောင်းခဲ့ပါတယ်။ အာဆင်နယ်ဂိုးသမား ၂ ဦးဖြစ်တဲ့ ရမ်းစ်ဒေးလ်နဲ့ ကားလ်ဟိန်းတို့ဟာ အန်ကီးတီးယားကန်သွင်းချက်တွေကို တစ်လုံးမှ မကာကွယ်နိုင်ခဲ့ပေမယ့်လည်း ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်းမှာတော့ ဂန်းနားတိုက်စစ်မှူးဟာ ဂိုးသွင်းယူဖို့ အခွင့်အရေး တစ်ကြိမ်တောင် အပြည့်အဝ မရခဲ့ဘဲ အထောင်တိုက်စစ်မှူးနေရာအတွက် မေးခွန်းတွေက ပိုမို မြင့်တက်လာခဲ့ပါတယ်။
ပြန်ဆုံကြတဲ့ သူငယ်ချင်းဟောင်းတွေ
နှစ်သစ်ကူးမတိုင်ခင် သူငယ်ချင်းဟောင်းတွေ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့တာဖြစ်ပြီး ဘန်းဒ် လီနိုဟာ ဂန်းနားအသင်းဖော်ဟောင်းတွေနဲ့ နှုတ်ဆက်ခွင့်ရခဲ့ပါတယ်။ ဂန်းနားအသင်းခေါင်းဆောင် မာတင်အော်ဒီဂွါဒ်အပါအဝင် လီနိုရဲ့ အာဆင်နယ်အသင်းဖော်ဟောင်းတွေ အများအပြား လက်ရှိအသင်းထဲမှာ ကစားနေပြီး ဂျာမနီလက်ရွေးစင်အသင်းဖော်လည်း ဖြစ်၊ လေဗာကူဆင်မှာ ကျောင်းနေဘက်လည်းဖြစ်ခဲ့တဲ့ ကိုင် ဟာဗတ်ဇ်နဲ့လည်း နှုတ်ဆက်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အဲလက်စ် အီဝိုဘီကလည်း ဟေးအမ်းအကယ်ဒမီအတူတူထွက်ခဲ့ကြတဲ့ အန်ကီးတီးယား၊ ဆာကာတို့နဲ့ တရင်းတနှီးနှုတ်ဆက်ခဲ့ပြီး ဒီ ၃ ယောက်ဟာ အာဆင်နယ်ရဲ့ ကျော်ကြားတဲ့ အကယ်ဒမီကနေ အတူတူ ထွက်ပေါ်လာခဲ့ကြပေမယ့်လည်း ဆာကာနဲ့ အန်ကီးတီးယားတို့ကတော့ အာတီတာရဲ့လူစာရင်းမှာ အရေးပါတဲ့သူတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။
ဆာကာနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်ခဲ့တဲ့ အာတီတာ
မီခေးလ် အာတီတာဟာ ဖူလ်ဟမ်နဲ့ပွဲစဉ်အတွင်း ပွဲချိန်အများစုမှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပထမပိုင်းအပြီးမှာ ခေါင်းငိုက်စိုက်ချပြီး တင်းမာတဲ့အမူအရာနဲ့ ဥမင်ထဲကို ဝင်သွားခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဒုတိယပိုင်း ပြန်စချိန်မှာ ဆာကာက စပိန်လူမျိုးနည်းပြရဲ့ စိတ်ပျက်မှုတွေ ပထမဆုံး ပုံချခံခဲ့ရတဲ့သူဖြစ်ခဲ့ပါတယ်။ အင်္ဂလန်တောင်ပံကစားသမားဟာ ဘောလုံးကို လက်ခံရယူခဲ့ပြီး ကွင်းလယ်ကို ဆွဲပြေးလာခဲ့ပြီးနောက် ဂါဘရီယဲလ်ဆီကို လွယ်ကူတဲ့ပေးပို့မှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာကာရဲ့ ပေးပို့မှုကို ဂါဘရီယဲလ်က မရယူနိုင်ခင်မှာ ဖူလ်ဟမ်ကစားသမားက အလွယ်တကူပဲ ကြားဖြတ်လုယူသွားတာကြောင့် ကွင်းဘေးစည်းက အာတီတာဟာ ဒေါသတကြီး လက်တွေလေထဲမှာ မြှောက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အာတီတာဟာ ပွဲချိန်တလျှောက်လုံး ၎င်းရဲ့အသင်းက ဆက်လက်ပြီး ဘောလုံးပိုင်ဆိုင်မှုရရှိနေချိန်မှာ ပေါ့လျော့မှုတွေ ဆက်လက် ပြုလုပ်နေခဲ့တာကြောင့် ဒေါသတကြီးနဲ့ အကြိမ်ပေါင်းများစွာ လက်တွေ ဝှေ့ရမ်းနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ႏွစ္သစ္ကူးေန႔ညက မျဖစ္မေန အႏိုင္ ၃ မွတ္ ရယူဖို႔ ခရာဗင္ ေကာ့ေတ့ခ်္ကို သြားေရာက္ၿပီး ဖူလ္ဟမ္နဲ႔ ရင္ဆိုင္ခဲ့ရာမွာ အံ့အားသင့္ဖြယ္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ နာက်င္စရာရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေပမယ့္လည္း ပထမပိုင္း ၅ မိနစ္မွာပဲ ဘူကာယို ဆာကာရဲ႕ အေစာပိုင္းဦးေဆာင္ဂိုးနဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ရာအူးလ္ ဟီမီနက္ဇ္က ပထမပိုင္းမၿပီးခင္မွာ ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ရိဒ္က ဒုတိယပိုင္းမွာ အိမ္ရွင္ေတြအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာေၾကာင့္ ဂန္းနားေတြဟာ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ၿပီး Sky Sports က တိုက္႐ိုက္ထုတ္လႊင့္မႈမွာ အရာအားလုံးကို ဖမ္းယူမျပသႏိုင္ခဲ့ဘဲ ပရိသတ္ေတြ သတိမထားမိခဲ့ေလာက္တဲ့ အခိုက္အတန႔္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
ေမးခြန္းေတြ ျမင့္တက္လာေနတဲ့ အေထာင္တိုက္စစ္မႉးေနရာ
အန္ကီးတီးယားဟာ ၂၀၂၃ ခုႏွစ္ရဲ႕ ေနာက္ဆုံးေန႔မွာ ပြဲထြက္ခြင့္ေပးျခင္းခံခဲ့ရၿပီး အာတီတာက ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ အဆုံးသတ္ညံ့ဖ်င္းခဲ့တဲ့ ေဂ်းဇုကို လူစာရင္းကေန ခ်န္လွပ္ဖို႔ ဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။ အသင္းက ပြဲအတြက္ ေသြးပူေလ့က်င့္ေရးဆင္းေနခ်ိန္မွာ အန္ကီးတီးယားက ပြဲထြက္ကစားခြင့္ရ အသင္းေဖာ္ေတြနဲ႔ ဂိုးကန္သြင္းမႈ ေလ့က်င့္ေရးကို ပူးေပါင္းခဲ့ပါတယ္။ ဘူကာယို ဆာကာ၊ မာတင္ ေအာ္ဒီဂြါဒ္တို႔နဲ႔ ပူးေပါင္းၿပီး အန္ကီးတီးယားရဲ႕ အဆုံးသတ္သြင္းယူမႈေတြဟာ မယုံႏိုင္ေလာက္ေအာင္ အထင္ႀကီးစရာေကာင္းခဲ့ပါတယ္။ အာဆင္နယ္ဂိုးသမား ၂ ဦးျဖစ္တဲ့ ရမ္းစ္ေဒးလ္နဲ႔ ကားလ္ဟိန္းတို႔ဟာ အန္ကီးတီးယားကန္သြင္းခ်က္ေတြကို တစ္လုံးမွ မကာကြယ္ႏိုင္ခဲ့ေပမယ့္လည္း ဖူလ္ဟမ္နဲ႔ပြဲစဥ္အတြင္းမွာေတာ့ ဂန္းနားတိုက္စစ္မႉးဟာ ဂိုးသြင္းယူဖို႔ အခြင့္အေရး တစ္ႀကိမ္ေတာင္ အျပည့္အဝ မရခဲ့ဘဲ အေထာင္တိုက္စစ္မႉးေနရာအတြက္ ေမးခြန္းေတြက ပိုမို ျမင့္တက္လာခဲ့ပါတယ္။
ျပန္ဆုံၾကတဲ့ သူငယ္ခ်င္းေဟာင္းေတြ
ႏွစ္သစ္ကူးမတိုင္ခင္ သူငယ္ခ်င္းေဟာင္းေတြ ျပန္လည္ဆုံေတြ႕ခြင့္ရခဲ့တာျဖစ္ၿပီး ဘန္းဒ္ လီႏိုဟာ ဂန္းနားအသင္းေဖာ္ေဟာင္းေတြနဲ႔ ႏႈတ္ဆက္ခြင့္ရခဲ့ပါတယ္။ ဂန္းနားအသင္းေခါင္းေဆာင္ မာတင္ေအာ္ဒီဂြါဒ္အပါအဝင္ လီႏိုရဲ႕ အာဆင္နယ္အသင္းေဖာ္ေဟာင္းေတြ အမ်ားအျပား လက္ရွိအသင္းထဲမွာ ကစားေနၿပီး ဂ်ာမနီလက္ေ႐ြးစင္အသင္းေဖာ္လည္း ျဖစ္၊ ေလဗာကူဆင္မွာ ေက်ာင္းေနဘက္လည္းျဖစ္ခဲ့တဲ့ ကိုင္ ဟာဗတ္ဇ္နဲ႔လည္း ႏႈတ္ဆက္ခြင့္ရခဲ့တာျဖစ္ပါတယ္။ အဲလက္စ္ အီဝိုဘီကလည္း ေဟးအမ္းအကယ္ဒမီအတူတူထြက္ခဲ့ၾကတဲ့ အန္ကီးတီးယား၊ ဆာကာတို႔နဲ႔ တရင္းတႏွီးႏႈတ္ဆက္ခဲ့ၿပီး ဒီ ၃ ေယာက္ဟာ အာဆင္နယ္ရဲ႕ ေက်ာ္ၾကားတဲ့ အကယ္ဒမီကေန အတူတူ ထြက္ေပၚလာခဲ့ၾကေပမယ့္လည္း ဆာကာနဲ႔ အန္ကီးတီးယားတို႔ကေတာ့ အာတီတာရဲ႕လူစာရင္းမွာ အေရးပါတဲ့သူေတြ ျဖစ္ခဲ့ၾကတာျဖစ္ပါတယ္။
ဆာကာနဲ႔ပတ္သက္ၿပီး မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တဲ့ အာတီတာ
မီေခးလ္ အာတီတာဟာ ဖူလ္ဟမ္နဲ႔ပြဲစဥ္အတြင္း ပြဲခ်ိန္အမ်ားစုမွာ စိတ္ပ်က္လက္ပ်က္ျဖစ္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ပထမပိုင္းအၿပီးမွာ ေခါင္းငိုက္စိုက္ခ်ၿပီး တင္းမာတဲ့အမူအရာနဲ႔ ဥမင္ထဲကို ဝင္သြားခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဒုတိယပိုင္း ျပန္စခ်ိန္မွာ ဆာကာက စပိန္လူမ်ိဳးနည္းျပရဲ႕ စိတ္ပ်က္မႈေတြ ပထမဆုံး ပုံခ်ခံခဲ့ရတဲ့သူျဖစ္ခဲ့ပါတယ္။ အဂၤလန္ေတာင္ပံကစားသမားဟာ ေဘာလုံးကို လက္ခံရယူခဲ့ၿပီး ကြင္းလယ္ကို ဆြဲေျပးလာခဲ့ၿပီးေနာက္ ဂါဘရီယဲလ္ဆီကို လြယ္ကူတဲ့ေပးပို႔မႈျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာကာရဲ႕ ေပးပို႔မႈကို ဂါဘရီယဲလ္က မရယူႏိုင္ခင္မွာ ဖူလ္ဟမ္ကစားသမားက အလြယ္တကူပဲ ၾကားျဖတ္လုယူသြားတာေၾကာင့္ ကြင္းေဘးစည္းက အာတီတာဟာ ေဒါသတႀကီး လက္ေတြေလထဲမွာ ေျမႇာက္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အာတီတာဟာ ပြဲခ်ိန္တေလွ်ာက္လုံး ၎ရဲ႕အသင္းက ဆက္လက္ၿပီး ေဘာလုံးပိုင္ဆိုင္မႈရရွိေနခ်ိန္မွာ ေပါ့ေလ်ာ့မႈေတြ ဆက္လက္ ျပဳလုပ္ေနခဲ့တာေၾကာင့္ ေဒါသတႀကီးနဲ႔ အႀကိမ္ေပါင္းမ်ားစြာ လက္ေတြ ေဝွ႔ရမ္းေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News