ဆာကာကို ထိပ်တန်းဂိုးသွင်းရှင် မဖြစ်စေချင်ဘူးလို့ ဝန်ခံခဲ့တဲ့ ဒေးဗစ် ဆီးမန်း
အာဆင်နယ်ဂန္တဝင်ဂိုးသမားကြီး ဒေးဗစ် ဆီးမန်းက ဘူကာယို ဆာကာအနေနဲ့ ယခုရာသီကို အာဆင်နယ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် အဆုံးသတ်နိုင်ပေမယ့် အဲဒီလိုမဖြစ်ဖို့ မျှော်လင့်မိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဆီးမန်းက ယခုရာသီမှာ အင်္ဂလန်တောင်ပံကစားသမားအနေနဲ့ သွင်းဂိုး ဘယ်လောက်များများ သွင်းနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာဖြစ်ပြီး ဆာကာဟာ ပြီးခဲ့တဲ့နှစ်မှာ အံ့အားသင့်ဖွယ်ကောင်းမွန်တဲ့ ရာသီကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အတွက် တစ်ရာသီအတွင်း သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ကိန်းဂဏန်း ၂ လုံးအထိ ရောက်ရှိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး မာတီနယ်လီနဲ့ အော်ဒီဂွါဒ်တို့ထက် ၁ ဂိုးလျော့နဲ့ ရာသီပြီးဆုံးခဲ့ပေမယ့် ယခုရာသီမှာတော့ သွင်းဂိုး ရရှိထားပြီးဖြစ်ပါတယ်။
အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ ဂန်းနားတွေအတွက် အနိုင် ၃ မှတ်ရရှိစေခဲ့တဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဆီးမန်းက ဆာကာအနေနဲ့ အာဆင်နယ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရာသီပြီးဆုံးနိုင်ခြေရှိလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ဂိုးများများသွင်းယူနိုင်စေချင်ပေမယ့် ထိပ်တန်းဂိုးသွင်းရှင်မဖြစ်ဖို့ မျှော်လင့်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
“သူက အာဆင်နယ်ရဲ့ထိပ်တန်းဂိုးသွင်းရှင်မဖြစ်ပါစေနဲ့လို့ ကျွန်တော် မျှော်လင့်တယ်။ ဒါပေမယ့် သူက ထိပ်တန်းဂိုးသွင်းရှင်ဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေ အကုန်ရှိပါတယ်။ ပြီးခဲ့တဲ့အပတ် သူ့ရဲ့ သွင်းဂိုးအရည်အသွေးက အံ့အားသင့်စရာကောင်းပါတယ်။ ဂိုးဘယ်လောက် သွင်းနိုင်မလဲဆိုရင် သူ့ဆီကနေ ၁၀ ဂိုး၊ ၁၅ ဂိုးလောက်အထိ ရနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ရိုးရိုးသားသားပြောရရင် သူက ကျွန်တော်တို့ ထိပ်တန်းဂိုးသွင်းရှင်မဖြစ်ဖို့ မျှော်လင့်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ တိုက်စစ်မှူးကိုပဲ ထိပ်တန်းဂိုးသွင်းရှင် ဖြစ်စေချင်လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Legends' Talk
- Team News