ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအန်းဖီးနိုင်ပွဲရှာဖွေသွားမယ့် ဂန်းနားများ
အမှတ်ပေးဇယားထိပ်ဆုံး ၂ နေရာက လစ်ဗာပူးလ်နဲ့ အာဆင်နယ်တို့ဟာ စနေနေ့ညမှာ အမှတ်ပေးဇယားဦးဆောင်သူနေရာအတွက် အန်းဖီးမှာ တွေ့ဆုံယှဉ်ပြိုင်သွားကြတော့မှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဘရိုက်တန်ကို ပြီးခဲ့တဲ့အပတ်မှာ အနိုင်ရခဲ့ပြီးနောက် လက်ရှိအချိန်မှာ မာဆေးဆိုဒ်ကလပ်ထက် ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာပါ။
လစ်ဗာပူးလ်ကတော့ ပြီးခဲ့တဲ့အပတ် အန်းဖီးမှာ မန်ယူနိုက်တက်ကို ဂိုးမရှိသရေကျခဲ့တာကြောင့် ဇယားထိပ်ဆုံးကနေ ဆင်းပေးခဲ့ရတာပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဝက်စ်ဟမ်းကို ၅-၁ နဲ့ ကာရာဘောင်းမှာ အနိုင်ရခဲ့တဲ့ လစ်ဗာပူးလ်တို့ စိတ်ဓာတ်ပိုင်းမြင့်မားနေမှာဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
လစ်ဗာပူးလ်ဘက်မှာ မာတစ်၊ ရောဘတ်ဆန်တို့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး ဂျိုတာ ပြန်ကစားပေးဖို့ နီးစပ်နေပေမယ့်လည်း အရန်ခုံကနေ ဝင်ကစားဖို့ များပါတယ်။ မက္ကယ်လစ္စတာကတော့ လုံးလုံး လွဲချော်ဖို့ များပြီး ဂရာဗင်ဘာ့ချ်မပါဝင်နိုင်မှုကြောင့် ကာတစ် ဂျုံးစ် ပွဲထွက်လာမှာပါ။ အယ်လ်ကန်တာရာ၊ ဘာဆက်တစ်၊ မာတစ်နဲ့ ရောဘတ်ဆန်တို့ကတော့ ကာလရှည် ဆက်လက်လွဲချော်ဦးမှာပါ။
အာဆင်နယ်ဘက်မှာတော့ ပါတေး ဒီပွဲမှာပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု ပြည့်ဝနေပြီလို့ ကောလာဟလတွေ ထွက်နေပေမယ့် ဂါနာကွင်းလယ်လူက ပွဲနေ့လူစာရင်းထဲ ပါလာရင်တောင် အရန်ခုံကနေပဲ ဝင်ကစားရဖို့များပါတယ်။ တိုမိယဆု၊ အယ်လ်နန်နီ၊ တင်းဘား၊ ဂျော်ဂျင်ညို၊ ဗီယာရာတို့ကတော့ ဆက်လက် လွဲချော်မှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
လစ်ဗာပူးလ်-အယ်လစ်ဆန်၊ အာနိုး၊ ကိုနာတီ၊ ဗန်ဒိုက်၊ ဆီမီကတ်စ်၊ ဆဘော့ဇ်ဆလိုင်း၊ အန်ဒို၊ ဂျုံးစ်၊ ဆာလာ၊ နူးညက်ဇ်၊ ဒီယက်ဇ်။
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ်၊ ရိုက်၊ ဟာဗတ်ဇ်၊ ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ
ဒီနှစ်သင်းကြား ၃၂ ကြိမ်တွေ့ဆုံခဲ့ရာမှာ လစ်ဗာပူးလ်က ၁၃ ကြိမ်နိုင် ၁၀ ကြိမ်သရေ အာဆင်နယ်က ၉ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ လစ်ဗာပူးလ်က ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးခဲ့ပြီး အာဆင်နယ်က ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။
ပွဲကြိုသုံးသပ်ချက်
အာဆင်နယ်တို့ အန်းဖီးမှာ အနိုင်ရခဲ့တာ လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်လောက်ကဖြစ်ပေမယ့်လည်း အများစုက ဒီတစ်ကြိမ်မှာတော့ ဂန်းနားတွေ အနိုင်ရတော့မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကာရာဘောင်းဖလားကစားထားရတဲ့ လစ်ဗာပူးလ်တို့ဟာ ကောင်းကောင်း အနားရထားတဲ့ အာဆင်နယ်ကို ရင်ဆိုင်ဖို့ လွယ်ကူမှာမဟုတ်ပါဘူး။ ဂန်းနားတွေဟာ ဒီရာသီမှာ ရှုံးနိမ့်ဖို့ မလွယ်တဲ့အသင်းဖြစ်ပေမယ့်လည်း ခက်ခဲတဲ့ အဝေးကွင်းပွဲစဉ်တွေဖြစ်ခဲ့တဲ့ နယူးကာဆယ်၊ အက်စတန် ဗီလာတို့ကို အနိုင်ယူဖို့ ရုန်းကန်ခဲ့ရပါတယ်။ နှစ်သင်းစလုံးက စနေနေ့ညမှာ တိုက်စစ်ဖွင့်ကစားသွားမှာဖြစ်တာကြောင့် သွင်းဂိုးတွေကို မြင်တွေ့ရနိုင်ပြီး သရေရလဒ်ထွက်ပေါ်ခဲ့မယ်ဆိုရင် နှစ်ဖက်စလုံးအတွက် စိတ်ကျေနပ်စရာရလဒ်ဖြစ်လာနိုင်ပေမယ့် သောကြာနေ့ညမှာ ရှက်ဖီးကို အနိုင်ကစားသွားဖွယ်ရှိတဲ့ အက်စတန် ဗီလာကိုတော့ ဇယားထိပ်ဆုံးနေရာ ပေးလိုက်ရမှာဖြစ်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(လစ်ဗာပူးလ် ၂-၂ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(လစ်ဗာပူးလ် ၂-၂ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(လစ်ဗာပူးလ် ၂-၁ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
ZAWGYI: အမွတ္ေပးဇယားထိပ္ဆုံး ၂ ေနရာက လစ္ဗာပူးလ္နဲ႔ အာဆင္နယ္တို႔ဟာ စေနေန႔ညမွာ အမွတ္ေပးဇယားဦးေဆာင္သူေနရာအတြက္ အန္းဖီးမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကေတာ့မွာ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ ဘ႐ိုက္တန္ကို ၿပီးခဲ့တဲ့အပတ္မွာ အႏိုင္ရခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ မာေဆးဆိုဒ္ကလပ္ထက္ ၁ မွတ္အသာနဲ႔ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာပါ။
လစ္ဗာပူးလ္ကေတာ့ ၿပီးခဲ့တဲ့အပတ္ အန္းဖီးမွာ မန္ယူႏိုက္တက္ကို ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ ဇယားထိပ္ဆုံးကေန ဆင္းေပးခဲ့ရတာပါ။ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က ဝက္စ္ဟမ္းကို ၅-၁ နဲ႔ ကာရာေဘာင္းမွာ အႏိုင္ရခဲ့တဲ့ လစ္ဗာပူးလ္တို႔ စိတ္ဓာတ္ပိုင္းျမင့္မားေနမွာျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
လစ္ဗာပူးလ္ဘက္မွာ မာတစ္၊ ေရာဘတ္ဆန္တို႔ ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ဂ်ိဳတာ ျပန္ကစားေပးဖို႔ နီးစပ္ေနေပမယ့္လည္း အရန္ခုံကေန ဝင္ကစားဖို႔ မ်ားပါတယ္။ မကၠယ္လစၥတာကေတာ့ လုံးလုံး လြဲေခ်ာ္ဖို႔ မ်ားၿပီး ဂရာဗင္ဘာ့ခ်္မပါဝင္ႏိုင္မႈေၾကာင့္ ကာတစ္ ဂ်ဳံးစ္ ပြဲထြက္လာမွာပါ။ အယ္လ္ကန္တာရာ၊ ဘာဆက္တစ္၊ မာတစ္နဲ႔ ေရာဘတ္ဆန္တို႔ကေတာ့ ကာလရွည္ ဆက္လက္လြဲေခ်ာ္ဦးမွာပါ။
အာဆင္နယ္ဘက္မွာေတာ့ ပါေတး ဒီပြဲမွာပါဝင္ကစားေပးဖို႔ ႀကံ့ခိုင္မႈ ျပည့္ဝေနၿပီလို႔ ေကာလာဟလေတြ ထြက္ေနေပမယ့္ ဂါနာကြင္းလယ္လူက ပြဲေန႔လူစာရင္းထဲ ပါလာရင္ေတာင္ အရန္ခုံကေနပဲ ဝင္ကစားရဖို႔မ်ားပါတယ္။ တိုမိယဆု၊ အယ္လ္နန္နီ၊ တင္းဘား၊ ေဂ်ာ္ဂ်င္ညိဳ၊ ဗီယာရာတို႔ကေတာ့ ဆက္လက္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
လစ္ဗာပူးလ္-အယ္လစ္ဆန္၊ အာႏိုး၊ ကိုနာတီ၊ ဗန္ဒိုက္၊ ဆီမီကတ္စ္၊ ဆေဘာ့ဇ္ဆလိုင္း၊ အန္ဒို၊ ဂ်ဳံးစ္၊ ဆာလာ၊ ႏူးညက္ဇ္၊ ဒီယက္ဇ္။
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ေအာ္ဒီဂြါဒ္၊ ႐ိုက္၊ ဟာဗတ္ဇ္၊ ဆာကာ၊ ေဂ်းဇု၊ မာတီနယ္လီ။
ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား
ဒီႏွစ္သင္းၾကား ၃၂ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ လစ္ဗာပူးလ္က ၁၃ ႀကိမ္ႏိုင္ ၁၀ ႀကိမ္သေရ အာဆင္နယ္က ၉ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ လစ္ဗာပူးလ္က ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးခဲ့ၿပီး အာဆင္နယ္က ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။
ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္တို႔ အန္းဖီးမွာ အႏိုင္ရခဲ့တာ လြန္ခဲ့တဲ့ ဆယ္စုႏွစ္ တစ္ခုေက်ာ္ေလာက္ကျဖစ္ေပမယ့္လည္း အမ်ားစုက ဒီတစ္ႀကိမ္မွာေတာ့ ဂန္းနားေတြ အႏိုင္ရေတာ့မယ္လို႔ ယုံၾကည္ခ်က္ရွိေနပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ကာရာေဘာင္းဖလားကစားထားရတဲ့ လစ္ဗာပူးလ္တို႔ဟာ ေကာင္းေကာင္း အနားရထားတဲ့ အာဆင္နယ္ကို ရင္ဆိုင္ဖို႔ လြယ္ကူမွာမဟုတ္ပါဘူး။ ဂန္းနားေတြဟာ ဒီရာသီမွာ ရႈံးနိမ့္ဖို႔ မလြယ္တဲ့အသင္းျဖစ္ေပမယ့္လည္း ခက္ခဲတဲ့ အေဝးကြင္းပြဲစဥ္ေတြျဖစ္ခဲ့တဲ့ နယူးကာဆယ္၊ အက္စတန္ ဗီလာတို႔ကို အႏိုင္ယူဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။ ႏွစ္သင္းစလုံးက စေနေန႔ညမွာ တိုက္စစ္ဖြင့္ကစားသြားမွာျဖစ္တာေၾကာင့္ သြင္းဂိုးေတြကို ျမင္ေတြ႕ရႏိုင္ၿပီး သေရရလဒ္ထြက္ေပၚခဲ့မယ္ဆိုရင္ ႏွစ္ဖက္စလုံးအတြက္ စိတ္ေက်နပ္စရာရလဒ္ျဖစ္လာႏိုင္ေပမယ့္ ေသာၾကာေန႔ညမွာ ရွက္ဖီးကို အႏိုင္ကစားသြားဖြယ္ရွိတဲ့ အက္စတန္ ဗီလာကိုေတာ့ ဇယားထိပ္ဆုံးေနရာ ေပးလိုက္ရမွာျဖစ္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(လစ္ဗာပူးလ္ ၂-၂ အာဆင္နယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(လစ္ဗာပူးလ္ ၂-၂ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(လစ္ဗာပူးလ္ ၂-၁ အာဆင္နယ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Team News