စီးတီးရဲ့အနီးကပ်ဆုံးပြိုင်ဘက်က အာဆင်နယ်မဟုတ်ဘူးလို့ ပြောလိုက်တဲ့ ရစ်ချတ်
မန်ချက်စတာစီးတီးနောက်ခံကစားသမားဟောင်း မီကာ ရစ်ချတ်က ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ လီဗာပူးလ်က အာဆင်နယ်ထက် ပိုပြီး မန်စီးတီးရဲ့ အနီးကပ်ဆုံးပြိုင်ဘက်တွေ ဖြစ်လာလိမ့်မယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။
နိုဝင်ဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို လီဗာပူးလ်က အမှတ်ပေးဇယားအဆင့် ၂ နေရာမှာ ဇယားထိပ်ဆုံးက မန်ချက်စတာစီးတီးထက် ၁ မှတ်လျော့ အနေအထားနဲ့ ဖြတ်သန်းသွားရမှာဖြစ်ပြီး ၁၂ ပွဲကစားပြီးချိန်မှာ ၂၇ မှတ်နဲ့ တတိယနေရာက အာဆင်နယ်ထက် ဂိုးကွာခြားချက်အသာနဲ့ ရပ်တည်နေတာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဆုဖလားပြိုင်ပွဲမှာ မန်ချက်စတာစီးတီးရဲ့ အနီးကပ်ဆုံး ပြိုင်ဘက်တွေအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပြီး လီဗာပူးလ်ကတော့ စိတ်ပျက်ဖွယ်ရာသီနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ လွဲချော်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒီရာသီမှာ အားကောင်းတဲ့ စတင်မှု ပြုလုပ်နိုင်ခဲ့တာကြောင့် လာမယ့် ၂၀၂၄ ခုနှစ် မေလမှာ အရာအားလုံးက အရမ်းကွဲပြားခြားနားသွားနိုင်ပြီး ရစ်ချတ်ဟာ အာဆင်နယ်နဲ့ လီဗာပူးလ်တို့ထဲက ဘယ်အသင်းက ဖလားရဖို့ ပိုကောင်းမွန်တဲ့ အခွင့်အရေးရှိလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ကလော့ပ်ရဲ့အသင်းကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
“ကျွန်တော် လီဗာပူးလ်လို့ ပြောရပါလိမ့်မယ်။ ဆာလားကြောင့်ဖြစ်ပြီး ဗန်ဒိုက်ကလည်း ဒီနေ့မှာ တကယ်ကောင်းမွန်တဲ့ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့ပါတယ်။”လို့ ပြောဆိုခဲ့ပြီး အတူစီစဉ်တင်ဆက်နေတဲ့ ဘောလုံးဝေဖန်သူ အလန် ရှီးယားကလည်း “သူ ကောင်းမွန်တဲ့ပွဲတစ်ပွဲ ကစားနိုင်ခဲ့ပါတယ်။ သူ့အကောင်းဆုံးပုံစံ ပြန်ရနေပုံပေါ်ပါတယ်။ သူ ပွဲကို တကယ်ကောင်းကောင်း ဖတ်နိုင်နေတယ်။ သူတို့တွေက အမြဲတမ်း ဂိုးတွေ သွင်းယူသွားမှာပါ။ သူတို့မှာရှိနေတဲ့ အရည်အချင်းတွေနဲ့ဆို သူတို့က အသာစီးရနေမှာပါ”လို့ ထပ်လောင်း ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရစ်ချတ်ရဲ့ ဆုဖလားပြိုင်ပွဲ ဟောကိန်းကို လီဗာပူးလ်ကို ယခုရာသီ ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်ခြေအများဆုံးအသင်းအဖြစ် ၄၃.၇ ရာခိုင်နှုန်း သတ်မှတ်ခဲ့တဲ့ Opta အချက်အလက်ခွဲခြမ်းစိတ်ဖြာသူတွေရဲ့ ခန့်မှန်းချက်ကလည်း ထောက်ခံခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကတော့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားဒုတိယနေရာမှာ ပြီးဆုံးနိုင်ခြေက ၃၄.၄ ရာခိုင်နှုန်းသာ သတ်မှတ်ပေးခြင်းခံခဲ့ရတာဖြစ်ပြီး လက်ရှိ ရပ်တည်နေတဲ့ အဆင့် ၃ နေရာမှာပဲ ရာသီပြီးဆုံးနိုင်ခြေရှိတယ်လို့ အဖြေထုတ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မန္ခ်က္စတာစီးတီးေနာက္ခံကစားသမားေဟာင္း မီကာ ရစ္ခ်တ္က ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲမွာ လီဗာပူးလ္က အာဆင္နယ္ထက္ ပိုၿပီး မန္စီးတီးရဲ႕ အနီးကပ္ဆုံးၿပိဳင္ဘက္ေတြ ျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။
ႏိုဝင္ဘာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ကို လီဗာပူးလ္က အမွတ္ေပးဇယားအဆင့္ ၂ ေနရာမွာ ဇယားထိပ္ဆုံးက မန္ခ်က္စတာစီးတီးထက္ ၁ မွတ္ေလ်ာ့ အေနအထားနဲ႔ ျဖတ္သန္းသြားရမွာျဖစ္ၿပီး ၁၂ ပြဲကစားၿပီးခ်ိန္မွာ ၂၇ မွတ္နဲ႔ တတိယေနရာက အာဆင္နယ္ထက္ ဂိုးကြာျခားခ်က္အသာနဲ႔ ရပ္တည္ေနတာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဆုဖလားၿပိဳင္ပြဲမွာ မန္ခ်က္စတာစီးတီးရဲ႕ အနီးကပ္ဆုံး ၿပိဳင္ဘက္ေတြအျဖစ္ သက္ေသျပသႏိုင္ခဲ့တာျဖစ္ၿပီး လီဗာပူးလ္ကေတာ့ စိတ္ပ်က္ဖြယ္ရာသီနဲ႔ ရင္ဆိုင္ခဲ့ရၿပီးေနာက္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုပါ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ဒီရာသီမွာ အားေကာင္းတဲ့ စတင္မႈ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ လာမယ့္ ၂၀၂၄ ခုႏွစ္ ေမလမွာ အရာအားလုံးက အရမ္းကြဲျပားျခားနားသြားႏိုင္ၿပီး ရစ္ခ်တ္ဟာ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ထဲက ဘယ္အသင္းက ဖလားရဖို႔ ပိုေကာင္းမြန္တဲ့ အခြင့္အေရးရွိလဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ကေလာ့ပ္ရဲ႕အသင္းကို ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။
“ကြၽန္ေတာ္ လီဗာပူးလ္လို႔ ေျပာရပါလိမ့္မယ္။ ဆာလားေၾကာင့္ျဖစ္ၿပီး ဗန္ဒိုက္ကလည္း ဒီေန႔မွာ တကယ္ေကာင္းမြန္တဲ့ပြဲတစ္ပြဲ ပိုင္ဆိုင္ခဲ့ပါတယ္။”လို႔ ေျပာဆိုခဲ့ၿပီး အတူစီစဥ္တင္ဆက္ေနတဲ့ ေဘာလုံးေဝဖန္သူ အလန္ ရွီးယားကလည္း “သူ ေကာင္းမြန္တဲ့ပြဲတစ္ပြဲ ကစားႏိုင္ခဲ့ပါတယ္။ သူ႔အေကာင္းဆုံးပုံစံ ျပန္ရေနပုံေပၚပါတယ္။ သူ ပြဲကို တကယ္ေကာင္းေကာင္း ဖတ္ႏိုင္ေနတယ္။ သူတို႔ေတြက အၿမဲတမ္း ဂိုးေတြ သြင္းယူသြားမွာပါ။ သူတို႔မွာရွိေနတဲ့ အရည္အခ်င္းေတြနဲ႔ဆို သူတို႔က အသာစီးရေနမွာပါ”လို႔ ထပ္ေလာင္း ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ရစ္ခ်တ္ရဲ႕ ဆုဖလားၿပိဳင္ပြဲ ေဟာကိန္းကို လီဗာပူးလ္ကို ယခုရာသီ ဒုတိယေနရာမွာ ရာသီၿပီးဆုံးႏိုင္ေျခအမ်ားဆုံးအသင္းအျဖစ္ ၄၃.၇ ရာခိုင္ႏႈန္း သတ္မွတ္ခဲ့တဲ့ Opta အခ်က္အလက္ခြဲျခမ္းစိတ္ျဖာသူေတြရဲ႕ ခန႔္မွန္းခ်က္ကလည္း ေထာက္ခံခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ကေတာ့ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားဒုတိယေနရာမွာ ၿပီးဆုံးႏိုင္ေျခက ၃၄.၄ ရာခိုင္ႏႈန္းသာ သတ္မွတ္ေပးျခင္းခံခဲ့ရတာျဖစ္ၿပီး လက္ရွိ ရပ္တည္ေနတဲ့ အဆင့္ ၃ ေနရာမွာပဲ ရာသီၿပီးဆုံးႏိုင္ေျခရွိတယ္လို႔ အေျဖထုတ္ခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News