စီးတီးဖလားရမယ်လို့ ထောက်ခံခဲ့ပေမယ့် ဂန်းနားတွေ ဖလားရဖို့ လိုတာကိုပြောပြခဲ့တဲ့ ရွိုင် ကီးန်
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ထောက်ခံနေဆဲဖြစ်ပေမယ့် အမ်းမရိတ်စ်မှာ တိုက်စစ်မှူးသစ် ရောက်လာမယ်ဆိုရင် အရာအားလုံးက ဂန်းနားတွေအတွက် အသာစီးရစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဂါဘရီယဲလ် မာတီနယ်လီဟာ တနင်္ဂနွေနေ့က အမ်းမရိတ်စ်မှာ ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ သမိုင်းဝင်နိုင်ပွဲရရှိစေဖို့ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးနိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။
ဒီရလဒ်ကြောင့် အာတီတာရဲ့ အသင်းဟာ ၈ ပွဲကစားပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးမှာ လက်ရှိ ချန်ပီယံတွေထက် ၂ မှတ်အသာစီးရနေတဲ့ မြောက်လန်ဒန်ပြိုင်ဘက် တော့တင်ဟမ်ဟော့စပါးနဲ့အတူ ပူးတွဲရပ်တည်ပြီး အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဖြတ်သန်းနိုင်ခဲ့ပြီဖြစ်ပါတယ်။
မန်ချက်စတာစီးတီးအတွက်တော့ ၃ ပွဲမြောက် ပြည်တွင်းရှုံးပွဲဖြစ်ခဲ့တာဖြစ်ပြီး နယူးကာဆယ်ယူနိုက်တက်ရဲ့ ကာရာဘောင်းဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် အာဆင်နယ်ကို မရှုံးနိမ့်ခင် ဝုလ်ဗ်စ်အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ခြေစွမ်းပိုင်းဆိုးရွားနေပြီး ခြေချော်နေပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က ဂွါဒီယိုလာရဲ့အသင်းက ပရီးမီးယားလိဂ်ဖလားအတွက် ရေပန်းအစားဆုံးအဖြစ် ယူဆခြင်း ခံရဦးမှာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ဂယ်ရီ နဗီးက တနင်္ဂနွေနေ့ရလဒ်ဟာ ဆုဖလားပြိုင်ပွဲနဲ့ပတ်သက်ပြီး စိတ်ပြောင်းသွားစေနိုင်မလားလို့ မေးမြန်းခဲ့ရာမှာ ရွိုင် ကီးန်က “ဟင့်အင်း။ အဲဒါက ကျွန်တော် စီးတီးကစားတာ မြင်ခဲ့ဖူးသမျှထဲမှာ အဆိုးရွားဆုံးဖြစ်ကောင်းဖြစ်နိုင်တာ သေချာပါတယ်။ သူတို့မှာ ခက်ခဲတဲ့အချိန်တွေ ဆိုးရွားတဲ့ပွဲနဲ့ ကြုံခဲ့ရတာသိသာပါတယ်။ နားထောင်။ အာဆင်နယ်က အဲဒီပွဲမှာ ကောင်းမွန်ခဲ့တယ်။ သူတို့တွေ နိုင်ပွဲနဲ့ ထိုက်တန်ခဲ့တယ်။ အဲဒါက မန်စီးတီးရဲ့ တကယ်ဆိုးရွားတဲ့ အရည်အသွေးဖြစ်ခဲ့တယ်။ နည်းနည်းလေး သာသွားခဲ့တာဖြစ်ပေမယ့်လည်း ကျွန်တော် မန်စီးတီးကို လျှော့တွက်မှာမဟုတ်ပါဘူး။ ခင်ဗျား မနှစ်က လိဂ် ၂ ပွဲကို ကြည့်လိုက်တဲ့အခါမှာ မန်စီးတီးက သာလွန်နေခဲ့တာ သိသာပါတယ်။ အဲဒီတော့ ဟုတ်ပါတယ်။ အာဆင်နယ်အတွက် တိုးတက်မှုပါ။ ဒါပေမယ့် ကျွန်တော် လိဂ်ကို ဘယ်သူအနိုင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး စိတ်ထဲမှာ ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော် စီးတီးဘက်ကပဲ ရှိနေမှာပါ။”
အာဆင်နယ်ဟာ ဇန်နဝါရီလ စျေးကွက်ထဲမှာ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ကြယ်ပွင့် အိုင်ဗန် တိုနီက အမ်းမရိတ်စ်ကို ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ အက်ဒီ အန်ကီးတီးယားနဲ့ ဂါဘရီယဲလ် ဂျေးဇုတို့ဟာ အဆုံးသတ်ပိုင်းမှာ ရုန်းကန်နေရပြီး ကီးန်က အာဆင်နယ်ရဲ့ ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို အသာစီးရယူနိုင်ဖို့ တစ်ခုတည်းသောအခွင့်အရေးက တိုက်စစ်မှူးသစ် ခေါ်ယူဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“အာဆင်နယ်က လိဂ်ဖလားကို အနိုင်ရနိုင်တယ်။ ဒါပေမယ့် သူတို့တွေ အဲဒီတိုက်စစ်မှူး လိုအပ်ပါလိမ့်မယ်။ ခင်ဗျား ကစားနိုင်တဲ့အသင်းတစ်သင်း ကစားတာကို ကြည့်ရတဲ့အခါမှာ အရမ်းကောင်းပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာ ကောင်းမွန်သလို ရုပ်ပိုင်းဆိုင်ရာ အားကောင်းမှုလည်း ရှိရင် ကောင်းပါတယ်။ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း စီးတီးကို အဲဒီလိုပဲ မြင်ခဲ့တယ်။ သူတို့တွေ ပိုပြီး ကြီးမားလာခဲ့တယ်။ တည်ကန်ဘောတွေက ကြီးမားခဲ့တယ်လို့ သိသာပါတယ်။ ဒီရာသီမှာ အာဆင်နယ်အတွက် အရန်ခုံကနေ ဝင်ကစားခဲ့တဲ့ ကောင်လေးတွေကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ သူတို့တွေက ကြီးမားတယ်။ သန်မာတယ်။ ပွဲကြပ်တွေမှာ ခင်ဗျားကို နိုင်ပွဲရယူပေးနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာရှိတဲ့ ကစားသမားတွေပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း မန်ချက်စတာစီးတီးက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိလိမ့်မယ်လို့ ထောက်ခံနေဆဲဖြစ်ပေမယ့် အမ်းမရိတ်စ်မှာ တိုက်စစ်မှူးသစ် ရောက်လာမယ်ဆိုရင် အရာအားလုံးက ဂန်းနားတွေအတွက် အသာစီးရစေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News