စီးတီးနဲ့အာဆင်နယ်ပွဲအတွက် အီယန် ရိုက်ရဲ့ ဟောကိန်းကို သဘောမတူတဲ့ ရွိုင် ကီးန် 619 363 coyg

စီးတီးနဲ့အာဆင်နယ်ပွဲအတွက် အီယန် ရိုက်ရဲ့ ဟောကိန်းကို သဘောမတူတဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က မန်စီးတီး-အာဆင်နယ်တို့ပွဲစဉ်အတွက် အီယန် ရိုက်ရဲ့ ဟောကိန်းကို ငြင်းပယ်ခဲ့ပေမယ့်လည်း မှားသွားခဲ့ရင်လည်း လျော်ကြေးပေးဖို့ သဘောတူခဲ့ပါတယ်။

မန်ယူနိုက်တက်ဂန္တဝင်က ဂန်းနားတွေအနေနဲ့ လက်ရှိ ချန်ပီယံတွေကို အစ်တီဟတ်မှာ အနိုင်ရနိုင်မယ့် အခွင့်အရေး လုံးဝမရှိဘူးလို့ အခိုင်အမာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ဂန္တဝင် အီယန် ရိုက်ကတော့ ၎င်းရဲ့အသင်းဟောင်းဟာ မန်စီးတီးကို အနိုင်ယူနိုင်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်ဂန္တဝင်က နောက်ဆုံးမှာ စီးတီးက ၂-၁ နဲ့ အနိုင်ရသွားလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာဖြစ်ပါတယ်။

အီယန် ရိုက်က မန်စီးတီးနဲ့ အာဆင်နယ်တို့ရဲ့ ကြီးမားတဲ့ ပွဲစဉ်အတွက် ထင်မြင်ချက်ကို မေးမြန်းခံရချိန်မှာ “ကျွန်တော်တို့ သူတို့ကို အနိုင်ရယူမှာပါ။ ကျွန်တော်တို့ သူတို့ကို အနိုင်ယူရမယ်။ ကျွန်တော်တို့ အနိုင်ရသွားမယ်လို့ ပြောတာမဟုတ်ဘူးနော်။ ကျွန်တော်တို့ စံချိန်တင် ခံစစ်စံချိန်ရနေတဲ့အချိန်မှာ ဘာကြောင့် သူတို့ကို အနိုင်မရနိုင်ဘူးလို့ တွေးရမှာလဲ။ ကျွန်တော်တို့ ဂိုးတွေလည်း သွင်းနိုင်တယ်မလား။ ဘာကြောင့် ကျွန်တော့်အသင်းအပေါ်မှာ မကောင်းမြင်ရမှာလဲ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရွိုင် ကီးန်က ချက်ချင်းပဲ ကြားဖြတ်ပြီး “အာဆင်နယ်က အဲဒီပွဲမှာ နိုင်မှာမဟုတ်ဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပြီး အဲဒီစကားကြောင့် အီယန် ရိုက်က အာဆင်နယ် အနိုင်ရရင် တစ်ခုခု ဝယ်ပေးရမယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

“အင်း ကျွန်တော် တစ်ခုခုလိုအပ်တယ်။ အာဆင်နယ်သာ အနိုင်ရခဲ့ရင် ခင်ဗျား ကျွန်တော့်ကို တစ်ခုခု ဝယ်ပေးရမယ်။ ”လို့ ပြောဆိုခဲ့ပြီး ရွိုင် ကီးန်က “နာရီလား”လို့ မေးမြန်းခဲ့ရာမှာ အာဆင်နယ်ဂန္တဝင် က “နာရီမလိုချင်ဘူး။ ခင်ဗျားက မန်စီးတီး ၂-၁ နဲ့ နိုင်မယ်လို့ ပြောတယ်။ ဒါပေမယ့် သူတို့တွေသာ ရှုံးသွားရင် ကျွန်တော်လိုချင်တာ ခင်ဗျား ဝယ်ပေးရမယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ် အနိုင်ရသွားမယ်လို့ ကျွန်တော် ထင်လို့ပဲ”လို့ ပြောဆိုခဲ့ပါတယ်။

ရွိုင် ကီးန်က “ဒီလိုဆိုရင် အရမ်းကောင်းတဲ့ပွဲဖြစ်လိမ့်မယ်။ ကျွန်တော်သာ မှားသွားရင် ခင်ဗျားကို တစ်ခုခုဝယ်ပေးမှာပါ”လို့ တုံ့ပြန်ခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က မန္စီးတီး-အာဆင္နယ္တို႔ပြဲစဥ္အတြက္ အီယန္ ႐ိုက္ရဲ႕ ေဟာကိန္းကို ျငင္းပယ္ခဲ့ေပမယ့္လည္း မွားသြားခဲ့ရင္လည္း ေလ်ာ္ေၾကးေပးဖို႔ သေဘာတူခဲ့ပါတယ္။

မန္ယူႏိုက္တက္ဂႏၲဝင္က ဂန္းနားေတြအေနနဲ႔ လက္ရွိ ခ်န္ပီယံေတြကို အစ္တီဟတ္မွာ အႏိုင္ရႏိုင္မယ့္ အခြင့္အေရး လုံးဝမရွိဘူးလို႔ အခိုင္အမာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္ကေတာ့ ၎ရဲ႕အသင္းေဟာင္းဟာ မန္စီးတီးကို အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး မန္ယူႏိုက္တက္ဂႏၲဝင္က ေနာက္ဆုံးမွာ စီးတီးက ၂-၁ နဲ႔ အႏိုင္ရသြားလိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာျဖစ္ပါတယ္။

အီယန္ ႐ိုက္က မန္စီးတီးနဲ႔ အာဆင္နယ္တို႔ရဲ႕ ႀကီးမားတဲ့ ပြဲစဥ္အတြက္ ထင္ျမင္ခ်က္ကို ေမးျမန္းခံရခ်ိန္မွာ “ကြၽန္ေတာ္တို႔ သူတို႔ကို အႏိုင္ရယူမွာပါ။ ကြၽန္ေတာ္တို႔ သူတို႔ကို အႏိုင္ယူရမယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရသြားမယ္လို႔ ေျပာတာမဟုတ္ဘူးေနာ္။ ကြၽန္ေတာ္တို႔ စံခ်ိန္တင္ ခံစစ္စံခ်ိန္ရေနတဲ့အခ်ိန္မွာ ဘာေၾကာင့္ သူတို႔ကို အႏိုင္မရႏိုင္ဘူးလို႔ ေတြးရမွာလဲ။ ကြၽန္ေတာ္တို႔ ဂိုးေတြလည္း သြင္းႏိုင္တယ္မလား။ ဘာေၾကာင့္ ကြၽန္ေတာ့္အသင္းအေပၚမွာ မေကာင္းျမင္ရမွာလဲ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

႐ြိဳင္ ကီးန္က ခ်က္ခ်င္းပဲ ၾကားျဖတ္ၿပီး “အာဆင္နယ္က အဲဒီပြဲမွာ ႏိုင္မွာမဟုတ္ဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ၿပီး အဲဒီစကားေၾကာင့္ အီယန္ ႐ိုက္က အာဆင္နယ္ အႏိုင္ရရင္ တစ္ခုခု ဝယ္ေပးရမယ္လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

“အင္း ကြၽန္ေတာ္ တစ္ခုခုလိုအပ္တယ္။ အာဆင္နယ္သာ အႏိုင္ရခဲ့ရင္ ခင္ဗ်ား ကြၽန္ေတာ့္ကို တစ္ခုခု ဝယ္ေပးရမယ္။ ”လို႔ ေျပာဆိုခဲ့ၿပီး ႐ြိဳင္ ကီးန္က “နာရီလား”လို႔ ေမးျမန္းခဲ့ရာမွာ အာဆင္နယ္ဂႏၲဝင္ က “နာရီမလိုခ်င္ဘူး။ ခင္ဗ်ားက မန္စီးတီး ၂-၁ နဲ႔ ႏိုင္မယ္လို႔ ေျပာတယ္။ ဒါေပမယ့္ သူတို႔ေတြသာ ရႈံးသြားရင္ ကြၽန္ေတာ္လိုခ်င္တာ ခင္ဗ်ား ဝယ္ေပးရမယ္။ ဘာလို႔လဲဆိုေတာ့ အာဆင္နယ္ အႏိုင္ရသြားမယ္လို႔ ကြၽန္ေတာ္ ထင္လို႔ပဲ”လို႔ ေျပာဆိုခဲ့ပါတယ္။

႐ြိဳင္ ကီးန္က “ဒီလိုဆိုရင္ အရမ္းေကာင္းတဲ့ပြဲျဖစ္လိမ့္မယ္။ ကြၽန္ေတာ္သာ မွားသြားရင္ ခင္ဗ်ားကို တစ္ခုခုဝယ္ေပးမွာပါ”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet