စပါးစ်နဲ့ပွဲက အမှားကို အသင်းဖော်တွေ ဘယ်လိုတုံ့ပြန်ခဲ့လဲ ပြောပြခဲ့တဲ့ ဂျော်ဂျင်ညို 1024 504 coyg

စပါးစ်နဲ့ပွဲက အမှားကို အသင်းဖော်တွေ ဘယ်လိုတုံ့ပြန်ခဲ့လဲ ပြောပြခဲ့တဲ့ ဂျော်ဂျင်ညို

ဂျော်ဂျင်ညိုက တော့တင်ဟမ်ဟော့စပါးနဲ့ သရေကျခဲ့တဲ့ပွဲစဉ်က ၎င်းရဲ့ နာကျင်စရာ အမှားကို ကျူးလွန်ခဲ့ပြီးနောက် အသင်းဖော်တွေရဲ့ အပြည့်အဝ အားပေးထောက်ခံမှုကို ရရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အီတလီကွင်းလယ်လူဟာ ပထမပိုင်းအပြီးမှာ ဒဏ်ရာ ရခဲ့တဲ့ ဒီကလန် ရိုက်ရဲ့နေရာမှာ ဝင်ကစားပေးခဲ့တာဖြစ်ပြီး အာဆင်နယ်ကွင်းလယ်ခံစစ်နေရာမှာ ကစားပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရိုမဲရိုးရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တဲ့ ဂိုးကို ဆွန်ဟောင်မင်က ချေပခဲ့ပြီးနောက် တစ်ဖက် ၁ ဂိုးစီ ညီမျှနေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အာဆင်နယ်ဟာ ဒုတိယပိုင်း ပြန်စပြီး ၉ မိနစ်မှာပဲ ရိုမဲရိုးရဲ့ လက်ထိဘောကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ ဘူကာယို ဆာကာသွင်းယူပေးခဲ့တဲ့ဂိုးကြောင့် ဦးဆောင်နိုင်ခဲ့တာဖြစ်ပေမယ့်လည်း စပါးစ်က ဂျော်ဂျင်ညိုဆီကနေ မက်ဒီဆင် ဘောလုံးရရှိသွားခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် ချေပနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဒီဆင်ဟာ အာဆင်နယ်ကွင်းလယ်ကစားသမားဆီကနေ ဘောလုံးကို ရယူခဲ့ပြီးနောက် ဆွန်ဟောင်မင်ဆီကို ပေးပို့ခဲ့ရာမှာ တောင်ကိုရီးယားကြယ်ပွင့်က ဂန်းနားဂိုးသမား ဒေးဗစ် ရာယာကို တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အဲဒီအခိုက်အတန့်ဟာ အာဆင်နယ်ရဲ့ မြောက်လန်ဒန်ပြိုင်ဘက်တွေကို အိမ်ကွင်း နိုင်ပွဲရရှိမယ့် အခွင့်အရေးကို ဆုံးရှုံးစေခဲ့တဲ့ အရေးကြီးတဲ့အခိုက်အတန့်ဖြစ်ခဲ့ပေမယ့်လည်း အသင်းဖော်တွေက အပြည့်အဝ အားပေးထောက်ခံမှု ပြုလုပ်ခဲ့ကြတယ်လို့ ဂျော်ဂျင်ညိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

“နာကျင်စရာ အမှားကို ဒီနေ့လုပ်ခဲ့မိတယ်။ ဒါပေမယ့် ကျွန်တော့်အမှားကျူးလွန်မှုအပြီးမှာ အသင်းဖော်တွေ၊ နည်းပြတွေ၊ အသင်းဝန်ထမ်းတွေနဲ့ ခင်ဗျားတို့ အာဆင်နယ်ပရိသတ်တွေ အားလုံးက ကျွန်တော့်ကို အားပေးထောက်ခံပြီး စိတ်ဓာတ်မကျဖို့ အားပေးပြီး တုံ့ပြန်ခဲ့တာကို မြင်ခဲ့ရတယ်။ အဲဒါက ကျွန်တော့်ကို ပိုပြီး ကြိုးစားပြီးရင်း ကြိုးစားဖို့အတွက် စိတ်ဓာတ်ခွန်အားပေးပါတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျားတို့အားလုံးက ကျွန်တော့်ရဲ့ အကောင်းဆုံးပုံစံနဲ့ ထိုက်တန်လို့ပါ။ အာဆင်နယ်မိသားစုရဲ့ အားပေးထောက်ခံမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ေဂ်ာ္ဂ်င္ညိဳက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ သေရက်ခဲ့တဲ့ပြဲစဥ္က ၎ရဲ႕ နာက်င္စရာ အမွားကို က်ဴးလြန္ခဲ့ၿပီးေနာက္ အသင္းေဖာ္ေတြရဲ႕ အျပည့္အဝ အားေပးေထာက္ခံမႈကို ရရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အီတလီကြင္းလယ္လူဟာ ပထမပိုင္းအၿပီးမွာ ဒဏ္ရာ ရခဲ့တဲ့ ဒီကလန္ ႐ိုက္ရဲ႕ေနရာမွာ ဝင္ကစားေပးခဲ့တာျဖစ္ၿပီး အာဆင္နယ္ကြင္းလယ္ခံစစ္ေနရာမွာ ကစားေပးခဲ့တာ ျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ႐ိုမဲ႐ိုးရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တဲ့ ဂိုးကို ဆြန္ေဟာင္မင္က ေခ်ပခဲ့ၿပီးေနာက္ တစ္ဖက္ ၁ ဂိုးစီ ညီမွ်ေနခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အာဆင္နယ္ဟာ ဒုတိယပိုင္း ျပန္စၿပီး ၉ မိနစ္မွာပဲ ႐ိုမဲ႐ိုးရဲ႕ လက္ထိေဘာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကေန ဘူကာယို ဆာကာသြင္းယူေပးခဲ့တဲ့ဂိုးေၾကာင့္ ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ေပမယ့္လည္း စပါးစ္က ေဂ်ာ္ဂ်င္ညိဳဆီကေန မက္ဒီဆင္ ေဘာလုံးရရွိသြားခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ ေခ်ပႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဒီဆင္ဟာ အာဆင္နယ္ကြင္းလယ္ကစားသမားဆီကေန ေဘာလုံးကို ရယူခဲ့ၿပီးေနာက္ ဆြန္ေဟာင္မင္ဆီကို ေပးပို႔ခဲ့ရာမွာ ေတာင္ကိုရီးယားၾကယ္ပြင့္က ဂန္းနားဂိုးသမား ေဒးဗစ္ ရာယာကို တစ္ဦးခ်င္း ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အဲဒီအခိုက္အတန႔္ဟာ အာဆင္နယ္ရဲ႕ ေျမာက္လန္ဒန္ၿပိဳင္ဘက္ေတြကို အိမ္ကြင္း ႏိုင္ပြဲရရွိမယ့္ အခြင့္အေရးကို ဆုံးရႈံးေစခဲ့တဲ့ အေရးႀကီးတဲ့အခိုက္အတန႔္ျဖစ္ခဲ့ေပမယ့္လည္း အသင္းေဖာ္ေတြက အျပည့္အဝ အားေပးေထာက္ခံမႈ ျပဳလုပ္ခဲ့ၾကတယ္လို႔ ေဂ်ာ္ဂ်င္ညိဳက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

“နာက်င္စရာ အမွားကို ဒီေန႔လုပ္ခဲ့မိတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္အမွားက်ဴးလြန္မႈအၿပီးမွာ အသင္းေဖာ္ေတြ၊ နည္းျပေတြ၊ အသင္းဝန္ထမ္းေတြနဲ႔ ခင္ဗ်ားတို႔ အာဆင္နယ္ပရိသတ္ေတြ အားလုံးက ကြၽန္ေတာ့္ကို အားေပးေထာက္ခံၿပီး စိတ္ဓာတ္မက်ဖို႔ အားေပးၿပီး တုံ႔ျပန္ခဲ့တာကို ျမင္ခဲ့ရတယ္။ အဲဒါက ကြၽန္ေတာ့္ကို ပိုၿပီး ႀကိဳးစားၿပီးရင္း ႀကိဳးစားဖို႔အတြက္ စိတ္ဓာတ္ခြန္အားေပးပါတယ္။ ဘာလို႔လဲဆိုေတာ့ ခင္ဗ်ားတို႔အားလုံးက ကြၽန္ေတာ့္ရဲ႕ အေကာင္းဆုံးပုံစံနဲ႔ ထိုက္တန္လို႔ပါ။ အာဆင္နယ္မိသားစုရဲ႕ အားေပးေထာက္ခံမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္”လို႔ အင္စတာဂရမ္မွာ ေရးသားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet