စင်ရော်တွေနဲ့ အိမ်ကွင်းမှတ်တမ်းဆိုးကို ရိုက်ချိုးပြမယ့် ဂန်းနားများ 620 348 coyg

စင်ရော်တွေနဲ့ အိမ်ကွင်းမှတ်တမ်းဆိုးကို ရိုက်ချိုးပြမယ့် ဂန်းနားများ

အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်မှာ အက်စတန် ဗီလာကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ရှုံးနိမ့်ခဲ့ပြီးနောက် အိမ်ကွင်းမှာ နောက်ဆုံး ၃ ကြိမ်ဆက်ရှုံးနိမ့်ခဲ့တဲ့ ဘရိုက်တန်ကို တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဂန်းနားတွေအတွက် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ယာယီပဲဖြစ်ဖြစ် ပြန်လည်တက်လှမ်းနိုင်ဖို့အတွက်ဆိုရင် နိုင်ပွဲမဖြစ်မနေရယူဖို့ လိုအပ်မှာဖြစ်ပြီး ရမှတ် ၃၆ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။ ဘရိုက်တန်ကလည်း ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပြီး ပြီးခဲ့တဲ့အပတ်က ဘန်လေနဲ့ ၁-၁ သရေကျခဲ့ပြီးနောက် ရမှတ် ၂၆ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ဘက်မှာ ပါတေး၊ တိုမိယဆု၊ တင်းဘား၊ ဖေဘီယို ဗီယာရာတို့ ဆက်လက် လွဲချော်မှာ ဖြစ်ပြီး အာတီတာဟာ ပြီးခဲ့တဲ့ ပီအက်စ်ဗွီနဲ့ပွဲမှာ လူစာရင်းအပြောင်းအလဲအများအပြား ပြုလုပ်ခဲ့တာကြောင့် ဒီပွဲမှာတော့ အဓိကကစားသမားတွေအားလုံး ပြန်ပါလာမှာဖြစ်ပါတယ်။

ဘရိုက်တန်ဘက်မှာတော့ လမ့်ပ်တေး၊ မာ့ချ်၊ အက်စ်တူပီညန်၊ အန်ဆီဆို၊ ဝဲလ်ဘက်ခ်၊ ဖာတီ၊ ဝက်ဘ်စတာတို့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ် ၊ ရိုက်၊ ဟာဗတ်ဇ်၊ ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ။
ဘရိုက်တန်- ဗာဘရပ်ဂျန်၊ ဗဲ့တ်မန်း၊ ဟက်ကီ၊ ဒမ့်ခ်၊ မီလ်နာ၊ ဘာလီဘာ၊ ဂရို့စ်၊ အေဒင်ဂရာ၊ လယ်လာနာ၊ မိတိုမာ၊ ဖာဂူဆန်။

ပွဲကြို သုံးသပ်ချက်

ဘရိုက်တန်ဟာ နောက်ဆုံး အမ်းမရိတ်စ်ကို လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်တုန်းက ပျော်စရာအချိန်ကောင်းကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အဲဒီနောက်ပိုင်းကတည်းက အာဆင်နယ်ရဲ့ ခံစစ်ပိုင်း မတည်ငြိမ်မှုတွေက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဘရိုက်တန်ဟာ ယူရိုပါလိဂ်ပွဲ ကစားပြီး ပြန်လာခါစဖြစ်တာကြောင့် အာဆင်နယ်တို့အတွက် အကျိုးအမြတ်ဖြစ်လာမှာဖြစ်ပြီး ဂန်းနားတွေကတော့ စောစောကစားခဲ့ရလို့ ကောင်းကောင်း အနားယူပြီးပြီဖြစ်ပါတယ်။ ဘရိုက်တန်နည်းပြဟာ ဒီပွဲမှာ ပွဲပမ်းနေတဲ့ ကစားသမားအချို့အတွက် ရွေးချယ်စရာအများအပြားရှိနေနိုင်သေးပေမယ့်လည်း အာတီတာမှာလည်း အသစ်ပြန်လည်တည်ဆောက်ထားတဲ့ခံတပ်လိုမျိုး အားကောင်းတဲ့အသင်းကို ပိုင်ဆိုင်ထားတာကြောင့် ဂန်းနားတွေကပဲ အိမ်ကွင်း ဂိုးပြတ်နိုင်ပွဲ ရယူသွားနိုင်ဖို့များပါတယ်။

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၄-၁ ဘရိုက်တန်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ၿပီးခဲ့တဲ့အပတ္မွာ အက္စတန္ ဗီလာကို အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေတြေၾကာင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အိမ္ကြင္းမွာ ေနာက္ဆုံး ၃ ႀကိမ္ဆက္ရႈံးနိမ့္ခဲ့တဲ့ ဘ႐ိုက္တန္ကို တနဂၤေႏြေန႔ညေန အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

ဂန္းနားေတြအတြက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာကို ယာယီပဲျဖစ္ျဖစ္ ျပန္လည္တက္လွမ္းႏိုင္ဖို႔အတြက္ဆိုရင္ ႏိုင္ပြဲမျဖစ္မေနရယူဖို႔ လိုအပ္မွာျဖစ္ၿပီး ရမွတ္ ၃၆ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။ ဘ႐ိုက္တန္ကလည္း ထိပ္ဆုံး ၄ ေနရာအတြက္ တိုက္ပြဲဝင္ေနတဲ့အသင္းျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္က ဘန္ေလနဲ႔ ၁-၁ သေရက်ခဲ့ၿပီးေနာက္ ရမွတ္ ၂၆ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

အာဆင္နယ္ဘက္မွာ ပါေတး၊ တိုမိယဆု၊ တင္းဘား၊ ေဖဘီယို ဗီယာရာတို႔ ဆက္လက္ လြဲေခ်ာ္မွာ ျဖစ္ၿပီး အာတီတာဟာ ၿပီးခဲ့တဲ့ ပီအက္စ္ဗြီနဲ႔ပြဲမွာ လူစာရင္းအေျပာင္းအလဲအမ်ားအျပား ျပဳလုပ္ခဲ့တာေၾကာင့္ ဒီပြဲမွာေတာ့ အဓိကကစားသမားေတြအားလုံး ျပန္ပါလာမွာျဖစ္ပါတယ္။

ဘ႐ိုက္တန္ဘက္မွာေတာ့ လမ့္ပ္ေတး၊ မာ့ခ်္၊ အက္စ္တူပီညန္၊ အန္ဆီဆို၊ ဝဲလ္ဘက္ခ္၊ ဖာတီ၊ ဝက္ဘ္စတာတို႔ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ေအာ္ဒီဂြါဒ္ ၊ ႐ိုက္၊ ဟာဗတ္ဇ္၊ ဆာကာ၊ ေဂ်းဇု၊ မာတီနယ္လီ။
ဘ႐ိုက္တန္- ဗာဘရပ္ဂ်န္၊ ဗဲ့တ္မန္း၊ ဟက္ကီ၊ ဒမ့္ခ္၊ မီလ္နာ၊ ဘာလီဘာ၊ ဂ႐ို႕စ္၊ ေအဒင္ဂရာ၊ လယ္လာနာ၊ မိတိုမာ၊ ဖာဂူဆန္။

ပြဲႀကိဳ သုံးသပ္ခ်က္

ဘ႐ိုက္တန္ဟာ ေနာက္ဆုံး အမ္းမရိတ္စ္ကို လာေရာက္ယွဥ္ၿပိဳင္ခဲ့တဲ့ပြဲစဥ္တုန္းက ေပ်ာ္စရာအခ်ိန္ေကာင္းကို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း အဲဒီေနာက္ပိုင္းကတည္းက အာဆင္နယ္ရဲ႕ ခံစစ္ပိုင္း မတည္ၿငိမ္မႈေတြက ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒါ့အျပင္ ဘ႐ိုက္တန္ဟာ ယူ႐ိုပါလိဂ္ပြဲ ကစားၿပီး ျပန္လာခါစျဖစ္တာေၾကာင့္ အာဆင္နယ္တို႔အတြက္ အက်ိဳးအျမတ္ျဖစ္လာမွာျဖစ္ၿပီး ဂန္းနားေတြကေတာ့ ေစာေစာကစားခဲ့ရလို႔ ေကာင္းေကာင္း အနားယူၿပီးၿပီျဖစ္ပါတယ္။ ဘ႐ိုက္တန္နည္းျပဟာ ဒီပြဲမွာ ပြဲပမ္းေနတဲ့ ကစားသမားအခ်ိဳ႕အတြက္ ေ႐ြးခ်ယ္စရာအမ်ားအျပားရွိေနႏိုင္ေသးေပမယ့္လည္း အာတီတာမွာလည္း အသစ္ျပန္လည္တည္ေဆာက္ထားတဲ့ခံတပ္လိုမ်ိဳး အားေကာင္းတဲ့အသင္းကို ပိုင္ဆိုင္ထားတာေၾကာင့္ ဂန္းနားေတြကပဲ အိမ္ကြင္း ဂိုးျပတ္ႏိုင္ပြဲ ရယူသြားႏိုင္ဖို႔မ်ားပါတယ္။

AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၄-၁ ဘ႐ိုက္တန္)

Arsenal Myanmar

Ref: Internet