ဒိုင်ကူငှက်ကျားတွေကို ရှုံးနိမ့်ပြီး ရှုံးပွဲမရှိစံချိန်အဆုံးသတ်ခဲ့ရတဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
အာဆင်နယ်ရဲ့ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ဟာ စနေနေ့ညက အန်သိုနီ ဂေါ်ဒွန်ရဲ့ အနိုင်ဂိုးကြောင့် အဆုံးသတ်ခဲ့ရပြီး လက်ရှိမှာတော့ စပါးစ်တသင်းတည်းသာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲအရသာ မမြည်းစမ်းဖူးသေးတဲ့ တစ်သင်းတည်းသောအသင်းဖြစ်ခဲ့ပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်ဟာ စိန့်ဂျိမ်းစ် ပါ့ခ်မှာ ကောင်းမွန်တဲ့အလုပ်ကို လုပ်နိုင်ခဲ့ပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ အက်ဒီဟောင်းရဲ့အသင်းဟာ လက်စားပြန်ချေနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲစဉ်ဟာ အထူးသဖြင့် ပထမပိုင်းမှာ ဂိုးပေါက်ခြိမ်းခြောက်နိုင်စွမ်း ကင်းမဲ့ခဲ့ပြီး ဂေါ်ဒွန်ရဲ့ အဖွင့်ဂိုးဟာ ၆၄ မိနစ်မှသာ သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ VAR က နယူးကာဆယ်ရဲ့ သွင်းဂိုးကို လူကျွံဘောဖြစ်ခဲ့လား၊ ပြစ်ဒဏ်ဘောဖြစ်ခဲ့လား၊ စည်းကျော်ခဲ့လားဆိုတာကို အဘက်ဘက်က စစ်ဆေးခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ် မပါဝင်နိုင်ချိန်မှာ ပြန်လည်တုံ့ပြန်ဖို့အတွက် အခွင့်အရေးများများစားစား ဖန်တီးနိုင်ခြင်းမရှိခဲ့ဘဲ ဂျေးဇုလည်း ပါဝင်နိုင်ခြင်းမရှိခဲ့တာကြောင့် ဂန်းနားတွေဟာ နယူးကာဆယ်ရဲ့ ခံစစ်ကို ခြိမ်းခြောက်နိုင်ခြင်းလည်း မရှိခဲ့တာဖြစ်ပါတယ်။
၁။ အငြင်းပွားဖွယ်ဂိုးနဲ့ ဦးဆောင်ခွင့်ရသွားတဲ့ နယူးကာဆယ်
ပွဲကစားချိန် မိနစ် ၆၀ ပြည့်ပြီးနောက်မှာ အိမ်ရှင်တွေဟာ ဂိုးသွင်းခွင့် ရရှိဖို့အတွက် တိုက်စစ် ဆင်လာခဲ့ပြီး အာဆင်နယ် ပင်နယ်တီဧရိယာထဲမှာ အုံခဲနေပြီး မကြာခဏ အမြင့်ဘောတွေမှာ အနိုင်ရဖို့အတွက် တစ်ကိုယ်လုံး ပစ်ဝင်တာမျိုးလုပ်ခဲ့ကြပါတယ်။ ဒီလို လုပ်ဆောင်မှုတွေက ၆၄ မိနစ်မှာ အန်သိုနီ ဂေါ်ဒွန်ရဲ့ အဖွင့်ဂိုးကို ရရှိစေခဲ့တာဖြစ်ပြီး ဝီလ်လော့ခ်က ဂိုးလွန်ဘောဖြစ်သွားခဲ့ပြီဖြစ်တဲ့ ဘောလုံးကို ထောင့်ကန်ဘောအလံတိုင်နားကနေ ပြန်လည်ရယူခဲ့ပြီး ဖြတ်တင်ပေးခဲ့ရာမှာ ဂျိုလင်တန်က ဂါဘရီယဲလ်ကို နောက်ကနေ ဖိတိုက်ခဲ့တာဖြစ်ပါတယ်။ အန်သိုနီ ဂေါ်ဒွန်က ကျလာတဲ့ ဘောလုံးကို အနီးကပ် ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ဒီဂိုးကို အတည်မပြုခင် မတူညီတဲ့ စစ်ဆေးမှု ၃ ခုအထိ ပြုလုပ်ခဲ့ပေမယ့်လည်း အငြင်းပွားဖွယ် ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ ဘောလုံးက ဂိုးလွန်ဘောဖြစ်သွားလားဆိုတာကို စစ်ဆေးခဲ့တာဖြစ်ပြီး ပြီးတဲ့နောက်မှာ ဂါဘရီယဲလ်ကို ဂျိုလင်တန် ပြစ်ဒဏ်ကျူးလွန်ခဲ့လားဆိုတာကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးစစ်ဆေးမှုအနေနဲ့ ဂေါ်ဒွန်က ဂိုးကန်သွင်းဖို့အတွက် လူကျွံအနေအထားမှာရှိနေခဲ့လားဆိုတာကို စစ်ဆေးခဲ့တာဖြစ်ပြီး ဂိုးကို ပယ်ဖျက်သင့်တယ်ဆိုတဲ့ အထောက်အထားတွေရှိနေခဲ့တာတောင်မှ ကွင်းလယ်ိဒုင်က ခွင့်ပြုပေးလိုက်တာဖြစ်ပါတယ်။
၂။ ရာယာရဲ့ နောက်ထပ် မတည်ငြိမ်တဲ့ လက်စွမ်း
စပန်ဂိုးသမားဟာ အာဆင်နယ်ဂိုးပေါက်မှာ ပြဿနာဖြေရှင်းနိုင်တာထက် ပြဿနာဖန်တီးမှုတွေ ပိုပြီး များလာနေပြီဖြစ်ပြီး အာတီတာဟာ အားထားရတဲ့ ဂိုးသမား ရမ်းစ်ဒေးနေရာမှာ ပြီးခဲ့တဲ့နွေရာသီမှာ ခေါ်ယူခဲ့တဲ့ တစ်နိုင်ငံတည်းသားကို ခေါင်းမာမာနဲ့ ဆက်သုံးနေမယ့်ပုံပေါ်ပါတယ်။ ရာယာဟာ နယူးကာဆယ်နဲ့ပွဲမှာ သိသာထင်ရှားတဲ့ အမှားအများအပြား ပြုလုပ်ခဲ့ပြီး ဂေါ်ဒွန်ရဲ့ အဖွင့်ဂိုးမှာ ပိုမို မြင်သာခဲ့ပါတယ်။ ရာယာဟာ ဘောလုံးဖြတ်တင်ပေးပို့လိုက်ချိန်မှာ နေရာယူပုံက လွဲချော်နေခဲ့ပြီး အဲဒါက ဂျိုလင်တန်ကို ခေါင်းတိုက်ခွင့် ရရှိသွားစေခဲ့ပြီး ဂေါ်ဒွန်က ကျလာတဲ့ဘောလုံးကို ကောက်စားသွားခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ VAR က ရာယာရဲ့အမှားကို ဖုံးဖိပေးနိုင်ခြင်းမရှိခဲ့ဘဲ ပြန်လည်သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာ ဘောလုံးက အောက်သွားခြင်းမရှိသလို ဂျိုလင်တန် ဂါဘရီယဲလ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ခြင်းလည်း မရှိတာကြောင့် ဂိုးအဖြစ်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ရာယာဟာ ဖြတ်တင်ပေးပို့မှုကိုလည်း မပုတ်ထုတ်နိုင်၊ ဂျိုလင်တန်ကိုလည်း ခေါင်းမတိုက်နိုင်အောင် မတားဆီးနိုင်၊ ပြန်ကျလာတဲ့ဘောလုံးကို ဂေါ်ဒွန် ကောက်စားလို့မရအောင် ဖမ်းလည်း မဖမ်းနိုင်ဘဲ မျောက်သစ်ကိုင်းလွတ်ဖြစ်နေခဲ့တာဖြစ်ပါတယ်။
၃။ ဂိုးပေးခဲ့ရပေမယ့် အညံ့မခံဘဲ အကောင်းဆုံးတုံ့ပြန်ခဲ့တဲ့ ဂန်းနားများ
ဒုတိယပိုင်း ပွဲကစားချိန် အလယ်လောက်မှာ ဂိုးပေးခဲ့ရတာကြောင့် အာဆင်နယ်ဟာ လက်ကျန်ပွဲကစားချိန် မိနစ် ၂၀ ကျော်ကို ကြီးမားတဲ့ ဖိအားနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပြီး ယခုရာသီရှုံးပွဲမရှိ စံချိန်ကလည်း ကျိုးပျက်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဧည့်သည်တွေဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ပွဲကို ထိန်းချုပ်နိုင်ခဲ့ပေမယ့်လည်း ချေပဂိုး သွင်းယူနိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အက်ဒီဟောင်းက ကစားသမားအပြောင်းအလဲတွေ အများကြီးပြုလုပ်ပြီး ကစားအားပြန်တင်နိုင်ခဲ့တာကလည်း ပွဲကစားချိန်ပြီးဆုံးခါနီးမှာ အိမ်ရှင်တွေကို တောင့်ခံနိုင်စွမ်းအချို့ ပေးစွမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
၄။ အရှိန်အဟုန် ဆက်ပြင်းထန်နေဦးမယ့် ပရီးမီးယားလိဂ်
ဒီအပတ်ပွဲစဉ်တွေကို မန်စီးတီး၊ စပါးစ်၊ လီဗာပူးလ်၊ ဂန်းနားတို့ဟာ တစ်သင်းနဲ့တစ်သင်းကြား ရမှတ် ၃ မှတ်စီသာ ကွာဟတဲ့အနေအထားနဲ့ စတင်ခဲ့ပေမယ့်လည်း ရုတ်တရက်ပဲ အသင်းတစ်သင်းကတော့ ရမှတ်ကွာဟမှုကို ပြောင်းပြန်လှန်ဖို့ ၂ ပွဲလိုအပ်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဟာ ဒီအပတ်မှာ ပထမဆုံးကစားတဲ့အသင်းဖြစ်တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး အနည်းဆုံးတော့ ၂၄ နာရီ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်ကလည်း စပါးစ်ရဲ့ အကောင်းဆုံးပုံစံ ရရှိနေမှုကြောင့် ခြေချော်လို့မရဘူးဆိုတာကို သိနေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းကလည်း အမှတ်ပေးဇယားကို ရာသီဝက်အထိအမှားအယွင်းမရှိ ဦးဆောင်နိုင်ခဲ့ပြီးမှ ရမှတ်တွေလျော့ကျခဲ့လို့ ဆုဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာကြောင့် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့မှုက မေလမှာ ပြန်ကြည့်ရမယ့် ပွဲစဉ်တစ်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
၅။ ဟာဗတ်ဇ်ရဲ့ အကျိုးသက်ရောက်မှု
လွန်ခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက ဘုန်းမောက်နဲ့ပွဲမှာ ဟာဗတ်ဇ်က အာဆင်နယ်အတွက် ပထမဆုံးဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပြီး အသင်းရဲ့ ကြီးမားတဲ့ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဂျာမန်ကြယ်ပွင့်ဟာ အကျိုးသက်ရောက်မှု ပြသဖို့ ရုန်းကန်ခဲ့ရပေမယ့် ပိုပြီး ကြိုးစားလေလေ ပစ်မှတ်နဲ့ ဝေးလေလေဖြစ်နေပုံပေါ်ပါတယ်။ စိန့် ဂျိမ်းစ်ပါ့ခ်မှာ ကစားခဲ့တဲ့ အဖွင့် မိနစ် ၄၀ အတွင်းမှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီးနောက် ဂျာမန်ကြယ်ပွင့်က ခပ်ကြမ်းကြမ်းဘောလုံးဖျက်ထုတ်မှု ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး အိမ်ကွင်းပရိသတ်တွေနဲ့ ကစားသမားတွေဆီကနေ ဒေါသတကြီး တုန့်ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဟာဗတ်ဇ်ဟာ VAR ရဲ့ စစ်ဆေးမှုကနေ လွတ်မြောက်ခဲ့ပြီး အဝါကတ်ပြခံရပြီးသာ ပြီးသွားပေမယ့် ချဲလ်ဆီးကြယ်ပွင့်ဟောင်းရဲ့ အဆင်အခြင်မဲ့လုပ်ရပ်ဟာ ပွဲစဉ်အပေါ်မှာ အကျိုးသက်ရောက်မှု ဘယ်လောက်အထိ ရှိနေချင်လဲဆိုတာကို ပြသခဲ့တဲ့ လက္ခဏာဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း ဆိုးဆိုးရွားရွား မှားယွင်းခဲ့တဲ့လုပ်ရပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ရဲ႕ ယခုရာသီ ရႈံးပြဲမရွိ စံခ်ိန္ဟာ စေနေန႔ညက အန္သိုနီ ေဂၚဒြန္ရဲ႕ အႏိုင္ဂိုးေၾကာင့္ အဆုံးသတ္ခဲ့ရၿပီး လက္ရွိမွာေတာ့ စပါးစ္တသင္းတည္းသာ ပရီးမီးယားလိဂ္မွာ ရႈံးပြဲအရသာ မျမည္းစမ္းဖူးေသးတဲ့ တစ္သင္းတည္းေသာအသင္းျဖစ္ခဲ့ၿပီျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ရာသီတုန္းက အာဆင္နယ္ဟာ စိန႔္ဂ်ိမ္းစ္ ပါ့ခ္မွာ ေကာင္းမြန္တဲ့အလုပ္ကို လုပ္ႏိုင္ခဲ့ေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ အက္ဒီေဟာင္းရဲ႕အသင္းဟာ လက္စားျပန္ေခ်ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဒီပြဲစဥ္ဟာ အထူးသျဖင့္ ပထမပိုင္းမွာ ဂိုးေပါက္ၿခိမ္းေျခာက္ႏိုင္စြမ္း ကင္းမဲ့ခဲ့ၿပီး ေဂၚဒြန္ရဲ႕ အဖြင့္ဂိုးဟာ ၆၄ မိနစ္မွသာ သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ VAR က နယူးကာဆယ္ရဲ႕ သြင္းဂိုးကို လူကြၽံေဘာျဖစ္ခဲ့လား၊ ျပစ္ဒဏ္ေဘာျဖစ္ခဲ့လား၊ စည္းေက်ာ္ခဲ့လားဆိုတာကို အဘက္ဘက္က စစ္ေဆးခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ ခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္ မပါဝင္ႏိုင္ခ်ိန္မွာ ျပန္လည္တုံ႔ျပန္ဖို႔အတြက္ အခြင့္အေရးမ်ားမ်ားစားစား ဖန္တီးႏိုင္ျခင္းမရွိခဲ့ဘဲ ေဂ်းဇုလည္း ပါဝင္ႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ဂန္းနားေတြဟာ နယူးကာဆယ္ရဲ႕ ခံစစ္ကို ၿခိမ္းေျခာက္ႏိုင္ျခင္းလည္း မရွိခဲ့တာျဖစ္ပါတယ္။
၁။ အျငင္းပြားဖြယ္ဂိုးနဲ႔ ဦးေဆာင္ခြင့္ရသြားတဲ့ နယူးကာဆယ္
ပြဲကစားခ်ိန္ မိနစ္ ၆၀ ျပည့္ၿပီးေနာက္မွာ အိမ္ရွင္ေတြဟာ ဂိုးသြင္းခြင့္ ရရွိဖို႔အတြက္ တိုက္စစ္ ဆင္လာခဲ့ၿပီး အာဆင္နယ္ ပင္နယ္တီဧရိယာထဲမွာ အုံခဲေနၿပီး မၾကာခဏ အျမင့္ေဘာေတြမွာ အႏိုင္ရဖို႔အတြက္ တစ္ကိုယ္လုံး ပစ္ဝင္တာမ်ိဳးလုပ္ခဲ့ၾကပါတယ္။ ဒီလို လုပ္ေဆာင္မႈေတြက ၆၄ မိနစ္မွာ အန္သိုနီ ေဂၚဒြန္ရဲ႕ အဖြင့္ဂိုးကို ရရွိေစခဲ့တာျဖစ္ၿပီး ဝီလ္ေလာ့ခ္က ဂိုးလြန္ေဘာျဖစ္သြားခဲ့ၿပီျဖစ္တဲ့ ေဘာလုံးကို ေထာင့္ကန္ေဘာအလံတိုင္နားကေန ျပန္လည္ရယူခဲ့ၿပီး ျဖတ္တင္ေပးခဲ့ရာမွာ ဂ်ိဳလင္တန္က ဂါဘရီယဲလ္ကို ေနာက္ကေန ဖိတိုက္ခဲ့တာျဖစ္ပါတယ္။ အန္သိုနီ ေဂၚဒြန္က က်လာတဲ့ ေဘာလုံးကို အနီးကပ္ ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ဒီဂိုးကို အတည္မျပဳခင္ မတူညီတဲ့ စစ္ေဆးမႈ ၃ ခုအထိ ျပဳလုပ္ခဲ့ေပမယ့္လည္း အျငင္းပြားဖြယ္ ခြင့္ျပဳေပးလိုက္တာျဖစ္ပါတယ္။ ပထမဆုံးအေနနဲ႔ ေဘာလုံးက ဂိုးလြန္ေဘာျဖစ္သြားလားဆိုတာကို စစ္ေဆးခဲ့တာျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာ ဂါဘရီယဲလ္ကို ဂ်ိဳလင္တန္ ျပစ္ဒဏ္က်ဴးလြန္ခဲ့လားဆိုတာကို စစ္ေဆးခဲ့တာျဖစ္ပါတယ္။ ေနာက္ဆုံးစစ္ေဆးမႈအေနနဲ႔ ေဂၚဒြန္က ဂိုးကန္သြင္းဖို႔အတြက္ လူကြၽံအေနအထားမွာရွိေနခဲ့လားဆိုတာကို စစ္ေဆးခဲ့တာျဖစ္ၿပီး ဂိုးကို ပယ္ဖ်က္သင့္တယ္ဆိုတဲ့ အေထာက္အထားေတြရွိေနခဲ့တာေတာင္မွ ကြင္းလယ္ိဒုင္က ခြင့္ျပဳေပးလိုက္တာျဖစ္ပါတယ္။
၂။ ရာယာရဲ႕ ေနာက္ထပ္ မတည္ၿငိမ္တဲ့ လက္စြမ္း
စပန္ဂိုးသမားဟာ အာဆင္နယ္ဂိုးေပါက္မွာ ျပႆနာေျဖရွင္းႏိုင္တာထက္ ျပႆနာဖန္တီးမႈေတြ ပိုၿပီး မ်ားလာေနၿပီျဖစ္ၿပီး အာတီတာဟာ အားထားရတဲ့ ဂိုးသမား ရမ္းစ္ေဒးေနရာမွာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေခၚယူခဲ့တဲ့ တစ္ႏိုင္ငံတည္းသားကို ေခါင္းမာမာနဲ႔ ဆက္သုံးေနမယ့္ပုံေပၚပါတယ္။ ရာယာဟာ နယူးကာဆယ္နဲ႔ပြဲမွာ သိသာထင္ရွားတဲ့ အမွားအမ်ားအျပား ျပဳလုပ္ခဲ့ၿပီး ေဂၚဒြန္ရဲ႕ အဖြင့္ဂိုးမွာ ပိုမို ျမင္သာခဲ့ပါတယ္။ ရာယာဟာ ေဘာလုံးျဖတ္တင္ေပးပို႔လိုက္ခ်ိန္မွာ ေနရာယူပုံက လြဲေခ်ာ္ေနခဲ့ၿပီး အဲဒါက ဂ်ိဳလင္တန္ကို ေခါင္းတိုက္ခြင့္ ရရွိသြားေစခဲ့ၿပီး ေဂၚဒြန္က က်လာတဲ့ေဘာလုံးကို ေကာက္စားသြားခဲ့တာျဖစ္ပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ VAR က ရာယာရဲ႕အမွားကို ဖုံးဖိေပးႏိုင္ျခင္းမရွိခဲ့ဘဲ ျပန္လည္သုံးသပ္မႈေတြ ျပဳလုပ္ခဲ့ၿပီးေနာက္မွာ ေဘာလုံးက ေအာက္သြားျခင္းမရွိသလို ဂ်ိဳလင္တန္ ဂါဘရီယဲလ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ျခင္းလည္း မရွိတာေၾကာင့္ ဂိုးအျဖစ္ခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ ရာယာဟာ ျဖတ္တင္ေပးပို႔မႈကိုလည္း မပုတ္ထုတ္ႏိုင္၊ ဂ်ိဳလင္တန္ကိုလည္း ေခါင္းမတိုက္ႏိုင္ေအာင္ မတားဆီးႏိုင္၊ ျပန္က်လာတဲ့ေဘာလုံးကို ေဂၚဒြန္ ေကာက္စားလို႔မရေအာင္ ဖမ္းလည္း မဖမ္းႏိုင္ဘဲ ေမ်ာက္သစ္ကိုင္းလြတ္ျဖစ္ေနခဲ့တာျဖစ္ပါတယ္။
၃။ ဂိုးေပးခဲ့ရေပမယ့္ အညံ့မခံဘဲ အေကာင္းဆုံးတုံ႔ျပန္ခဲ့တဲ့ ဂန္းနားမ်ား
ဒုတိယပိုင္း ပြဲကစားခ်ိန္ အလယ္ေလာက္မွာ ဂိုးေပးခဲ့ရတာေၾကာင့္ အာဆင္နယ္ဟာ လက္က်န္ပြဲကစားခ်ိန္ မိနစ္ ၂၀ ေက်ာ္ကို ႀကီးမားတဲ့ ဖိအားနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ယခုရာသီရႈံးပြဲမရွိ စံခ်ိန္ကလည္း က်ိဳးပ်က္ႏိုင္တဲ့ အႏၲရာယ္နဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဧည့္သည္ေတြဟာ ေဘာလုံးပိုင္ဆိုင္မႈ အသာစီးနဲ႔ပြဲကို ထိန္းခ်ဳပ္ႏိုင္ခဲ့ေပမယ့္လည္း ေခ်ပဂိုး သြင္းယူႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး အက္ဒီေဟာင္းက ကစားသမားအေျပာင္းအလဲေတြ အမ်ားႀကီးျပဳလုပ္ၿပီး ကစားအားျပန္တင္ႏိုင္ခဲ့တာကလည္း ပြဲကစားခ်ိန္ၿပီးဆုံးခါနီးမွာ အိမ္ရွင္ေတြကို ေတာင့္ခံႏိုင္စြမ္းအခ်ိဳ႕ ေပးစြမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။
၄။ အရွိန္အဟုန္ ဆက္ျပင္းထန္ေနဦးမယ့္ ပရီးမီးယားလိဂ္
ဒီအပတ္ပြဲစဥ္ေတြကို မန္စီးတီး၊ စပါးစ္၊ လီဗာပူးလ္၊ ဂန္းနားတို႔ဟာ တစ္သင္းနဲ႔တစ္သင္းၾကား ရမွတ္ ၃ မွတ္စီသာ ကြာဟတဲ့အေနအထားနဲ႔ စတင္ခဲ့ေပမယ့္လည္း ႐ုတ္တရက္ပဲ အသင္းတစ္သင္းကေတာ့ ရမွတ္ကြာဟမႈကို ေျပာင္းျပန္လွန္ဖို႔ ၂ ပြဲလိုအပ္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးဟာ ဒီအပတ္မွာ ပထမဆုံးကစားတဲ့အသင္းျဖစ္တာေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး အနည္းဆုံးေတာ့ ၂၄ နာရီ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ အာဆင္နယ္ကလည္း စပါးစ္ရဲ႕ အေကာင္းဆုံးပုံစံ ရရွိေနမႈေၾကာင့္ ေျခေခ်ာ္လို႔မရဘူးဆိုတာကို သိေနခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းကလည္း အမွတ္ေပးဇယားကို ရာသီဝက္အထိအမွားအယြင္းမရွိ ဦးေဆာင္ႏိုင္ခဲ့ၿပီးမွ ရမွတ္ေတြေလ်ာ့က်ခဲ့လို႔ ဆုဖလားၿပိဳင္ပြဲမွာ ရႈံးနိမ့္ခဲ့ရတာေၾကာင့္ နယူးကာဆယ္ကို ရႈံးနိမ့္ခဲ့မႈက ေမလမွာ ျပန္ၾကည့္ရမယ့္ ပြဲစဥ္တစ္ပြဲျဖစ္လာႏိုင္တယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။
၅။ ဟာဗတ္ဇ္ရဲ႕ အက်ိဳးသက္ေရာက္မႈ
လြန္ခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက ဘုန္းေမာက္နဲ႔ပြဲမွာ ဟာဗတ္ဇ္က အာဆင္နယ္အတြက္ ပထမဆုံးဂိုးကို ပင္နယ္တီကေန သြင္းယူေပးခဲ့ၿပီး အသင္းရဲ႕ ႀကီးမားတဲ့ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ဂ်ာမန္ၾကယ္ပြင့္ဟာ အက်ိဳးသက္ေရာက္မႈ ျပသဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ပိုၿပီး ႀကိဳးစားေလေလ ပစ္မွတ္နဲ႔ ေဝးေလေလျဖစ္ေနပုံေပၚပါတယ္။ စိန႔္ ဂ်ိမ္းစ္ပါ့ခ္မွာ ကစားခဲ့တဲ့ အဖြင့္ မိနစ္ ၄၀ အတြင္းမွာ အက်ိဳးသက္ေရာက္မႈ ျပသႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ဂ်ာမန္ၾကယ္ပြင့္က ခပ္ၾကမ္းၾကမ္းေဘာလုံးဖ်က္ထုတ္မႈ ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး အိမ္ကြင္းပရိသတ္ေတြနဲ႔ ကစားသမားေတြဆီကေန ေဒါသတႀကီး တုန႔္ျပန္မႈနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။ ဟာဗတ္ဇ္ဟာ VAR ရဲ႕ စစ္ေဆးမႈကေန လြတ္ေျမာက္ခဲ့ၿပီး အဝါကတ္ျပခံရၿပီးသာ ၿပီးသြားေပမယ့္ ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္းရဲ႕ အဆင္အျခင္မဲ့လုပ္ရပ္ဟာ ပြဲစဥ္အေပၚမွာ အက်ိဳးသက္ေရာက္မႈ ဘယ္ေလာက္အထိ ရွိေနခ်င္လဲဆိုတာကို ျပသခဲ့တဲ့ လကၡဏာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္လည္း ဆိုးဆိုး႐ြား႐ြား မွားယြင္းခဲ့တဲ့လုပ္ရပ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review
- Team News