ဂေါင်းကြီးကို အတုယူဖို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့် 800 450 coyg

ဂေါင်းကြီးကို အတုယူဖို့ အပြောခံခဲ့ရတဲ့ ဂန်းနားကြယ်ပွင့်

ဘောလုံးဝေဖန် သုံးသပ်သူ ဂရေမီ ဆောင်းနက်စ်က အမ်းမရိတ်စ်မှာ ပုံမှန်ပွဲထွက်ခွင့်နေရာ ပျောက်ဆုံးခဲ့တာကြောင့် စိတ်ပျက်နေတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို မန်ချက်စတာယူနိုက်တက်နောက်ခံလူနဲ့ နှိုင်းယှဉ်ပြီး အားပေးစကားပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမားဖြစ်တဲ့ ဟာရီ မက်ဂွိုင်းယားဟာ နည်းပြ အဲရစ် တန်ဟက်ရဲ့ အပယ်ခံဘဝကနေ အယုံကြည်ရဆုံးကစားသမားတွေထဲက တစ်ဦး ပြန်ဖြစ်လာတဲ့အထိ အခြေအနေတွေကို ပြောင်းလဲပစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာ ရောက်ရှိလာပြီးနောက် အာဆင်နယ် ပွဲထွက်ဂိုးသမားနေရာကနေ ဖယ်ထုတ်ခြင်းခံခဲ့ရတဲ့ ရမ်းစ်ဒေးလ်လည်း စိတ်မပျက်ဘဲ မက်ဂွိုင်းယားကို အတုယူသင့်တယ်လို့ ဆောင်းနက်စ်က ပြောကြားခဲ့တာဖြစ်ပါတယ်။

“အာရွန် ရမ်းစ်ဒေးလ်အတွက်တော့ ဒီအပတ် Podcast မှာ သူ့အဖေ ပါဝင်တင်ဆက်ခဲ့ပြီးနောက် သူ့အဖေကို အားကိုးမယ့်အစား ကိုယ့်အားကိုယ်ကိုးပြီး တိုက်ပွဲဝင်ရမယ့် အချိန်ရောက်ပါပြီ။ အာဆင်နယ်ဂိုးသမားက သူက ဘယ်လိုကစားသမားမျိုးလဲဆိုတာကို ပြသရမယ်။ သူဖြစ်နေတဲ့ အခြေအနေကို ရင်ဆိုင်ဖြေရှင်းရမယ်။ အာတီတာက ဒေးဗစ် ရာယာကို အခုအချိန်မှာ သူ့ထက်ပိုပြီး သဘောကျနေတယ်။ ဒါပေမယ့် အဲဒါက ပြောင်းလဲသွားနိုင်တယ်”

“ကျွန်တော် သူ့ကို ဟာရီ မက်ဂွိုင်းယားကို နမူနာယူဖို့ ပြောချင်ပါတယ်။ သူ ဝေဖန်မှုတွေအားလုံးကို ခါးစည်းခံခဲ့တယ်။ စိတ်ပျက်စရာတွေအားလုံးကို ကြံ့ကြံ့ခံခဲ့တယ်။ သူ အဲဒါတွေကို ရင်ဆိုင်ဖြေရှင်းခဲ့ပြီး မန်ချက်စတာယူနိုက်တက် လူစာရင်းထဲမှာ သူ့နေရာ သူ ပြန်ရှာနိုင်ခဲ့တယ်။ ရမ်းစ်ဒေးလ်အတွက် ဒါက ခက်ခဲတဲ့စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုပါ။ သူ ဘာကိုမှ လက်ညှိုးထိုးလို့မရပါဘူး။ သူ ပုံမှန်လုပ်နေတဲ့ကိစ္စတွေမှာ အမှားတွေ လုပ်ခဲ့တာတွေကြောင့် အသင်းထဲက သူ့နေရာ ပျောက်ဆုံးခဲ့တာပါ”

“အမြင့်မားဆုံးအဆင့်အတန်းမှာရှိတဲ့ အားကစားဟာ ရက်စက်ပြီး မတရားဘူးလို့ မြင်နိုင်ပါတယ်။ ဒါပေမယ့် မတရားမှုလို့ ယူဆရတဲ့အရာကို မှန်ကန်အောင် လုပ်နိုင်တဲ့သူ တစ်ဦးတည်းပဲရှိတယ်။ အဲဒါက ရမ်းစ်ဒေးလ်ရဲ့အဖေတော့မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ေဘာလုံးေဝဖန္ သုံးသပ္သူ ဂေရမီ ေဆာင္းနက္စ္က အမ္းမရိတ္စ္မွာ ပုံမွန္ပြဲထြက္ခြင့္ေနရာ ေပ်ာက္ဆုံးခဲ့တာေၾကာင့္ စိတ္ပ်က္ေနတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ကို မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူနဲ႔ ႏႈိင္းယွဥ္ၿပီး အားေပးစကားေျပာခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံကစားသမားျဖစ္တဲ့ ဟာရီ မက္ဂြိဳင္းယားဟာ နည္းျပ အဲရစ္ တန္ဟက္ရဲ႕ အပယ္ခံဘဝကေန အယုံၾကည္ရဆုံးကစားသမားေတြထဲက တစ္ဦး ျပန္ျဖစ္လာတဲ့အထိ အေျခအေနေတြကို ေျပာင္းလဲပစ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ယခုေႏြရာသီမွာ ဘရန႔္တ္ဖို႔ဒ္ကေန ေဒးဗစ္ ရာယာ ေရာက္ရွိလာၿပီးေနာက္ အာဆင္နယ္ ပြဲထြက္ဂိုးသမားေနရာကေန ဖယ္ထုတ္ျခင္းခံခဲ့ရတဲ့ ရမ္းစ္ေဒးလ္လည္း စိတ္မပ်က္ဘဲ မက္ဂြိဳင္းယားကို အတုယူသင့္တယ္လို႔ ေဆာင္းနက္စ္က ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“အာ႐ြန္ ရမ္းစ္ေဒးလ္အတြက္ေတာ့ ဒီအပတ္ Podcast မွာ သူ႔အေဖ ပါဝင္တင္ဆက္ခဲ့ၿပီးေနာက္ သူ႔အေဖကို အားကိုးမယ့္အစား ကိုယ့္အားကိုယ္ကိုးၿပီး တိုက္ပြဲဝင္ရမယ့္ အခ်ိန္ေရာက္ပါၿပီ။ အာဆင္နယ္ဂိုးသမားက သူက ဘယ္လိုကစားသမားမ်ိဳးလဲဆိုတာကို ျပသရမယ္။ သူျဖစ္ေနတဲ့ အေျခအေနကို ရင္ဆိုင္ေျဖရွင္းရမယ္။ အာတီတာက ေဒးဗစ္ ရာယာကို အခုအခ်ိန္မွာ သူ႔ထက္ပိုၿပီး သေဘာက်ေနတယ္။ ဒါေပမယ့္ အဲဒါက ေျပာင္းလဲသြားႏိုင္တယ္”

“ကြၽန္ေတာ္ သူ႔ကို ဟာရီ မက္ဂြိဳင္းယားကို နမူနာယူဖို႔ ေျပာခ်င္ပါတယ္။ သူ ေဝဖန္မႈေတြအားလုံးကို ခါးစည္းခံခဲ့တယ္။ စိတ္ပ်က္စရာေတြအားလုံးကို ႀကံ့ႀကံ့ခံခဲ့တယ္။ သူ အဲဒါေတြကို ရင္ဆိုင္ေျဖရွင္းခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ လူစာရင္းထဲမွာ သူ႔ေနရာ သူ ျပန္ရွာႏိုင္ခဲ့တယ္။ ရမ္းစ္ေဒးလ္အတြက္ ဒါက ခက္ခဲတဲ့စိတ္ပိုင္းဆိုင္ရာ စိန္ေခၚမႈပါ။ သူ ဘာကိုမွ လက္ညႇိဳးထိုးလို႔မရပါဘူး။ သူ ပုံမွန္လုပ္ေနတဲ့ကိစၥေတြမွာ အမွားေတြ လုပ္ခဲ့တာေတြေၾကာင့္ အသင္းထဲက သူ႔ေနရာ ေပ်ာက္ဆုံးခဲ့တာပါ”

“အျမင့္မားဆုံးအဆင့္အတန္းမွာရွိတဲ့ အားကစားဟာ ရက္စက္ၿပီး မတရားဘူးလို႔ ျမင္ႏိုင္ပါတယ္။ ဒါေပမယ့္ မတရားမႈလို႔ ယူဆရတဲ့အရာကို မွန္ကန္ေအာင္ လုပ္ႏိုင္တဲ့သူ တစ္ဦးတည္းပဲရွိတယ္။ အဲဒါက ရမ္းစ္ေဒးလ္ရဲ႕အေဖေတာ့မဟုတ္ဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet