ဂိုးသမားတွေကြား မွှေနေတယ်လို့ အပြောခံခဲ့ရတဲ့ အာတီတာ
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အာဆင်နယ်ဂိုးသမားသစ် ဒေးဗစ် ရာယာဟာ ဖိအားတွေကို စတင်ခံစားလာရပြီဖြစ်ပြီး ရလဒ်အနေနဲ့ အမှားတွေ ပြုလုပ်နေပြီဖြစ်တယ်လို့ ထင်မြင်နေပါတယ်။
ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ ပြောင်းရွှေ့လာပြီးနောက် စပိန်ဂိုးသမားဟာ အာဆင်နယ် ပွဲထွက်လူစာရင်းမှာ အာရွန် ရမ်းစ်ဒေးလ်ရဲ့နေရာမှာ အစားထိုးခြင်း ခံခဲ့ရတာဖြစ်ပြီး ရာယာဟာ နောက်ဆုံးကစားခဲ့တဲ့ လွန်းစ်နဲ့ ချန်ပီယံလိဂ်ပွဲမှာ ရုန်းကန်ခဲ့ရပြီးနောက်ပိုင်း ချဲလ်ဆီးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ မာဒရစ်ခ်ရဲ့ ဖြတ်တင်ပေးပို့မှု လွဲချော်ခဲ့မှုက ဂိုးပေါက်တည့်သွားချိန်မှာ အကူအညီမဲ့ခဲ့ချိန်မှာ နောက်ထပ် ယုံကြည်မှု ထိခိုက်ခဲ့တာဖြစ်ပါတယ်။
ဂယ်ရီ နဗီးက ရာယာဟာ ရမ်းစ်ဒေးလ်ရဲ့နေရာမှာ ကျောနံပါတ် ၁ အသစ် ဖြစ်လာရတဲ့ ဖိအားကို စတင်ပြီး ခံစားနေရပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ဒေးဗစ် ရာယာက သူ့ရဲ့ အာဆင်နယ်ကစားသမားဘဝကို ကောင်းကောင်း စတင်နိုင်ခဲ့ပေမယ့် ဆိုးရွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ အဲဒီပွဲပြီးတော့ မန်စီးတီးနဲ့ပွဲ ပထမပိုင်းမှာ နောက်ထပ် အမှားလုပ်မိခဲ့တယ်။ အခု ဒီပွဲမှာလည်း အမှားလုပ်ခဲ့တယ်။ သူ့အတွက်တော့ တော်တော်လေး ပူလောင်နေတယ်။ သူ့မျက်နှာကို ကြည့်လိုက်ရင် ကယ်ကြပါဦးဆိုတဲ့ပုံစံ ဖြစ်နေတယ်။ ဂိုးသမားနေရာက ကစားရ အခက်ဆုံးနေရာဖြစ်ပြီး ခင်ဗျားက လိဂ်မှာ အကြီးမားဆုံးအသင်းတွေထဲက တစ်သင်းမှာ ဂိုးသမားအဖြစ် ရှိနေတဲ့အချိန်မှာ ပြင်းထန်တဲ့ အကဲဖြတ်မှုတွေ အောက်မှာ ရှိနေမှာ ကျိန်းသေပေါက်ပဲ”
“အာတီတာက ဒီပြဿနာကို ဖန်တီးခဲ့တာ။ ရမ်းစ်ဒေးလ်၊ ရာယာတို့ အခြေအနေနဲ့ပတ်သက်ပြီး ရှင်းရှင်းပဲ ပြောကြတာပေ့ါ။ အဲဒါက သာမန်မဟုတ်ပေမယ့် အလုပ်ဖြစ်နိုင်တယ်လို့ ပြောတယ်။ ကျွန်တော် ဘယ်တုန်းကမှ အလုပ်ဖြစ်နိုင်တယ်လို့ မယုံကြည်ခဲ့ဘူး။ ကျွန်တော်တို့ မျက်လုံးရှေ့မှာ ရှိနေတဲ့ စိန်ခေါ်မှုတွေကို မြင်နေရတယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အခု ဖိအားတွေ ဖြစ်လာတော့မှာမို့လို့ပဲ။ အာရွန် ရမ်းစ်ဒေးလ်ကရာသီအစမှာ အမှားတွေ အများကြီး မလုပ်ခဲ့ဘူး။ ရာယာက အခု အမှားတွေ စပြီး လုပ်နေပြီ။ ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ဂယ္ရီ နဗီးက အာဆင္နယ္ဂိုးသမားသစ္ ေဒးဗစ္ ရာယာဟာ ဖိအားေတြကို စတင္ခံစားလာရၿပီျဖစ္ၿပီး ရလဒ္အေနနဲ႔ အမွားေတြ ျပဳလုပ္ေနၿပီျဖစ္တယ္လို႔ ထင္ျမင္ေနပါတယ္။
ယခုေႏြရာသီမွာ ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ စပိန္ဂိုးသမားဟာ အာဆင္နယ္ ပြဲထြက္လူစာရင္းမွာ အာ႐ြန္ ရမ္းစ္ေဒးလ္ရဲ႕ေနရာမွာ အစားထိုးျခင္း ခံခဲ့ရတာျဖစ္ၿပီး ရာယာဟာ ေနာက္ဆုံးကစားခဲ့တဲ့ လြန္းစ္နဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ႐ုန္းကန္ခဲ့ရၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ မာဒရစ္ခ္ရဲ႕ ျဖတ္တင္ေပးပို႔မႈ လြဲေခ်ာ္ခဲ့မႈက ဂိုးေပါက္တည့္သြားခ်ိန္မွာ အကူအညီမဲ့ခဲ့ခ်ိန္မွာ ေနာက္ထပ္ ယုံၾကည္မႈ ထိခိုက္ခဲ့တာျဖစ္ပါတယ္။
ဂယ္ရီ နဗီးက ရာယာဟာ ရမ္းစ္ေဒးလ္ရဲ႕ေနရာမွာ ေက်ာနံပါတ္ ၁ အသစ္ ျဖစ္လာရတဲ့ ဖိအားကို စတင္ၿပီး ခံစားေနရၿပီလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ေဒးဗစ္ ရာယာက သူ႔ရဲ႕ အာဆင္နယ္ကစားသမားဘဝကို ေကာင္းေကာင္း စတင္ႏိုင္ခဲ့ေပမယ့္ ဆိုး႐ြားတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္နဲ႔ ရင္ဆိုင္ခဲ့ရတယ္။ အဲဒီပြဲၿပီးေတာ့ မန္စီးတီးနဲ႔ပြဲ ပထမပိုင္းမွာ ေနာက္ထပ္ အမွားလုပ္မိခဲ့တယ္။ အခု ဒီပြဲမွာလည္း အမွားလုပ္ခဲ့တယ္။ သူ႔အတြက္ေတာ့ ေတာ္ေတာ္ေလး ပူေလာင္ေနတယ္။ သူ႔မ်က္ႏွာကို ၾကည့္လိုက္ရင္ ကယ္ၾကပါဦးဆိုတဲ့ပုံစံ ျဖစ္ေနတယ္။ ဂိုးသမားေနရာက ကစားရ အခက္ဆုံးေနရာျဖစ္ၿပီး ခင္ဗ်ားက လိဂ္မွာ အႀကီးမားဆုံးအသင္းေတြထဲက တစ္သင္းမွာ ဂိုးသမားအျဖစ္ ရွိေနတဲ့အခ်ိန္မွာ ျပင္းထန္တဲ့ အကဲျဖတ္မႈေတြ ေအာက္မွာ ရွိေနမွာ က်ိန္းေသေပါက္ပဲ”
“အာတီတာက ဒီျပႆနာကို ဖန္တီးခဲ့တာ။ ရမ္းစ္ေဒးလ္၊ ရာယာတို႔ အေျခအေနနဲ႔ပတ္သက္ၿပီး ရွင္းရွင္းပဲ ေျပာၾကတာေပ့ါ။ အဲဒါက သာမန္မဟုတ္ေပမယ့္ အလုပ္ျဖစ္ႏိုင္တယ္လို႔ ေျပာတယ္။ ကြၽန္ေတာ္ ဘယ္တုန္းကမွ အလုပ္ျဖစ္ႏိုင္တယ္လို႔ မယုံၾကည္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ မ်က္လုံးေရွ႕မွာ ရွိေနတဲ့ စိန္ေခၚမႈေတြကို ျမင္ေနရတယ္လို႔ ယုံၾကည္တယ္။ ဘာလို႔လဲဆိုေတာ့ အခု ဖိအားေတြ ျဖစ္လာေတာ့မွာမို႔လို႔ပဲ။ အာ႐ြန္ ရမ္းစ္ေဒးလ္ကရာသီအစမွာ အမွားေတြ အမ်ားႀကီး မလုပ္ခဲ့ဘူး။ ရာယာက အခု အမွားေတြ စၿပီး လုပ္ေနၿပီ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News