ဂါဘရီယဲလ်ကို ရောင်းထုတ်မယ့်ဈေးသတ်မှတ်ထားတဲ့ အာဆင်နယ် 750 528 coyg

ဂါဘရီယဲလ်ကို ရောင်းထုတ်မယ့်ဈေးသတ်မှတ်ထားတဲ့ အာဆင်နယ်

အာဆင်နယ်အတွက် စနေနေ့ညနေ အမ်းမရိတ်စ်က ဖူလ်ဟမ်နဲ့ပွဲစဉ်ဟာ စိတ်ပျက်စရာရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အစောပိုင်းအမှားကြောင့် ပထမဆုံးမိနစ်မှာပဲ အဖွင့်ဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

အာဆင်နယ်က ဆာကာနဲ့ အန်ကီးတီးယားတို့ သွင်းဂိုးတွေကြောင့် ၂-၁ နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုး ပြန်ပေးခဲ့ရပြီး သရေကျခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဖူလ်ဟမ်ကို ပွဲကစားချိန်အများစုမှာ အသာစီးရယူထားနိုင်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်း အားနည်းမှုတွေက ဂန်းနားတွေရဲ့ အခွင့်အလမ်းတွေကို အကန့်အသတ်ရှိစေခဲ့တာဖြစ်ပါတယ်။

ယူရီယန် တင်းဘား ဒဏ်ရာရရှိထားသလို တိုမီယဆုလည်း ပွဲပယ်ခံထားရပြီး တီယာနီလည်း ရီးရဲလ်ဆိုစီဒက်ကို ပြောင်းရွှေ့သွားပြီဖြစ်တာကြောင့် အာတီတာက ခီဗီယောကို ဘယ်နောက်ခံနေရာမှာ အသုံးပြုခဲ့ပါတယ်။

ဂါဘရီယဲလ်ဟာ ဖူလ်ဟမ်နဲ့ပွဲမှာ နောက်ထပ်တစ်ကြိမ် အရန်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရတဲ့နောက် အာဆင်နယ်က ဘရာဇီးလ်နောက်ခံလူအတွက် ကမ်းလှမ်းမှုတွေကို လက်ခံသွားဖွယ်ရှိနေတယ်လို့ အိုလီက ပြောကြားခဲ့ပါတယ်။

“အခု ဆော်ဒီ အာရေဗျက စိတ်ဝင်စားနေတဲ့ကိစ္စက နောက်ကွယ်မှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတာ သိသာပါတယ်။ ကျွန်တော် အာတီတာနဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆော်ဒီ အာရေဗျက စိတ်ဝင်စားမှုက ဂါဘရီယဲလ် မပါဝင်မှုရဲ့အချက်တစ်ချက်အဖြစ်ရှိနေလားဆိုတဲ့အကြောင်းအရာကို စကားပြောဖြစ်ခဲ့ပါတယ်။သူကတော့ မဟုတ်ဘူးလို့ ငြင်းပါတယ်။ ဒါပေမယ့် သူ ဒီမှာ မကစားရဘူးဆိုရင် ဆော်ဒီမှာ ရမယ့်ပိုက်ဆံပမာဏကြောင့် စိတ်ပြောင်းရင် ပြောင်းသွားနိုင်တယ်ဆိုတာကို နားလည်ဖို့ လွယ်ကူလိမ့်မယ်တဲ့။ အာဆင်တယ်က ဒီနွေရာသီမှာ ကြီးမားတဲ့ငွေကြေးသုံးစွဲမှု ပြုလုပ်ထားတာကြောင့် တံခါးလည်း ဖွင့်ထားတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့ နောက်ထပ် ပြုလုပ်မယ့် ကစားသမားခေါ်ယူမှုတွေက ကစားသမားရောင်းချမှုအပေါ် မူတည်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေတယ်။ အဲဒီတော့ သူတို့တွေ ဂါဘရီယဲလ်အတွက် ပေါင်သန်း ၃၀၊ ၃၅ သန်းလောက်ရနိုင်မယ်ဆိုရင် ရောင်းထုတ်သွားနိုင်ပါတယ်။ ခင်ဗျား သိလား။ အာဆင်နယ်မှာ ဗဟိုခံစစ်နေရာက လူအလုံအလောက်ရှိနေတယ်။ ဆော်ဒီ ဈေးကွက်က စက်တင်ဘာ ၂၀ မှ ပိတ်မှာဖြစ်လို့ သူတို့တွေ ၄၊ ၅ ရက် မဟုတ်ဘဲ အချိန်အများကြီးရသေးတယ်လို့ တွေးကောင်းတွေးနိုင်တယ်။ အဲဒီတော့ သူတို့တွေ ဈေးကွက်ပိတ်တဲ့ထိ ဒီတိုင်း ထားပြီး ဂါဘရီယဲလ် မပါဘဲ ၃၊ ၄၊ ၅ ပွဲလောက် ကောင်းကောင်း ကစားနိုင်မယ်ဆိုရင် သူတို့နွေရာသီအစောပိုင်းမှာ သုံးခဲ့တဲ့ ထွက်ငွေကို ပြန်ဟန်ချက်ညီအောင် ငွေကြေး ရယူသွားနိင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar
Ref:Internet
ZAWGYI: အာဆင္နယ္အတြက္ စေနေန႔ညေန အမ္းမရိတ္စ္က ဖူလ္ဟမ္နဲ႔ပြဲစဥ္ဟာ စိတ္ပ်က္စရာရလဒ္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး အေစာပိုင္းအမွားေၾကာင့္ ပထမဆုံးမိနစ္မွာပဲ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

အာဆင္နယ္က ဆာကာနဲ႔ အန္ကီးတီးယားတို႔ သြင္းဂိုးေတြေၾကာင့္ ၂-၁ နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ေခ်ပဂိုး ျပန္ေပးခဲ့ရၿပီး သေရက်ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဖူလ္ဟမ္ကို ပြဲကစားခ်ိန္အမ်ားစုမွာ အသာစီးရယူထားႏိုင္ခဲ့ေပမယ့္လည္း ခံစစ္ပိုင္း အားနည္းမႈေတြက ဂန္းနားေတြရဲ႕ အခြင့္အလမ္းေတြကို အကန႔္အသတ္ရွိေစခဲ့တာျဖစ္ပါတယ္။

ယူရီယန္ တင္းဘား ဒဏ္ရာရရွိထားသလို တိုမီယဆုလည္း ပြဲပယ္ခံထားရၿပီး တီယာနီလည္း ရီးရဲလ္ဆိုစီဒက္ကို ေျပာင္းေ႐ႊ႕သြားၿပီျဖစ္တာေၾကာင့္ အာတီတာက ခီဗီေယာကို ဘယ္ေနာက္ခံေနရာမွာ အသုံးျပဳခဲ့ပါတယ္။

ဂါဘရီယဲလ္ဟာ ဖူလ္ဟမ္နဲ႔ပြဲမွာ ေနာက္ထပ္တစ္ႀကိမ္ အရန္ကစားသမားအျဖစ္ အသုံးျပဳျခင္းမခံခဲ့ရတဲ့ေနာက္ အာဆင္နယ္က ဘရာဇီးလ္ေနာက္ခံလူအတြက္ ကမ္းလွမ္းမႈေတြကို လက္ခံသြားဖြယ္ရွိေနတယ္လို႔ အိုလီက ေျပာၾကားခဲ့ပါတယ္။

“အခု ေဆာ္ဒီ အာေရဗ်က စိတ္ဝင္စားေနတဲ့ကိစၥက ေနာက္ကြယ္မွာ လႈပ္လႈပ္ခတ္ခတ္ျဖစ္ေနတာ သိသာပါတယ္။ ကြၽန္ေတာ္ အာတီတာနဲ႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဆာ္ဒီ အာေရဗ်က စိတ္ဝင္စားမႈက ဂါဘရီယဲလ္ မပါဝင္မႈရဲ႕အခ်က္တစ္ခ်က္အျဖစ္ရွိေနလားဆိုတဲ့အေၾကာင္းအရာကို စကားေျပာျဖစ္ခဲ့ပါတယ္။သူကေတာ့ မဟုတ္ဘူးလို႔ ျငင္းပါတယ္။ ဒါေပမယ့္ သူ ဒီမွာ မကစားရဘူးဆိုရင္ ေဆာ္ဒီမွာ ရမယ့္ပိုက္ဆံပမာဏေၾကာင့္ စိတ္ေျပာင္းရင္ ေျပာင္းသြားႏိုင္တယ္ဆိုတာကို နားလည္ဖို႔ လြယ္ကူလိမ့္မယ္တဲ့။ အာဆင္တယ္က ဒီေႏြရာသီမွာ ႀကီးမားတဲ့ေငြေၾကးသုံးစြဲမႈ ျပဳလုပ္ထားတာေၾကာင့္ တံခါးလည္း ဖြင့္ထားတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ ေနာက္ထပ္ ျပဳလုပ္မယ့္ ကစားသမားေခၚယူမႈေတြက ကစားသမားေရာင္းခ်မႈအေပၚ မူတည္ေနတယ္လို႔ ေျပာဆိုမႈေတြလည္း ရွိေနတယ္။ အဲဒီေတာ့ သူတို႔ေတြ ဂါဘရီယဲလ္အတြက္ ေပါင္သန္း ၃၀၊ ၃၅ သန္းေလာက္ရႏိုင္မယ္ဆိုရင္ ေရာင္းထုတ္သြားႏိုင္ပါတယ္။ ခင္ဗ်ား သိလား။ အာဆင္နယ္မွာ ဗဟိုခံစစ္ေနရာက လူအလုံအေလာက္ရွိေနတယ္။ ေဆာ္ဒီ ေဈးကြက္က စက္တင္ဘာ ၂၀ မွ ပိတ္မွာျဖစ္လို႔ သူတို႔ေတြ ၄၊ ၅ ရက္ မဟုတ္ဘဲ အခ်ိန္အမ်ားႀကီးရေသးတယ္လို႔ ေတြးေကာင္းေတြးႏိုင္တယ္။ အဲဒီေတာ့ သူတို႔ေတြ ေဈးကြက္ပိတ္တဲ့ထိ ဒီတိုင္း ထားၿပီး ဂါဘရီယဲလ္ မပါဘဲ ၃၊ ၄၊ ၅ ပြဲေလာက္ ေကာင္းေကာင္း ကစားႏိုင္မယ္ဆိုရင္ သူတို႔ေႏြရာသီအေစာပိုင္းမွာ သုံးခဲ့တဲ့ ထြက္ေငြကို ျပန္ဟန္ခ်က္ညီေအာင္ ေငြေၾကး ရယူသြားနိင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar
Ref:Internet