ဂန်းနားပရိသတ်တွေရဲ့ ရင်ထဲက အနာဟောင်းကို ပြန်တူးဆွလိုက်တဲ့ အဒီဘာယော 1024 640 coyg

ဂန်းနားပရိသတ်တွေရဲ့ ရင်ထဲက အနာဟောင်းကို ပြန်တူးဆွလိုက်တဲ့ အဒီဘာယော

အီမန်နျူရယ် အဒီဘာယောက ၎င်းရဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဒေါသထွက်စရာ အောင်ပွဲခံမှုကို မေ့ပစ်ပြီး ပြီးခဲ့တာတွေကို ပြီးလိုက်ကြဖို့ အာဆင်နယ်ပရိသတ်တွေကို တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟောင်းဟာ မန်ချက်စတာစီးတီးကို ရေနံစလောင်းနေတဲ့အချိန် ၂၀၀၉ ခုနှစ် နွေရာသီမှာ မြောက်လန်ဒန်ကလပ်ကို စွန့်ခွာသွားခဲ့တာဖြစ်ပြီး အဒီဘာယောဟာ အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရတဲ့ပွဲမှာ တစ်ပွဲလုံး လှောင်ပြောင်ခံခဲ့ရပေမယ့် ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အရေးကြီးတဲ့သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အဒီဘာယောဟာ ကွင်းတစ်ဖက်ခြမ်းကို ပြန်လည် ပြေးလွှားသွားခဲ့ပြီး တစ်ခါတုန်းက ၎င်းကို ချစ်မြတ်နိုးခဲ့တဲ့ ပရိသတ်တွေရှေ့ကို ဒူးထောက်လျှောတိုက်ပြီး အောင်ပွဲခံပြခဲ့တာဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်တွေဟာ အဒီဘာယောရဲ့ ဒေါသထွက်စရာ အောင်ပွဲခံဟန်ကို ပလတ်စတစ်ထိုင်ခုံတွေအပါအဝင် အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ပြီး တုံ့ပြန်ခဲ့ကြပြီး နောက်ပိုင်းမှာ မန်စီးတီးတိုက်စစ်မှူးဟာ အက်ဖ်အေရဲ့ ဒဏ်ငွေပေါင် ၂၅၀၀၀ နဲ့ ၂ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက် ၁၄ နှစ်ကြာခဲ့ပြီဖြစ်ပေမယ့်လည်း အာဆင်နယ်ပရိသတ်တွေရဲ့ ရင်ထဲမှာ မပျောက်ကွယ်သွားတဲ့ အစိုင်အခဲတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီး အဒီဘာယောက လက်ရှိအချိန်ဟာ ပြီးခဲ့တာတွေကို ခွင့်လွှတ်ပြီး မေ့ပစ်ရမယ့်အချိန်ရောက်ပြီလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ပရိသတ်တွေအနေနဲ့ ၂၀၀၉ ခုနှစ်တုန်းက ကျွန်တော် ကွင်းထဲမှာ အဝေးကြီး ပြေးလွှားခဲ့တဲ့အချိန်တုန်းက ဖြစ်ခဲ့တာကို မေ့နိုင်လောက်ပြီလို့ ထင်ပါတယ်။ ဒီနေ့မှာ ကျွန်တော် အဲဒီကိစ္စကို ရှင်းအောင် ပြောချင်ပါတယ်။ လူတွေက ခင်ဗျားရဲ့ မိသားစု အထူးသဖြင့် ခင်ဗျား အဖေနဲ့ အမေကို နှောင့်ယှက်စော်ကားတဲ့ စကားလုံးတွေနဲ့ သီချင်းတွေ ဆိုနေရင် ဘယ်လိုလူသားကမှ လက်ခံနိုင်မယ်မထင်ပါဘူး။ ကျွန်တော့် အမေနဲ့ အဖေအတွက် ဘာမဆို လုပ်မှာပါ။ အဲဒီကိစ္စတွေက အခုကျွန်တော့်နောက်မှာ ချန်ထားခဲ့ပါပြီ။ အဲဒီကိစ္စက သူတို့ရဲ့ နောက်မှာ ကျန်ခဲ့ပြီလို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့အားလုံး ဘောလုံးကို ချစ်မြတ်နိုးတယ်။ သူတို့တွေ အဲဒီအောင်ပွဲခံဟန်ကို တီဗွီနဲ့ လူမှုကွန်ရက်ပေါ်မှာ မြင်တဲ့အချိန်မှာ အခု သူတို့တွေ ရယ်မောပစ်ပြီး ဘာမှမဖြစ်သလို ရှေ့ဆက်သွားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါက အာဆင်နယ်ပရိသတ်တွေအတွက် ကျွန်တော် ဆုတောင်းမိတဲ့အရာဖြစ်ပြီး ဒီနှစ်မှာလည်း ကံအကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ်”

အာတီတာရဲ့ ဂန်းနားတွေဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာစီးတီးကို ၁၂ ပွဲဆက်တိုက် နိုင်ပွဲမရခဲ့မှုကို အဆုံးသတ်ပြီး ဆုဖလားမျှော်လင့်ချက်ကို မြှင့်တင်နိုင်ခဲ့ပြီဖြစ်ပြီး အဒီဘာယောက အသင်းဟောင်းရဲ့ တိုးတက်မှုတွေကို အားပေးထောက်ခံခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့တွေအားလုံး သူတို့ လိဂ်ဖလားကို အနိုင်ရပါစေလို့ ဆုတောင်းပေးခဲ့တယ်။ သူတို့တွေ အရမ်းကို နီးစပ်ခဲ့တယ်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလလောက်ရောက်တဲ့အချိန်မှာ ကျွန်တော့် သူငယ်ချင်းတွေအားလုံးကို ဒီကောင်လေးတွေ ရမှတ်တွေ စပြီး မလျော့ကျဖို့ မျှော်လင့်မိတယ်ဆိုပြီးတောင် ပြောခဲ့ပါတယ်။ ကျွန်တော် အာဆင်နယ်အတွက် ကစားပေးခဲ့တဲ့အချိန်တုန်းကလည်း အဲဒီလိုပဲ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့က ပထမ ဒါမှမဟုတ် ဒုတိယဖြစ်နေပြီး ဖေဖော်ဝါရီလလောက်မှာ ကစားသမားတွေ ဒဏ်ရာရတာ ဒါမှမဟုတ် ပွဲပယ်ခံရတာမျိုး ဖြစ်ရော။ လိဂ်က သွားရော။ ကျွန်တော်တို့မှာ အရမ်းကောင်းပေမယ့် ငယ်ရွယ်တဲ့အသင်းရှိပါတယ်။ ကျွန်တော်တို့မှာ ခေါင်းဆောင်လိုအပ်ခဲ့တယ်။ အဲဒီတော့ သူတို့တွေ ရမှတ်တွေ စလျော့ကျလာတာမြင်တဲ့အခါမှာ မန်စီးတီးက ရမှတ်တွေအများကြီး နောက်ကျနေတာတောင်မှ ကျွန်တော် ပြောခဲ့တာက အသင်းက ကျိန်စာများ သင့်နေတာလား မသိဘူးဆိုတာပါ။ ဒါပေမယ့် သူတို့အတွက် လိဂ်ဖလားကို အနိုင်ရဖို့က ခက်ခဲလာမှာပါ။ ဒါပေမယ်ာ့ အဲဒါကို တခြားရှုထောင့်ကနေ ကြည့်ရအောင်။ သူတို့တွေ မနှစ်က လုပ်ခဲ့တဲ့အရာက မယုံနိုင်စရာကောင်းခဲ့တယ်။ သူတို့တွေ ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့ပြီး လိဂ်ဖလားကို အနိုင်ရဖို့ နီးစပ်ခဲ့တယ်။ ဒီကလန် ရိုက်နဲ့အတူ သူတို့တွေ ကစားသမားကောင်းအချို့ကို ခေါ်ယူခဲ့တယ်။ သူတို့တွေ လိဂ်ဖလားကို အနိုင်ရဖို့နဲ့ ချန်ပီယံလိဂ်မှာ သွားနိုင်သလောက် သွားနိုင်အောင် အမှန်တကယ် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ အဲဒါက ကျွန်တော့်အသင်းဟောင်းဖြစ်ပြီး သူတို့ကို ကံအကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော် ဆုတောင်းပေးပါတယ် ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အီမန္န်ဴရယ္ အဒီဘာေယာက ၎ရဲ႕ ကမာၻေက်ာ္ခဲ့တဲ့ ေဒါသထြက္စရာ ေအာင္ပြဲခံမႈကို ေမ့ပစ္ၿပီး ၿပီးခဲ့တာေတြကို ၿပီးလိုက္ၾကဖို႔ အာဆင္နယ္ပရိသတ္ေတြကို ေတာင္းဆိုခဲ့ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ေဟာင္းဟာ မန္ခ်က္စတာစီးတီးကို ေရနံစေလာင္းေနတဲ့အခ်ိန္ ၂၀၀၉ ခုႏွစ္ ေႏြရာသီမွာ ေျမာက္လန္ဒန္ကလပ္ကို စြန႔္ခြာသြားခဲ့တာျဖစ္ၿပီး အဒီဘာေယာဟာ အသင္းေဟာင္းနဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ရင္ဆိုင္ရတဲ့ပြဲမွာ တစ္ပြဲလုံး ေလွာင္ေျပာင္ခံခဲ့ရေပမယ့္ ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အေရးႀကီးတဲ့သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အဒီဘာေယာဟာ ကြင္းတစ္ဖက္ျခမ္းကို ျပန္လည္ ေျပးလႊားသြားခဲ့ၿပီး တစ္ခါတုန္းက ၎ကို ခ်စ္ျမတ္ႏိုးခဲ့တဲ့ ပရိသတ္ေတြေရွ႕ကို ဒူးေထာက္ေလွ်ာတိုက္ၿပီး ေအာင္ပြဲခံျပခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ ပရိသတ္ေတြဟာ အဒီဘာေယာရဲ႕ ေဒါသထြက္စရာ ေအာင္ပြဲခံဟန္ကို ပလတ္စတစ္ထိုင္ခုံေတြအပါအဝင္ အရာဝတၳဳေတြနဲ႔ ပစ္ေပါက္ၿပီး တုံ႔ျပန္ခဲ့ၾကၿပီး ေနာက္ပိုင္းမွာ မန္စီးတီးတိုက္စစ္မႉးဟာ အက္ဖ္ေအရဲ႕ ဒဏ္ေငြေပါင္ ၂၅၀၀၀ နဲ႔ ၂ ပြဲပယ္ျပစ္ဒဏ္ ခ်မွတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္ျဖစ္ခဲ့ၿပီးေနာက္ ၁၄ ႏွစ္ၾကာခဲ့ၿပီျဖစ္ေပမယ့္လည္း အာဆင္နယ္ပရိသတ္ေတြရဲ႕ ရင္ထဲမွာ မေပ်ာက္ကြယ္သြားတဲ့ အစိုင္အခဲတစ္ခုအျဖစ္ ရွိေနဆဲျဖစ္ၿပီး အဒီဘာေယာက လက္ရွိအခ်ိန္ဟာ ၿပီးခဲ့တာေတြကို ခြင့္လႊတ္ၿပီး ေမ့ပစ္ရမယ့္အခ်ိန္ေရာက္ၿပီလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ပရိသတ္ေတြအေနနဲ႔ ၂၀၀၉ ခုႏွစ္တုန္းက ကြၽန္ေတာ္ ကြင္းထဲမွာ အေဝးႀကီး ေျပးလႊားခဲ့တဲ့အခ်ိန္တုန္းက ျဖစ္ခဲ့တာကို ေမ့ႏိုင္ေလာက္ၿပီလို႔ ထင္ပါတယ္။ ဒီေန႔မွာ ကြၽန္ေတာ္ အဲဒီကိစၥကို ရွင္းေအာင္ ေျပာခ်င္ပါတယ္။ လူေတြက ခင္ဗ်ားရဲ႕ မိသားစု အထူးသျဖင့္ ခင္ဗ်ား အေဖနဲ႔ အေမကို ေႏွာင့္ယွက္ေစာ္ကားတဲ့ စကားလုံးေတြနဲ႔ သီခ်င္းေတြ ဆိုေနရင္ ဘယ္လိုလူသားကမွ လက္ခံႏိုင္မယ္မထင္ပါဘူး။ ကြၽန္ေတာ့္ အေမနဲ႔ အေဖအတြက္ ဘာမဆို လုပ္မွာပါ။ အဲဒီကိစၥေတြက အခုကြၽန္ေတာ့္ေနာက္မွာ ခ်န္ထားခဲ့ပါၿပီ။ အဲဒီကိစၥက သူတို႔ရဲ႕ ေနာက္မွာ က်န္ခဲ့ၿပီလို႔လည္း ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔အားလုံး ေဘာလုံးကို ခ်စ္ျမတ္ႏိုးတယ္။ သူတို႔ေတြ အဲဒီေအာင္ပြဲခံဟန္ကို တီဗြီနဲ႔ လူမႈကြန္ရက္ေပၚမွာ ျမင္တဲ့အခ်ိန္မွာ အခု သူတို႔ေတြ ရယ္ေမာပစ္ၿပီး ဘာမွမျဖစ္သလို ေရွ႕ဆက္သြားႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ဒါက အာဆင္နယ္ပရိသတ္ေတြအတြက္ ကြၽန္ေတာ္ ဆုေတာင္းမိတဲ့အရာျဖစ္ၿပီး ဒီႏွစ္မွာလည္း ကံအေကာင္းဆုံးျဖစ္ပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းေပးပါတယ္”

အာတီတာရဲ႕ ဂန္းနားေတြဟာ ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာစီးတီးကို ၁၂ ပြဲဆက္တိုက္ ႏိုင္ပြဲမရခဲ့မႈကို အဆုံးသတ္ၿပီး ဆုဖလားေမွ်ာ္လင့္ခ်က္ကို ျမႇင့္တင္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အဒီဘာေယာက အသင္းေဟာင္းရဲ႕ တိုးတက္မႈေတြကို အားေပးေထာက္ခံခဲ့ပါတယ္။

“ၿပီးခဲ့တဲ့ရာသီက ကြၽန္ေတာ္တို႔ေတြအားလုံး သူတို႔ လိဂ္ဖလားကို အႏိုင္ရပါေစလို႔ ဆုေတာင္းေပးခဲ့တယ္။ သူတို႔ေတြ အရမ္းကို နီးစပ္ခဲ့တယ္။ ဇန္နဝါရီနဲ႔ ေဖေဖာ္ဝါရီလေလာက္ေရာက္တဲ့အခ်ိန္မွာ ကြၽန္ေတာ့္ သူငယ္ခ်င္းေတြအားလုံးကို ဒီေကာင္ေလးေတြ ရမွတ္ေတြ စၿပီး မေလ်ာ့က်ဖို႔ ေမွ်ာ္လင့္မိတယ္ဆိုၿပီးေတာင္ ေျပာခဲ့ပါတယ္။ ကြၽန္ေတာ္ အာဆင္နယ္အတြက္ ကစားေပးခဲ့တဲ့အခ်ိန္တုန္းကလည္း အဲဒီလိုပဲ ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔က ပထမ ဒါမွမဟုတ္ ဒုတိယျဖစ္ေနၿပီး ေဖေဖာ္ဝါရီလေလာက္မွာ ကစားသမားေတြ ဒဏ္ရာရတာ ဒါမွမဟုတ္ ပြဲပယ္ခံရတာမ်ိဳး ျဖစ္ေရာ။ လိဂ္က သြားေရာ။ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းေပမယ့္ ငယ္႐ြယ္တဲ့အသင္းရွိပါတယ္။ ကြၽန္ေတာ္တို႔မွာ ေခါင္းေဆာင္လိုအပ္ခဲ့တယ္။ အဲဒီေတာ့ သူတို႔ေတြ ရမွတ္ေတြ စေလ်ာ့က်လာတာျမင္တဲ့အခါမွာ မန္စီးတီးက ရမွတ္ေတြအမ်ားႀကီး ေနာက္က်ေနတာေတာင္မွ ကြၽန္ေတာ္ ေျပာခဲ့တာက အသင္းက က်ိန္စာမ်ား သင့္ေနတာလား မသိဘူးဆိုတာပါ။ ဒါေပမယ့္ သူတို႔အတြက္ လိဂ္ဖလားကို အႏိုင္ရဖို႔က ခက္ခဲလာမွာပါ။ ဒါေပမယ္ာ့ အဲဒါကို တျခားရႈေထာင့္ကေန ၾကည့္ရေအာင္။ သူတို႔ေတြ မႏွစ္က လုပ္ခဲ့တဲ့အရာက မယုံႏိုင္စရာေကာင္းခဲ့တယ္။ သူတို႔ေတြ ဒုတိယေနရာမွာ ရာသီၿပီးဆုံးခဲ့ၿပီး လိဂ္ဖလားကို အႏိုင္ရဖို႔ နီးစပ္ခဲ့တယ္။ ဒီကလန္ ႐ိုက္နဲ႔အတူ သူတို႔ေတြ ကစားသမားေကာင္းအခ်ိဳ႕ကို ေခၚယူခဲ့တယ္။ သူတို႔ေတြ လိဂ္ဖလားကို အႏိုင္ရဖို႔နဲ႔ ခ်န္ပီယံလိဂ္မွာ သြားႏိုင္သေလာက္ သြားႏိုင္ေအာင္ အမွန္တကယ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ပါတယ္။ အဲဒါက ကြၽန္ေတာ့္အသင္းေဟာင္းျဖစ္ၿပီး သူတို႔ကို ကံအေကာင္းဆုံးျဖစ္ပါေစလို႔ ကြၽန္ေတာ္ ဆုေတာင္းေပးပါတယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet