ဂန်းနားပရိသတ်တွေတောင် တင်းကုန်ကြပြီလို့ အာတီတာကို သတိပေးခဲ့တဲ့ ကြယ်ပွင့်ဟောင်း 1024 574 coyg

ဂန်းနားပရိသတ်တွေတောင် တင်းကုန်ကြပြီလို့ အာတီတာကို သတိပေးခဲ့တဲ့ ကြယ်ပွင့်ဟောင်း

အာဆင်နယ်ပရိသတ်တွေဟာ ဘာကြောင့် အာတီတာက ဘယ်လိုမှ ခြေမပေါ်တဲ့ ကိုင် ဟာဗတ်ဇ်ကို အသင်းထဲမှာ ထည့်သုံးဖို့ ကြိုးစားနေလဲဆိုတာကို နားမလည်နိုင်ဖြစ်နေကြတယ်လို့ ဂန်းနားကွင်းလယ်ကြယ်ပွင့်ဟောင်းက ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ယခုနွေရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းကနေ ကိုင် ဟာဗတ်ဇ်ကို ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဂျာမန်ကြယ်ပွင့်ဟာ ၂၀၂၀ ခုနှစ်မှာ ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် ဟာဗတ်ဇ်ရဲ့ တစ်ခုတည်းသော အပြောင်မြောက်ဆုံးစွမ်းဆောင်ရည်ဟာ ၂၀၂၁ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ချက်စတာစီးတီးဘက်ကို တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ လေဗာကူဆင်ကို ချဲလ်ဆီးက ပေးချေခဲ့ရတဲ့ ပေါင်သန်း ၉၀ နဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုး မပြသနိုင်ခဲ့ဘဲ ၁၃၉ ပွဲမှာ ၃၂ ဂိုသာ သွင်းယူနိုင်ခဲ့ပြီးနောက် ယခုနွေရာသီမှာ အာဆင်နယ်ကို ရောင်းထုတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ မြောက်လန်ဒန်မှာလည်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲမှာ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ ပရိသတ်တွေကြားမှာ ဝေဖန်မှုတွေ ရှိနေတဲ့ကြားက အာတီတာက ဆက်လက်ပြီး ပွဲထွက်ခွင့်ပေးနေတဲ့တာကြောင့် အာဆင်နယ်ကွင်းလယ်ကြယ်ပွင့်ဟောင်း စတီးဝပ် ရော့ဘ်ဆင်က နားမလည်နိုင်ဟန်နဲ့ မေးခွန်းထုတ်ခဲ့တာဖြစ်ပါတယ်။

“သူက ကောင်းသင့်သလောက် မကောင်းလို့ သူတို့တွေက ရောင်းထုတ်ခဲ့တာပေါ့။ ခင်ဗျား ဘွန်ဒက်စ်လီဂါကနေ ပရီးမီးယားလိဂ်ကို လာကစားတဲ့ ကစားသမားတွေကို ခင်ဗျား ဆက်ပြီး ကာကွယ်ပေးလို့မရပါဘူး။ ဘာလို့လဲဆိုတော့ ဘွန်ဒက်စ်လီဂါက အရမ်းကောင်းတဲ့လိဂ်ဖြစ်နေလို့ပါ။ သူက ချဲလ်ဆီးအတွက် ကောင်းသင့်သလောက် မကောင်းခဲ့ဘဲ အာဆင်နယ်အတွက်လည်း ကောင်းသင့်သလောက် မကောင်းပါဘူး။ ခင်ဗျားက ချဲလ်ဆီးအတွက် ဟာဗတ်ဇ်က ကောင်းသင့်သလောက် ကောင်းတယ်လို့ ပြောဖို့ ကြိုးပမ်းနေတာပါ။ သူ မကောင်းခဲ့ပါဘူး။ အဲဒါကြောင့် ရောင်းထုတ်ခဲ့တာပေါ့။ သူ အာဆင်နယ်ကို သွားခဲ့ပြီး အာဆင်နယ်ပရိသတ်တွေက သူ့ကို အသင်းထဲမှာ မလိုချင်ခဲ့ကြဘူး။ သူတို့တွေက သူ့ကို လှောင်ပြောင်နေကြတယ်။ သူတို့တွေ အသင်းထဲမှာ မပါစေချင်ကြဘူး။ သူတို့တွေက အာတီတာ ဘာကြောင့် ဟာဗတ်ဇ်ကို အံဝင်စေမယ့် ကစားကွက်နဲ့ ကစားနေလဲဆိုတာကို နားမလည်နိုင်ကြပါဘူး။ သူက အာဆင်နယ်မှာ အခုအချိန်မှာ ရုန်းကန်နေရပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ပရိသတ္ေတြဟာ ဘာေၾကာင့္ အာတီတာက ဘယ္လိုမွ ေျခမေပၚတဲ့ ကိုင္ ဟာဗတ္ဇ္ကို အသင္းထဲမွာ ထည့္သုံးဖို႔ ႀကိဳးစားေနလဲဆိုတာကို နားမလည္ႏိုင္ျဖစ္ေနၾကတယ္လို႔ ဂန္းနားကြင္းလယ္ၾကယ္ပြင့္ေဟာင္းက ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ယခုေႏြရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ ခ်ဲလ္ဆီးအသင္းကေန ကိုင္ ဟာဗတ္ဇ္ကို ေပါင္ ၆၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး ဂ်ာမန္ၾကယ္ပြင့္ဟာ ၂၀၂၀ ခုႏွစ္မွာ ဘြန္ဒက္စ္လီဂါကလပ္ ေလဗာကူဆင္ကေန ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအတြက္ ဟာဗတ္ဇ္ရဲ႕ တစ္ခုတည္းေသာ အေျပာင္ေျမာက္ဆုံးစြမ္းေဆာင္ရည္ဟာ ၂၀၂၁ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ မန္ခ်က္စတာစီးတီးဘက္ကို တစ္လုံးတည္းေသာ အႏိုင္ဂိုး သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ ေလဗာကူဆင္ကို ခ်ဲလ္ဆီးက ေပးေခ်ခဲ့ရတဲ့ ေပါင္သန္း ၉၀ နဲ႔ ထိုက္တန္တဲ့ ေျခစြမ္းမ်ိဳး မျပသႏိုင္ခဲ့ဘဲ ၁၃၉ ပြဲမွာ ၃၂ ဂိုသာ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ အာဆင္နယ္ကို ေရာင္းထုတ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ ေျမာက္လန္ဒန္မွာလည္း ပထမဆုံး ပရီးမီးယားလိဂ္ပြဲစဥ္ ၄ ပြဲမွာ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့ဘဲ ပရိသတ္ေတြၾကားမွာ ေဝဖန္မႈေတြ ရွိေနတဲ့ၾကားက အာတီတာက ဆက္လက္ၿပီး ပြဲထြက္ခြင့္ေပးေနတဲ့တာေၾကာင့္ အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း စတီးဝပ္ ေရာ့ဘ္ဆင္က နားမလည္ႏိုင္ဟန္နဲ႔ ေမးခြန္းထုတ္ခဲ့တာျဖစ္ပါတယ္။

“သူက ေကာင္းသင့္သေလာက္ မေကာင္းလို႔ သူတို႔ေတြက ေရာင္းထုတ္ခဲ့တာေပါ့။ ခင္ဗ်ား ဘြန္ဒက္စ္လီဂါကေန ပရီးမီးယားလိဂ္ကို လာကစားတဲ့ ကစားသမားေတြကို ခင္ဗ်ား ဆက္ၿပီး ကာကြယ္ေပးလို႔မရပါဘူး။ ဘာလို႔လဲဆိုေတာ့ ဘြန္ဒက္စ္လီဂါက အရမ္းေကာင္းတဲ့လိဂ္ျဖစ္ေနလို႔ပါ။ သူက ခ်ဲလ္ဆီးအတြက္ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ဘဲ အာဆင္နယ္အတြက္လည္း ေကာင္းသင့္သေလာက္ မေကာင္းပါဘူး။ ခင္ဗ်ားက ခ်ဲလ္ဆီးအတြက္ ဟာဗတ္ဇ္က ေကာင္းသင့္သေလာက္ ေကာင္းတယ္လို႔ ေျပာဖို႔ ႀကိဳးပမ္းေနတာပါ။ သူ မေကာင္းခဲ့ပါဘူး။ အဲဒါေၾကာင့္ ေရာင္းထုတ္ခဲ့တာေပါ့။ သူ အာဆင္နယ္ကို သြားခဲ့ၿပီး အာဆင္နယ္ပရိသတ္ေတြက သူ႔ကို အသင္းထဲမွာ မလိုခ်င္ခဲ့ၾကဘူး။ သူတို႔ေတြက သူ႔ကို ေလွာင္ေျပာင္ေနၾကတယ္။ သူတို႔ေတြ အသင္းထဲမွာ မပါေစခ်င္ၾကဘူး။ သူတို႔ေတြက အာတီတာ ဘာေၾကာင့္ ဟာဗတ္ဇ္ကို အံဝင္ေစမယ့္ ကစားကြက္နဲ႔ ကစားေနလဲဆိုတာကို နားမလည္ႏိုင္ၾကပါဘူး။ သူက အာဆင္နယ္မွာ အခုအခ်ိန္မွာ ႐ုန္းကန္ေနရပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet