ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး 620 413 coyg

ဂန်းနားတွေ လိုချင်နေတဲ့ ကစားသမားကို ဇန်နဝါရီမှာ ရောင်းပေးဖို့ အဆင်သင့်ဖြစ်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ စျေးကြီးပေးဝယ်ခဲ့ရပေမယ့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ အသားကျဖို့ ရုန်းကန်နေခဲ့ရတဲ့ မိုင်ခေလို မာဒရစ်ခ်ကို ဇန်နဝါရီလမှာ ရောင်းချသွားနိုင်တာကြောင့် ဂန်းနားတွေက စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။

Fichajes ရဲ့ ဖော်ပြချက်အရ ချဲလ်ဆီးဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် မိုင်ခေလို မာဒရစ်ခ်ကို ထွက်ခွာခွင့်ပေးသွားဖို့ စဉ်းစားနေပြီး အခြားအကြံအစည်တွေကိုလည်း တွေးတောနေပါတယ်။

ချဲလ်ဆီးဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားကို အတွေ့အကြုံရရှိဖို့ အကူအညီဖြစ်စေမယ့် အငှားချဖို့ စဉ်းစားနေပေမယ့်လည်း အပြီးသတ်လည်း ရောင်းထုတ်သွားချင်နေတာကြောင့် အာဆင်နယ်က စိတ်ဝင်စားမှုကို ပြန်လည်အသက်သွင်းသွားဖွယ် ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ချဲလ်ဆီးဟာ မိုင်ခေလို မာဒရစ်ခ်ကို ရှက်တာ ဒိုးနတ်ကနေ အာဆင်နယ်နဲ့အပြိုင် ခေါ်ယူခဲ့တာဖြစ်ပြီး ယူကရိန်းတောင်ပံကြယ်ပွင့်ဟာ အမ်းမရိတ်စ်ကို ပိုမိုပြောင်းရွှေ့ချင်ခဲ့တာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ရှက်တာဒိုးနတ်ကြယ်ပွင့်ကို အာဆင်နယ်ထက် ပိုမိုများပြားတဲ့ ငွေကြေးပမာဏနဲ့ စည်းရုံးနိုင်ခဲ့တာဖြစ်တယ်လို့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း အခြားသတင်းတွေကလည်း မာဒရစ်ခ်ဟာ စတမ်းဖို့ဒ်ဘရစ်ချ်မှာ ပုံမှန်ပွဲထွက်ခွင့်ရကစားသမားအဖြစ် ပါဝင်ခွင့်ရမယ့် ရေရှည်စီမံကိန်းကို သဘောကျခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

အသက် ၂၂ နှစ်အရွယ် တောင်ပံကစားသမားဟာ ချဲလ်ဆီးမှာ ခက်ခဲကြမ်းတမ်းတဲ့ ကစားသမားဘဝ စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး မျှော်မှန်းချက်တွေက မိုးထိမြင့်မားနေချိန်မှာ ခြေစွမ်းပြသနိုင်ဖို့အတွက် ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက စိတ်ပျက်ဖွယ် ခြေစွမ်းကို ယခုရာသီမှာ ဆက်လက် မြင်တွေ့နေရတာကြောင့် ပရိသတ်တွေကြားမှာ ယူကရိန်းကြယ်ပွင့်ကို စိတ်ပျက်မှုတွေ ကြီးထွားလာနေပြီး မကြာသေးမီက အာဆင်နယ်နဲ့ကစားခဲ့တဲ့ပွဲစဉ်က သွင်းဂိုးက ယုံကြည်မှုကို မြင့်တက်စေခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားပေးနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ မာဒရစ်ခ်ကို ဇန်နဝါရီလမှာ ရောင်းထုတ်ဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ မကြာသေးမီက သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း ယခုနောက်ဆုံးထွက်ပေါ်လာတဲ့ သတင်းအရဆိုရင်တော့ အသင်းရဲ့ ရပ်တည်ချက်က ဆန့်ကျင်ဘက်ဖြစ်သွားပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ခ်ဲလ္ဆီးဟာ ေစ်းႀကီးေပးဝယ္ခဲ့ရေပမယ့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အသားက်ဖို႔ ႐ုန္းကန္ေနခဲ့ရတဲ့ မိုင္ေခလို မာဒရစ္ခ္ကို ဇန္နဝါရီလမွာ ေရာင္းခ်သြားႏိုင္တာေၾကာင့္ ဂန္းနားေတြက စိတ္ဝင္စားမႈကို ျပန္လည္အသက္သြင္းဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

Fichajes ရဲ႕ ေဖာ္ျပခ်က္အရ ခ်ဲလ္ဆီးဟာ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ မိုင္ေခလို မာဒရစ္ခ္ကို ထြက္ခြာခြင့္ေပးသြားဖို႔ စဥ္းစားေနၿပီး အျခားအႀကံအစည္ေတြကိုလည္း ေတြးေတာေနပါတယ္။

ခ်ဲလ္ဆီးဟာ အသက္ ၂၂ ႏွစ္အ႐ြယ္ကစားသမားကို အေတြ႕အႀကဳံရရွိဖို႔ အကူအညီျဖစ္ေစမယ့္ အငွားခ်ဖို႔ စဥ္းစားေနေပမယ့္လည္း အၿပီးသတ္လည္း ေရာင္းထုတ္သြားခ်င္ေနတာေၾကာင့္ အာဆင္နယ္က စိတ္ဝင္စားမႈကို ျပန္လည္အသက္သြင္းသြားဖြယ္ ရွိပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီလမွာ ခ်ဲလ္ဆီးဟာ မိုင္ေခလို မာဒရစ္ခ္ကို ရွက္တာ ဒိုးနတ္ကေန အာဆင္နယ္နဲ႔အၿပိဳင္ ေခၚယူခဲ့တာျဖစ္ၿပီး ယူကရိန္းေတာင္ပံၾကယ္ပြင့္ဟာ အမ္းမရိတ္စ္ကို ပိုမိုေျပာင္းေ႐ႊ႕ခ်င္ခဲ့တာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ရွက္တာဒိုးနတ္ၾကယ္ပြင့္ကို အာဆင္နယ္ထက္ ပိုမိုမ်ားျပားတဲ့ ေငြေၾကးပမာဏနဲ႔ စည္း႐ုံးႏိုင္ခဲ့တာျဖစ္တယ္လို႔ ေကာလာဟလေတြ ထြက္ေပၚခဲ့ေပမယ့္လည္း အျခားသတင္းေတြကလည္း မာဒရစ္ခ္ဟာ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ပုံမွန္ပြဲထြက္ခြင့္ရကစားသမားအျဖစ္ ပါဝင္ခြင့္ရမယ့္ ေရရွည္စီမံကိန္းကို သေဘာက်ခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၂ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ခ်ဲလ္ဆီးမွာ ခက္ခဲၾကမ္းတမ္းတဲ့ ကစားသမားဘဝ စတင္မႈနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ေမွ်ာ္မွန္းခ်က္ေတြက မိုးထိျမင့္မားေနခ်ိန္မွာ ေျခစြမ္းျပသႏိုင္ဖို႔အတြက္ ႐ုန္းကန္ေနခဲ့ရတာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက စိတ္ပ်က္ဖြယ္ ေျခစြမ္းကို ယခုရာသီမွာ ဆက္လက္ ျမင္ေတြ႕ေနရတာေၾကာင့္ ပရိသတ္ေတြၾကားမွာ ယူကရိန္းၾကယ္ပြင့္ကို စိတ္ပ်က္မႈေတြ ႀကီးထြားလာေနၿပီး မၾကာေသးမီက အာဆင္နယ္နဲ႔ကစားခဲ့တဲ့ပြဲစဥ္က သြင္းဂိုးက ယုံၾကည္မႈကို ျမင့္တက္ေစခဲ့ေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့တဲ့ ၿပီးခဲ့တဲ့ပြဲစဥ္မွာ ပါဝင္ကစားေပးႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ မာဒရစ္ခ္ကို ဇန္နဝါရီလမွာ ေရာင္းထုတ္ဖို႔ စိတ္ဝင္စားျခင္းမရွိဘူးလို႔ မၾကာေသးမီက သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း ယခုေနာက္ဆုံးထြက္ေပၚလာတဲ့ သတင္းအရဆိုရင္ေတာ့ အသင္းရဲ႕ ရပ္တည္ခ်က္က ဆန႔္က်င္ဘက္ျဖစ္သြားၿပီလို႔ ေျပာရမွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet