ဂန်းနားတွေရဲ့ တည်ကန်ဘောနည်းပြကို ကြွေသွားတဲ့ ဖာဒီနန်
ရီယို ဖာဒီနန်ဟာ ဂန်းနားတွေရဲ့ တည်ကန်ဘောတွေဟာ အသင်းအောင်မြင်မှုရဲ့ ကြီးမားတဲ့ အစိတ်အပိုင်း ဖြစ်လာခဲ့ပြီးနောက် အာဆင်နယ်ရဲ့ တည်ကန်ဘောနည်းပြ နီကိုးလတ်စ် ဂျိုဗာရဲ့ အကျိုးသက်ရောက်မှုကို အထင်ကြီးခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခုရာသီမှာ သွင်းဂိုးအများအပြားကို တည်ကန်ဘောကနေ သွင်းယူခဲ့တာဖြစ်ပြီး စနေနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာလည်း ဂန်းနားတွေရဲ့ တည်ကန်ဘောတွေက ဧည့်သည်တွေကို ပြဿနာဖြစ်စေခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ပထမဆုံးသွင်းဂိုး ၂ ဂိုးဟာ တည်ကန်ဘောကနေ သွင်းယူသွားခဲ့တာဖြစ်ပြီး ခရစ္စတယ်ပဲလေ့စ်ဟာ ဂန်းနားတွေရဲ့ ထက်မြက်တဲ့ တည်ကန်ဘောစွမ်းရည်ကို ဘယ်လိုမှ မဖြေရှင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဘောသေအခြေအနေတွေကနေ အောင်မြင်မှု အများအပြားကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၂၁ ခုနှစ်မှာ အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ နီကိုးလတ်စ် ဂျိုဗာရဲ့ အားထုတ်မှုကြောင့် ဖြစ်ပါတယ်။
ဂျိုဗာဟာ အမ်းမရိတ်စ်က နည်းပြအဖွဲ့အတွက် အလွန်ကောင်းမွန်တဲ့ ဖြည့်စွက်မှု ဖြစ်ခဲ့ပြီး လေ့ကျင့်ရေးမှာ အသင်းသားတွေနဲ့ နာရီပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ပြီးနောက် အာဆင်နယ်ဟာ လက်ရှိမှာ ဥရောပရဲ့ တည်ကန်ဘောကနေ သွင်းဂိုးတွေ အများဆုံးသွင်းယူထားနိုင်တဲ့ ထိပ်တန်းကလပ်အသင်းတွေထဲက တစ်သင်းဖြစ်နေပြီဖြစ်ပါတယ်။
ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီယို ဖာဒီနန်က “နီကိုးလတ်စ် ဂျိုဗာက ၂၀၂၁ ခုနှစ် နွေရာသီမှာ မန်စီးတီးကနေ ခေါ်ယူခြင်းခံခဲ့ရတဲ့ တည်ကန်ဘော နည်းပြပါ။ သူက သူ့အလုပ်ကို သူလုပ်နေပါတယ်။ ဒူဘိုင်းမှာ သူ လုပ်ခဲ့တာက အလုပ်ပဲ။ ကျွန်တော် ဆိုလိုတာက သူတို့တွေက ဒီရာသီမှာ တည်ကန်ဘော ဂိုးအများဆုံးရခဲ့တယ်။ ထောင့်ကန်ဘော ၁၃ ကြိမ်မှာ ၁၀ ကြိမ်း ဂိုးသွင်းယူခဲ့တယ်။ အဲဒီတော့ သူတို့တွေက အဲဒီနေရာမှာ အရမ်းကောင်းတဲ့အလုပ်ကို လုပ်နေပါတယ်။ ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ရီယို ဖာဒီနန္ဟာ ဂန္းနားေတြရဲ႕ တည္ကန္ေဘာေတြဟာ အသင္းေအာင္ျမင္မႈရဲ႕ ႀကီးမားတဲ့ အစိတ္အပိုင္း ျဖစ္လာခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ တည္ကန္ေဘာနည္းျပ နီကိုးလတ္စ္ ဂ်ိဳဗာရဲ႕ အက်ိဳးသက္ေရာက္မႈကို အထင္ႀကီးခဲ့ပါတယ္။
အာဆင္နယ္ဟာ ယခုရာသီမွာ သြင္းဂိုးအမ်ားအျပားကို တည္ကန္ေဘာကေန သြင္းယူခဲ့တာျဖစ္ၿပီး စေနေန႔ညက ကစားခဲ့တဲ့ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာလည္း ဂန္းနားေတြရဲ႕ တည္ကန္ေဘာေတြက ဧည့္သည္ေတြကို ျပႆနာျဖစ္ေစခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ရဲ႕ ပထမဆုံးသြင္းဂိုး ၂ ဂိုးဟာ တည္ကန္ေဘာကေန သြင္းယူသြားခဲ့တာျဖစ္ၿပီး ခရစၥတယ္ပဲေလ့စ္ဟာ ဂန္းနားေတြရဲ႕ ထက္ျမက္တဲ့ တည္ကန္ေဘာစြမ္းရည္ကို ဘယ္လိုမွ မေျဖရွင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ေဘာေသအေျခအေနေတြကေန ေအာင္ျမင္မႈ အမ်ားအျပားကို ရယူထားႏိုင္ခဲ့တာျဖစ္ၿပီး ဒါဟာ ၂၀၂၁ ခုႏွစ္မွာ အသင္းကို ေျပာင္းေ႐ႊ႕လာခဲ့တဲ့ နီကိုးလတ္စ္ ဂ်ိဳဗာရဲ႕ အားထုတ္မႈေၾကာင့္ ျဖစ္ပါတယ္။
ဂ်ိဳဗာဟာ အမ္းမရိတ္စ္က နည္းျပအဖြဲ႕အတြက္ အလြန္ေကာင္းမြန္တဲ့ ျဖည့္စြက္မႈ ျဖစ္ခဲ့ၿပီး ေလ့က်င့္ေရးမွာ အသင္းသားေတြနဲ႔ နာရီေပါင္းမ်ားစြာ အခ်ိန္ကုန္ဆုံးခဲ့ၿပီးေနာက္ အာဆင္နယ္ဟာ လက္ရွိမွာ ဥေရာပရဲ႕ တည္ကန္ေဘာကေန သြင္းဂိုးေတြ အမ်ားဆုံးသြင္းယူထားႏိုင္တဲ့ ထိပ္တန္းကလပ္အသင္းေတြထဲက တစ္သင္းျဖစ္ေနၿပီျဖစ္ပါတယ္။
ခရစၥတယ္ ပဲေလ့စ္ကို အႏိုင္ရခဲ့တဲ့ ပြဲစဥ္အၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ရီယို ဖာဒီနန္က “နီကိုးလတ္စ္ ဂ်ိဳဗာက ၂၀၂၁ ခုႏွစ္ ေႏြရာသီမွာ မန္စီးတီးကေန ေခၚယူျခင္းခံခဲ့ရတဲ့ တည္ကန္ေဘာ နည္းျပပါ။ သူက သူ႔အလုပ္ကို သူလုပ္ေနပါတယ္။ ဒူဘိုင္းမွာ သူ လုပ္ခဲ့တာက အလုပ္ပဲ။ ကြၽန္ေတာ္ ဆိုလိုတာက သူတို႔ေတြက ဒီရာသီမွာ တည္ကန္ေဘာ ဂိုးအမ်ားဆုံးရခဲ့တယ္။ ေထာင့္ကန္ေဘာ ၁၃ ႀကိမ္မွာ ၁၀ ႀကိမ္း ဂိုးသြင္းယူခဲ့တယ္။ အဲဒီေတာ့ သူတို႔ေတြက အဲဒီေနရာမွာ အရမ္းေကာင္းတဲ့အလုပ္ကို လုပ္ေနပါတယ္။ ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News