ဂန်းနားကြယ်ပွင့် ၂ ဦးရဲ့ သတင်းကောင်းကြားခဲ့ရပြီး လေ့ကျင့်ရေးပြန်ဆင်းနေတဲ့ ပါတေး
သောမတ်စ် ပါတေးဟာ အင်္ဂါနေ့ည လွန်းစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် အာဆင်နယ် လေ့ကျင့်ရေးကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။
ပါတေးဟာ ပြီးခဲ့တဲ့လ နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်ခင် မန်ချက်စတာယူနိုက်တက်နဲ့ ပွဲကစားခါနီးမှာ ရရှိခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့် အာဆင်နယ်လူစာရင်းထဲမှာ ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး အဲဒီဒဏ်ရာကြောင့် အဲဗာတန်၊ ပီအက်စ်ဗွီ၊ စပါးစ်၊ ဘရန့်တ်ဖို့ဒ်၊ ဘုန်းမောက်တို့နဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့တာဖြစ်ပါတယ်။
ပါတေးဟာ လက်ရှိမှာတော့ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေကြတဲ့ အသင်းဖော်တွေနဲ့ လေ့ကျင့်ရေးအပြည့်ပြန်ဆင်းနေပြီဖြစ်ပေမယ့်လည်း ဂါနာကွင်းလယ်လူအနေနဲ့ အစောဆုံး မန်စီးတီးနဲ့ ကစားရမယ့် တနင်္ဂနွေနေ့ အရေးကြီးပွဲစဉ်မှသာ ပြန်လည်ပါဝင်လာဖို့ များပါတယ်။
ပြီးခဲ့တဲ့အပတ်က Football.london ရဲ့ ဖော်ပြချက်အရ ပါတေးဟာ ပေါင်ခြံဒဏ်ရာကနေ ပြန်လည်သက်သာနေပြီဖြစ်ပြီး အမ်းမရိတ်စ်မှာ ကစားရမယ့် မန်ချက်စတာစီးတီးနဲ့ပွဲအတွက် ကြံ့ခိုင်မှု ပြည့်ဝလာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
ပါတေးအနေနဲ့ ပြင်သစ်ကို ထွက်ခွာမယ့် အာဆင်နယ်လူစာရင်းမှာ ပါဝင်မှာလားဆိုတာ အတည်ပြုနိုင်ခြင်းမရှိသေးပေမယ့်လည်း အသင်းလူစာရင်းမှာ မကြာခင် ပြန်လည်ရွေးချယ်နိုင်တော့မှာက အာတီတာအတွက် သိသာထင်ရှားတဲ့ အားတက်စရာသတင်းဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်အတွက် နောက်ထပ် သတင်းကောင်းတွေက ဘူကာယို ဆာကာဟာ တနင်္လာနေ့ လန်ဒန် ကိုလ်နီကွင်းက လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ ဘုန်းမောက်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ဒဏ်ရာရရှိခဲ့ပြီးနောက် ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိခဲ့တာ ဖြစ်ပါတယ်။
ဆာကာဟာ တနင်္လာနေ့လေ့ကျင့်ရေးအစီအစဉ်မှာ ဘုန်းမောက်နဲ့ပွဲစဉ်ပြီးဆုံးခါနီးမှာ ကုသမှု ခံယူဖို့ လိုအပ်ခဲ့တဲ့ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုနဲ့အတူ ပါဝင်ခဲ့တာဖြစ်ပေမယ့်လည်း ဂါဘရီယဲလ် မာတီနယ်လီကိုတော့ လေ့ကျင့်ရေးအစီအစဉ်အတွင်းမှာ မြင်တွေ့ခဲ့ရခြင်းမရှိတာဖြစ်ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ အဲဗာတန်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ရရှိခဲ့တဲ့ တံကောက်ကြောဒဏ်ရာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၄ ပွဲကို လွဲချော်ခဲ့သူဖြစ်ပြီး လွန်းစ်နဲ့ပွဲကို ထပ်မံလွဲချော်ဦးမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ေသာမတ္စ္ ပါေတးဟာ အဂၤါေန႔ည လြန္းစ္နဲ႔ ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မတိုင္ခင္ အာဆင္နယ္ ေလ့က်င့္ေရးကို ျပန္လည္ ေရာက္ရွိလာခဲ့ပါတယ္။
ပါေတးဟာ ၿပီးခဲ့တဲ့လ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္မတိုင္ခင္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲကစားခါနီးမွာ ရရွိခဲ့တဲ့ ေပါင္ၿခံဒဏ္ရာေၾကာင့္ အာဆင္နယ္လူစာရင္းထဲမွာ ပါဝင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး အဲဒီဒဏ္ရာေၾကာင့္ အဲဗာတန္၊ ပီအက္စ္ဗြီ၊ စပါးစ္၊ ဘရန႔္တ္ဖို႔ဒ္၊ ဘုန္းေမာက္တို႔နဲ႔ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။
ပါေတးဟာ လက္ရွိမွာေတာ့ ခ်န္ပီယံလိဂ္အုပ္စု ဒုတိယပြဲစဥ္အတြက္ ႀကိဳတင္ျပင္ဆင္ေနၾကတဲ့ အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ေရးအျပည့္ျပန္ဆင္းေနၿပီျဖစ္ေပမယ့္လည္း ဂါနာကြင္းလယ္လူအေနနဲ႔ အေစာဆုံး မန္စီးတီးနဲ႔ ကစားရမယ့္ တနဂၤေႏြေန႔ အေရးႀကီးပြဲစဥ္မွသာ ျပန္လည္ပါဝင္လာဖို႔ မ်ားပါတယ္။
ၿပီးခဲ့တဲ့အပတ္က Football.london ရဲ႕ ေဖာ္ျပခ်က္အရ ပါေတးဟာ ေပါင္ၿခံဒဏ္ရာကေန ျပန္လည္သက္သာေနၿပီျဖစ္ၿပီး အမ္းမရိတ္စ္မွာ ကစားရမယ့္ မန္ခ်က္စတာစီးတီးနဲ႔ပြဲအတြက္ ႀကံ့ခိုင္မႈ ျပည့္ဝလာဖို႔ ရည္မွန္းထားတယ္လို႔ သိရပါတယ္။
ပါေတးအေနနဲ႔ ျပင္သစ္ကို ထြက္ခြာမယ့္ အာဆင္နယ္လူစာရင္းမွာ ပါဝင္မွာလားဆိုတာ အတည္ျပဳႏိုင္ျခင္းမရွိေသးေပမယ့္လည္း အသင္းလူစာရင္းမွာ မၾကာခင္ ျပန္လည္ေ႐ြးခ်ယ္ႏိုင္ေတာ့မွာက အာတီတာအတြက္ သိသာထင္ရွားတဲ့ အားတက္စရာသတင္းျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
အာဆင္နယ္အတြက္ ေနာက္ထပ္ သတင္းေကာင္းေတြက ဘူကာယို ဆာကာဟာ တနလၤာေန႔ လန္ဒန္ ကိုလ္နီကြင္းက ေလ့က်င့္ေရးအစီအစဥ္မွာ ပါဝင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ ဘုန္းေမာက္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ဒဏ္ရာရရွိခဲ့ၿပီးေနာက္ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြရွိခဲ့တာ ျဖစ္ပါတယ္။
ဆာကာဟာ တနလၤာေန႔ေလ့က်င့္ေရးအစီအစဥ္မွာ ဘုန္းေမာက္နဲ႔ပြဲစဥ္ၿပီးဆုံးခါနီးမွာ ကုသမႈ ခံယူဖို႔ လိုအပ္ခဲ့တဲ့ တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်းဇုနဲ႔အတူ ပါဝင္ခဲ့တာျဖစ္ေပမယ့္လည္း ဂါဘရီယဲလ္ မာတီနယ္လီကိုေတာ့ ေလ့က်င့္ေရးအစီအစဥ္အတြင္းမွာ ျမင္ေတြ႕ခဲ့ရျခင္းမရွိတာျဖစ္ပါတယ္။
ဘရာဇီးလ္တိုက္စစ္မႉးဟာ အဲဗာတန္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ရရွိခဲ့တဲ့ တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၄ ပြဲကို လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး လြန္းစ္နဲ႔ပြဲကို ထပ္မံလြဲေခ်ာ္ဦးမယ္ဆိုတဲ့အဓိပၸာယ္ျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News