ဂန်းနားကြယ်ပွင့် ၂ ဦးကို ချုပ်ထားလိုက်ရင် ပွဲသိမ်းပြီလို့ အကြံပေးခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း 1024 683 coyg

ဂန်းနားကြယ်ပွင့် ၂ ဦးကို ချုပ်ထားလိုက်ရင် ပွဲသိမ်းပြီလို့ အကြံပေးခဲ့တဲ့ အင်္ဂလန်ကြယ်ပွင့်ဟောင်း

လီဗာပူးလ်နဲ့ အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ် ဂျိမ်းစ်က ယာဂန် ကလော့ပ်ရဲ့အသင်းအနေနဲ့ အန်းဖီးမှာ အာတီတာရဲ့ ဂန်းနားတွေကို ဘယ်လို အနိုင်ရအောင် လုပ်ရမလဲဆိုတာကို အကြံပေးလိုက်ပါတယ်။

လီဗာပူးလ်ဂိုးသမားဟောင်းက လီဗာပူးလ်ပစ်မှတ်ထားသင့်တဲ့ အာဆင်နယ်ကစားသမား ၂ ဦး နာမည်ကို ပြောပြခဲ့ပြီး အဲဒီကစားသမား ၂ ဦးကိုသာ လွှမ်းမိုးထားနိုင်မယ်ဆိုရင် ဂန်းနားတွေကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဒေးဗစ် ဂျိမ်းစ်က လီဗာပူးလ်အနေနဲ့ အာဆင်နယ်ကို အန်းဖီးမှာ အနိုင်ယူနိုင်မယ်လို့ ထင်မြင်နေပြီး ကာတစ် ဂျုံးစ်ကို ပွဲထွက်လူစာရင်းထဲမှာ ထည့်သွင်းဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟောင်းက လီဗာပူးလ်အနေနဲ့ အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်နဲ့ ဂိုးသမား ဒေးဗစ် ရာယာတို့ကို ပစ်မှတ်ထားဖို့ လီဗာပူးလ်ကို အကြံပေးခဲ့ပြီး နော်ဝေကြယ်ပွင့်ကို တိတ်ဆိတ်နေအောင်လုပ်ပြီး ဂိုးပေါက်ကို တရစပ်ကန်သွင်းနိုင်ရင် အနိုင်ရလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူတို့တွေ ဘာတွေလုပ်ဖို့လိုမလဲ။ အော်ဒီဂွါဒ်ကိုသာ လွှမ်းမိုးနိုင်အောင်လုပ်လိုက်။ သူက အာဆင်နယ်အတွက် အဓိကသော့ချက်လို့ ကျွန်တော် ထင်တယ်။ သူက သူတို့ရဲ့ အကောင်းဆုံး ကစားသမားပဲလို့ ထင်တယ်။ သူတို့မှာ ဆာကာလို အရမ်းအထင်ကြီးစရာကောင်းတဲ့ တစ်ဦးချင်း အရည်အသွေးရှိတဲ့တခြားကစားသမားတွေလည်း ရှိတာ ကျွန်တော် သိတယ်။ ဒါပေမယ့် အော်ဒီဂွါဒ်က အကုန်လုံးကို ကြိုးကိုင်ထားတဲ့သူပါ။ သူက ပွဲကို ထိန်းချုပ်နိုင်ဖို့အတွက် ပြိုင်ဘက်ကစားသမားတွေကို နေရာယူပုံပျက်အောင် လုပ်တယ်။ ကျွန်တော် မန်ချက်စတာစီးတီးက သူ့ကို တိတ်ဆိတ်အောင် လုပ်ခဲ့တာကို အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရတယ်။ အဲဒီကျတော့ အာဆင်နယ်က ဘယ်လို လုပ်ရမလဲမသိတော့ဘူး။ ကာတစ် ဂျုံးစ်သာ ပွဲထွက်ပါဝင်ခဲ့ရင် လီဗာပူးလ်က ၃-၁ နဲ့ အနိုင်ရမယ်လို့ ထင်ပါတယ်”

“နောက်တစ်ခုရှိတာက ဒေးဗစ် ရာယာက ဒီပွဲကို ကျိန်းသေပေါက် ပွဲထွက်လာမှာပါ။ သူ့နေရာယူပုံက မေးခွန်းထုတ်စရာကောင်းတယ်။ ကျွန်တော်သာ လီဗာပူးလ်ကစားသမားဆိုရင် အထူးသဖြင့် အာနိုးသာဆိုရင် ကျွန်တော်ကတော့ ရယ်စရာကောင်းတဲ့နေရာတွေကနေ ဂိုးများဂိုးမလားဆိုပြီး ကံစမ်းတဲ့အနေနဲ့ လှမ်းလှမ်းကန်မှာပါ။”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: လီဗာပူးလ္နဲ႔ အဂၤလန္ဂိုးသမားေဟာင္း ေဒးဗစ္ ဂ်ိမ္းစ္က ယာဂန္ ကေလာ့ပ္ရဲ႕အသင္းအေနနဲ႔ အန္းဖီးမွာ အာတီတာရဲ႕ ဂန္းနားေတြကို ဘယ္လို အႏိုင္ရေအာင္ လုပ္ရမလဲဆိုတာကို အႀကံေပးလိုက္ပါတယ္။

လီဗာပူးလ္ဂိုးသမားေဟာင္းက လီဗာပူးလ္ပစ္မွတ္ထားသင့္တဲ့ အာဆင္နယ္ကစားသမား ၂ ဦး နာမည္ကို ေျပာျပခဲ့ၿပီး အဲဒီကစားသမား ၂ ဦးကိုသာ လႊမ္းမိုးထားႏိုင္မယ္ဆိုရင္ ဂန္းနားေတြကို အႏိုင္ယူႏိုင္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

ေဒးဗစ္ ဂ်ိမ္းစ္က လီဗာပူးလ္အေနနဲ႔ အာဆင္နယ္ကို အန္းဖီးမွာ အႏိုင္ယူႏိုင္မယ္လို႔ ထင္ျမင္ေနၿပီး ကာတစ္ ဂ်ဳံးစ္ကို ပြဲထြက္လူစာရင္းထဲမွာ ထည့္သြင္းဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။ အဂၤလန္လက္ေ႐ြးစင္ဂိုးသမားေဟာင္းက လီဗာပူးလ္အေနနဲ႔ အာဆင္နယ္အသင္းေခါင္းေဆာင္ မာတင္ ေအာ္ဒီဂြါဒ္နဲ႔ ဂိုးသမား ေဒးဗစ္ ရာယာတို႔ကို ပစ္မွတ္ထားဖို႔ လီဗာပူးလ္ကို အႀကံေပးခဲ့ၿပီး ေနာ္ေဝၾကယ္ပြင့္ကို တိတ္ဆိတ္ေနေအာင္လုပ္ၿပီး ဂိုးေပါက္ကို တရစပ္ကန္သြင္းႏိုင္ရင္ အႏိုင္ရလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူတို႔ေတြ ဘာေတြလုပ္ဖို႔လိုမလဲ။ ေအာ္ဒီဂြါဒ္ကိုသာ လႊမ္းမိုးႏိုင္ေအာင္လုပ္လိုက္။ သူက အာဆင္နယ္အတြက္ အဓိကေသာ့ခ်က္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက သူတို႔ရဲ႕ အေကာင္းဆုံး ကစားသမားပဲလို႔ ထင္တယ္။ သူတို႔မွာ ဆာကာလို အရမ္းအထင္ႀကီးစရာေကာင္းတဲ့ တစ္ဦးခ်င္း အရည္အေသြးရွိတဲ့တျခားကစားသမားေတြလည္း ရွိတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ ေအာ္ဒီဂြါဒ္က အကုန္လုံးကို ႀကိဳးကိုင္ထားတဲ့သူပါ။ သူက ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ၿပိဳင္ဘက္ကစားသမားေတြကို ေနရာယူပုံပ်က္ေအာင္ လုပ္တယ္။ ကြၽန္ေတာ္ မန္ခ်က္စတာစီးတီးက သူ႔ကို တိတ္ဆိတ္ေအာင္ လုပ္ခဲ့တာကို အႀကိမ္ေပါင္းမ်ားစြာ ျမင္ေတြ႕ခဲ့ရတယ္။ အဲဒီက်ေတာ့ အာဆင္နယ္က ဘယ္လို လုပ္ရမလဲမသိေတာ့ဘူး။ ကာတစ္ ဂ်ဳံးစ္သာ ပြဲထြက္ပါဝင္ခဲ့ရင္ လီဗာပူးလ္က ၃-၁ နဲ႔ အႏိုင္ရမယ္လို႔ ထင္ပါတယ္”

“ေနာက္တစ္ခုရွိတာက ေဒးဗစ္ ရာယာက ဒီပြဲကို က်ိန္းေသေပါက္ ပြဲထြက္လာမွာပါ။ သူ႔ေနရာယူပုံက ေမးခြန္းထုတ္စရာေကာင္းတယ္။ ကြၽန္ေတာ္သာ လီဗာပူးလ္ကစားသမားဆိုရင္ အထူးသျဖင့္ အာႏိုးသာဆိုရင္ ကြၽန္ေတာ္ကေတာ့ ရယ္စရာေကာင္းတဲ့ေနရာေတြကေန ဂိုးမ်ားဂိုးမလားဆိုၿပီး ကံစမ္းတဲ့အေနနဲ႔ လွမ္းလွမ္းကန္မွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet