ဂန်းနားကြယ်ပွင့်တွေရဲ့ ဒဏ်ရာသတင်းနဲ့ ပြန်ကစားနိုင်မယ့်အချိန်ကို အဖြေပေးခဲ့တဲ့ အာတီတာ
အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကို အဓိကကစားသမားအများအပြား ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းသွားရမှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ ဘန်လေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ပထမဦးစားပေး ညာနောက်ခံလူ ဘန် ဝှိုက်ဟာ ဘန်လေနဲ့ပွဲမှာ မပါဝင်ခဲ့တဲ့နောက် အင်္ဂလန်နောက်ခံကစားသမားဟာ ဂန်းနားတွေရဲ့ ဒဏ်ရာရကစားသမားစာရင်းထဲမှာ နောက်ဆုံးပါဝင်လာတဲ့ ကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။
မာတင် အော်ဒီဂွါဒ်၊ ပါတေး၊ ဂျေးဇု၊ စမစ် ရိုးနဲ့ တင်းဘားတို့ကလည်း ဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး နိုဝင်ဘာလ နိုင်ငံတကာပွဲစဉ် အားလပ်ရက်က ဒီကစားသမားတွေအတွက် ယခုလနှောင်းပိုင်း ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အချိန်မီ ပြန်လည်သက်သာလာဖို့ အချိန် ရရှိစေမှာဖြစ်ပါတယ်။
ဂျော်ဂျင်ညို-စနေနေ့က ပြင်းထန်တဲ့ ဖျက်ထုတ်မှုအချို့ ခံခဲ့ရပြီးနောက် ကြိုတင်ကာကွယ်မှုအနေနဲ့ လူစားလဲခဲ့တာဖြစ်ပြီး ခြေထောက်မှာ ပွန်းပဲ့ဒဏ်ရာအချို့လောက်သာ ရခဲ့ပါတယ်။
ဒဏ်ရာ-ခြေထောက်
ပြန်ကစားနိုင်မယ့်အချိန်-နိုဝင်ဘာ ၂၅(ဘရန့်တ်ဖို့ဒ်)
အာတီတာရဲ့ ပြောစကား- သူ့မှာ ဒဏ်ရာအနည်းငယ်ရှိခဲ့ပြီး သူတို့တွေ ကွင်းထဲမှာ မဖြေရှင်းနိုင်လို့ လူစားလဲဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ သူက ဒီနေ့မှာလည်း အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒီကောင်လေး ယှဉ်ပြိုင်နေတဲ့ပုံ၊ အသင်းကို နည်းမျိုးစုံနဲ့ ပံ့ပိုးပေးနေတဲ့ပုံစံကြောင့် သူနဲ့ပတ်သက်ပြီး တကယ်ပျော်ရွှင်မိပါတယ်။
မာတီနယ်လီ-ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲပြီးခါနီး လူစားလဲခံခဲ့ရချိန်မှာ ညာဘက်တံကောက်ကြောဒဏ်ရာရခဲ့ပုံပေါ်ပြီး ဒဏ်ရာအတိမ်အနက်ကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။
ဒဏ်ရာ-တံကောက်ကြော
ပြန်ကစားနိုင်မယ့်အချိန်- နိုဝင်ဘာ ၂၅(ဘရန့်တ်ဖို့ဒ်)
အာတီတာရဲ့ ပြောစကား-ဘာမှမပြော။
ဘန် ဝှိုက်-ဂန်းနားနောက်ခံလူဟာ အရင်ပွဲတွေကတည်းက ဒဏ်ရာရထားပြီး ဘန်လေနဲ့ပွဲစဉ် လူစာရင်းကနေ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။
ဒဏ်ရာ-မသိရ။
ပြန်ကစားနိုင်မယ့်အချိန်- နိုဝင်ဘာ ၂၅(ဘရန့်တ်ဖို့ဒ်)
အာတီတာရဲ့ ပြောစကား- မနေ့က လေ့ကျင့်ရေးမှာ သူ သက်တောင့်သက်သာမဖြစ်ခဲ့ဘူး။ သူ့ပုံစံကြည့်ရတာ မဟန်ဘူး။ ဒါပေမယ့် ဘန်က ခင်ဗျားကို အများကြီး စိတ်ပူစေမှာမဟုတ်ပါဘူး။ သူက အမြဲတမ်း ကွင်းထဲမှာ ရှိနေချင်ပြီး သူ ဖြစ်နေတာတွေကို ဖုံးကွယ်ထားချင်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်လောက်ကလည်း တစ်ခုခု ဖြစ်နေတယ်ဆိုတာကို ကျွန်တော်တို့ သတိပြုမိခဲ့တယ်ဆိုတာကို နင်းပြောပြီး နားခိုင်းခဲ့ရတယ်။ ကျွန်တော်တို့ ဒီနေ့ သူ့ကို ကာကွယ်ချင်ခဲ့တယ်။ အဲဒါက ဆရာဝန်တွေနဲ့ ဆေးဌာနဆီကနေ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး မနက်ဖြန်မှာတော့ သူ့ကို အကဲဖြတ်သွားမှာဖြစ်လို့ ဘာတွေဖြစ်နေလဲဆိုတာကို နားလည်လာမှာပါ။
တိုမိယဆု-ဂျပန်နောက်ခံလူဟာ ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း မျက်စိပြဿနာရှိခဲ့ပေမယ့်လည်းအဆင်ပြေသွားမယ့်ပုံပေါ်ပါတယ်။
ဒဏ်ရာ-မျက်လုံး
ပြန်ကစားနိုင်မယ့်အချိန်- နိုဝင်ဘာ ၂၅(ဘရန့်တ်ဖို့ဒ်)
အာတီတာရဲ့ ပြောစကား- သူ့ရဲ့ မျက်လုံး၊ မျက်ကြည်လွှာမှာပဲ ပြဿနာရှိနေတာပါ။ ကျန်တာအားလုံးမှာ သူက ထိပ်တန်းပဲ။ အရမ်းကောင်းတဲ့စွမ်းဆောင်ရည်ပါ။
ပါတေး-ဂါနာကွင်းလယ်လူဟာ ဒီနှစ်ကုန်အထိ လွဲချော်မှာဖြစ်ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်နေပါတယ်။
ဒဏ်ရာ-ပေါင်
ပြန်ကစားနိုင်မယ့်အချိန်- မသိရသေး။
အာတီတာရဲ့ ပြောစကား-သူ့မှာ ကြွက်သားဒဏ်ရာရထားပြီး ရက်သတ္တပတ်အနည်းငယ်လောက် လွဲချော်မယ်လို့ မျှော်လင့်ခဲ့တယ်။ အချိန်အတိုင်းအတာက ဘယ်လောာက်ဖြစ်မလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒီနေ့ သူ စမ်းသပ်မှုတွေ ထပ်လုပ်ရမယ်။ သူ လေ့ကျင့်ရေးမှာ ဒီဒဏ်ရာရခဲ့တယ်။ ဘောလုံးကို နောက်ဆုံးကန်ချက်မှာ ရသွားတာ။ အရမ်း ကံဆိုးပါတယ်။ သူ ဒီနေ့နောက်ထပ် ဓာတ်မှန်ရိုက်ဖို့ ချိန်းထားတာရှိတယ်။ ကျွန်တော်တို့ အဲဒါပြီးရင် ပိုပြီး သိရပါလိမ့်မယ်။
အော်ဒီဂွါဒ်-အော်ဒီဂွါဒ်ဟာ မကြာသေးမီက ရခဲ့တဲ့ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ကုသမှုခံယူနေရပြီး နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ ပြန်ကစားနိုင်မယ်လို့ အာတီတာက မျှော်လင့်နေမှာပါ။
ဒဏ်ရာ-မသိရ။
ပြန်ကစားပေးနိုင်မယ့်အချိန်- နိုဝင်ဘာ ၂၅(ဘရန့်တ်ဖို့ဒ်)
အာတီတာရဲ့ ပြောစကား- ကျွန်တော် အခု ဆေးဌာနနဲ့ အစည်းအဝေးသွားတက်ရမှာဖြစ်ပြီး အီဒူးက အားလုံးရဲ့ အခြေအနေကို နားလည်ပါတယ်။ ဒါပေမယ့် သူ(အော်ဒီဂွါဒ်) နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီးမှာ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ ဆုံးဖြတ်ချက်က ဘာလဲဆိုတာနဲ့ လက်ရှိ ဆက်သွယ်ပြောဆိုမှုတွေကို ကျွန်တော် အတိအကျမသိပါဘူး။
စမစ် ရိုး-ဒီရာသီမှာ အင်္ဂလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဒဏ်ရာနဲ့ပတ်သက်ပြီး နောက်ထပ်တစ်ကြိမ် ကံဆိုးနေခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဒူးဒဏ်ရာကို ကုသနေရတာပါ။ ပြီးခဲ့တဲ့ ဘန်လေနဲ့ပွဲစဉ်အတွက် လူစာရင်းကနေ ချန်လှပ်ခြင်းလည်း ခံခဲ့ရပါတယ်။
ဒဏ်ရာ-ဒူး
ပြန်ကစားပေးနိုင်မယ့်အချိန်-မသိရသေး။
အာတီတာရဲ့ပြောစကား-ကျွန်တော်တို့ သူနဲ့ ပတ်သက်ပြီး ပြဿနာရှိပါတယ်။ သူ့ဒူးမှာ တစ်ခုခု ခံစားခဲ့ရပြီး ပွဲအပြီးမှာ နာကျင်မှုအချို့ စတင် ခံစားခဲ့ရပါတယ်။ ကျွန်တော်တို့ သူ့ကို အကဲဖြတ်နေတယ်။ ဒါပေမယ့် သူ့အတွက် ကြီးမားတဲ့စိုးရိမ်မှုရှိနေပါတယ်။ သူ ရက်သတ္တပတ်အတော်ကြာ လွဲချော်မှာပါ။
ဂျေးဇု-ဘရာဇီးလ်တိုက်စစ်မှူးဟာ ဆီဗီလာနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အလွန်ကောင်းမွန်ခဲ့ပြီး သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် နှောင်းပိုင်းမှာ တံကောက်ကြောဒဏ်ရာရခဲ့တာကြောင့် အန်ကီးတီးယားနဲ့လူစားလဲလှယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
ဒဏ်ရာ-တံကောက်ကြော
ပြန်ကစားပေးနိုင်မယ့်အချိန်- နိုဝင်ဘာ ၂၅(ဘရန့်တ်ဖို့ဒ်)
အာတီတာရဲ့ ပြောစကား-ဂါဘီက ကြံ့ခိုင်မှု ပြည့်ဝဦးမှာမဟုတ်ပါဘူး။ မာတင်ကလည်း မသေချာသေးဘူး။ ကျန်တဲ့ကစားသမားတွေနဲ့ပတ်သက်ပြီး အခုထိ သတင်းသစ်မရှိပါဘူး။
တင်းဘား-နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒတ်ချ်နောက်ခံလူဟာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
ဒဏ်ရာ-ဒူးရွတ်
ပြန်ကစားပေးနိုင်မယ့်အချိန်- နိုဝင်ဘာ ၂၅(ဘရန့်တ်ဖို့ဒ်)
အာတီတာရဲ့ ပြောစကား- ကြီးမားတဲ့ ထိုးနှက်ချက်ပါ။ အထူးသဖြင့် အသင်းကို ပြောင်းပြီးခါစမှာ ဒဏ်ရာခဲ့လို့ သူ့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါ။ သူ ရခဲ့တဲ့ဒဏ်ရာက ကြီးမားတဲ့ထိုးနှက်ချက်ပါ။ အဲဒါက အသင်းအတွက်လည်း ကြီးမားတဲ့ ထိုးနှက်ချက်ပါ။ ဘာလို့လဲဆိုတော့ အသင်းက သူ့ကို ရှင်းလင်းတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်ယူခဲ့ပြီး သူ အသင်းကို ယူဆောင်ပေးနိုင်တဲ့အရာကို မျက်ဝါးထင်ထင်မြင်ခဲ့ရလို့ပါ။ သူ ဒီရာသီမှာတော့ ကျွန်တော်တို့အတွက် အဲဒီလို လုပ်ပေးနိုင်မှာမဟုတ်တော့ပါဘူး။ ကျွန်တော်တို့ အသားကျအောင် လုပ်ရပါမယ်။ ဒီလိုအရာတွေက ကံဆိုးစွာနဲ့ ဖြစ်တတ်ပြီး ကျွန်တော်တို့ ရှေ့ဆက်သွားရမှာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကို အဓိကကစားသမားအများအပြား ဒဏ်ရာပြဿနာတွေနဲ့ ဖြတ်သန်းသွားရမှာဖြစ်ပြီး မြောက်လန်ဒန်ကလပ်ဟာ ပြီးခဲ့တဲ့ စနေနေ့မှာ ဘန်လေကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာ-ခြေထောက်
ဒဏ်ရာ-တံကောက်ကြော
ဒဏ်ရာ-မသိရ။
ဒဏ်ရာ-မျက်လုံး
ဒဏ်ရာ-ပေါင်
ဒဏ်ရာ-မသိရ။
ဒဏ်ရာ-ဒူး
ဒဏ်ရာ-တံကောက်ကြော
တင်းဘား-နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒတ်ခ်ျနောက်ခံလူဟာ ခွဲစိတ်ကုသမှုအောင်မြင်ခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။
ဒဏ်ရာ-ဒူးရွတ်
Arsenal Myanmar
Ref: Internet
- Posted In:
- Team News