ချဲလ်ဆီးနဲ့ပွဲအမီ ဆာကာ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာနိုင်မလား 1024 683 coyg

ချဲလ်ဆီးနဲ့ပွဲအမီ ဆာကာ ကြံ့ခိုင်မှုပြန်လည် ပြည့်ဝလာနိုင်မလား

ဘူကာယို ဆာကာဟာ လက်ရွေးစင်အသင်းကနေ ဒဏ်ရာကြောင့် နုတ်ထွက်ခဲ့ပေမယ့်လည်း နိုင်ငံတကာပွဲစဥ် အားလပ်ရက်အပြီး လာမယ့်အပတ် ချဲလ်ဆီးနဲ့ ရင်ဆိုင်ဖို့ ပြည့်ဝလာလိမ့်မယ်လို့ အာဆင်နယ်က အကောင်းမြင်နေပါတယ်။

ဆာကာဟာ ပြီးခဲ့တဲ့အပတ်က မန်ချက်စတာစီးတီးကို ဂန်းနားတွေ သမိုင်းဝင် နိုင်ပွဲရရှိခဲ့တဲ့ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး အဲဒီပွဲမတိုင်ခင်မှာ ဒဏ်ရာကနေ အချိန်မီ ပြန်လည်သက်သာပြီး ပါဝင်လာနိုင်တယ်လို့တောင် သတင်းအချို့က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဖြစ်မှန်ကတော့ အားလုံးသိထားတဲ့အတိုင်းပဲ ဆာကာဟာ မန်စီးတီးနဲ့ပွဲမှာ ပါဝင်ကစားပေးဖို့နေနေသာသာ လူစာရင်းထဲ ပါဝင်ဖို့တောင် ကြံ့ခိုင်မှု မပြည့်ဝခဲ့ဘဲ အောက်တိုဘာလ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အတွင်း အင်္ဂလန်နဲ့ပူးပေါင်းနိုင်ခြင်းလည်း မရှိခဲ့တာဖြစ်ပါတယ်။

အက်ဖ်အေက နောက်ထပ် အကဲဖြတ်မှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ အာဆင်နယ်ကို အသက် ၂၂ နှစ်အရွယ် ကစားသမားနဲ့ပတ်သက်ပြီး အမှန်တရားကို ဝန်ခံခဲ့ရတာ ဖြစ်ပါတယ်။ အခု မေးခွန်းထုတ်စရာရှိလာတာက ဆာကာအနေနဲ့ နိုင်ငံတကာပွဲစဉ် အားလပ်ရက်အပြီး အာဆင်နယ်ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်တဲ့ ချဲလ်ဆီးနဲ့ ပွဲစဉ်မှာ အချိန်မီ ပြန်လည် ပါဝင်ကစားပေးနိုင်မှာလားဆိုတာဖြစ်ပါတယ်။

The Evening Standard ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ချဲလ်ဆီးနဲ့ပွဲအတွက် ဆာကာ အဆင်သင့်ဖြစ်နေစေမယ့် အစီအစဉ်ကို လုပ်ထားပြီးပြီလို့ သိရပြီး အင်္ဂလန်တောင်ပံကြယ်ပွင့်ကလည်း ပါဝင်ကစားပေးချင်တယ်လို့ အသင်းကို ပြောဆိုခဲ့ပါတယ်။

ယခုအပတ်အစောပိုင်း နားရက်အပြီး ဆာကာရဲ့ လေ့ကျင့်ရေးအစီအစဉ်ထဲမှာ ပြန်လည်ထူထောင်ရေး အစီအစဉ်တွေ ပါဝင်ခဲ့ပြီး ဂန်းနားတွေဟာ ပြီးတဲ့နောက် လာမယ့်အပတ်မှာ အင်္ဂလန်ကြယ်ပွင့်အနေနဲ့ လူစာရင်းထဲကို ပြန်လည်ပါဝင်လာနိုင်မလားဆိုတာကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်ရော ဆာကာကပါ အချိန်မီ ပြန်လည်ကစားပေးနိုင်မယ်လို့ အကောင်းမြင်စိတ်ရှိနေပြီး လက်ရှိအချိန်အထိတော့ ဂန်းနားကြယ်ပွင့်အတွက် ဘာအာမခံချက်မှတော့ မပေးနိုင်သေးတာ ဖြစ်ပါတယ်။ ဆာကာရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေက ယုံကြည်ဖို့ ခက်ခဲပေမယ့်လည်း လက်ရှိအချိန်မှာ အာဆင်နယ်ဆီကနေ ထွက်ပေးလာတဲ့ သတင်းစကားကတော့ အပြုသဘောဆောင်တဲ့ပုံပေါ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဘူကာယို ဆာကာဟာ လက္ေ႐ြးစင္အသင္းကေန ဒဏ္ရာေၾကာင့္ ႏုတ္ထြက္ခဲ့ေပမယ့္လည္း ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီး လာမယ့္အပတ္ ခ်ဲလ္ဆီးနဲ႔ ရင္ဆိုင္ဖို႔ ျပည့္ဝလာလိမ့္မယ္လို႔ အာဆင္နယ္က အေကာင္းျမင္ေနပါတယ္။

ဆာကာဟာ ၿပီးခဲ့တဲ့အပတ္က မန္ခ်က္စတာစီးတီးကို ဂန္းနားေတြ သမိုင္းဝင္ ႏိုင္ပြဲရရွိခဲ့တဲ့ပြဲစဥ္ကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီး အဲဒီပြဲမတိုင္ခင္မွာ ဒဏ္ရာကေန အခ်ိန္မီ ျပန္လည္သက္သာၿပီး ပါဝင္လာႏိုင္တယ္လို႔ေတာင္ သတင္းအခ်ိဳ႕က ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အျဖစ္မွန္ကေတာ့ အားလုံးသိထားတဲ့အတိုင္းပဲ ဆာကာဟာ မန္စီးတီးနဲ႔ပြဲမွာ ပါဝင္ကစားေပးဖို႔ေနေနသာသာ လူစာရင္းထဲ ပါဝင္ဖို႔ေတာင္ ႀကံ့ခိုင္မႈ မျပည့္ဝခဲ့ဘဲ ေအာက္တိုဘာလ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္အတြင္း အဂၤလန္နဲ႔ပူးေပါင္းႏိုင္ျခင္းလည္း မရွိခဲ့တာျဖစ္ပါတယ္။

အက္ဖ္ေအက ေနာက္ထပ္ အကဲျဖတ္မႈေတြ ျပဳလုပ္မယ္လို႔ ေျပာၾကားခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ အာဆင္နယ္ကို အသက္ ၂၂ ႏွစ္အ႐ြယ္ ကစားသမားနဲ႔ပတ္သက္ၿပီး အမွန္တရားကို ဝန္ခံခဲ့ရတာ ျဖစ္ပါတယ္။ အခု ေမးခြန္းထုတ္စရာရွိလာတာက ဆာကာအေနနဲ႔ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္အၿပီး အာဆင္နယ္ရဲ႕ ပထမဆုံးပြဲစဥ္ျဖစ္တဲ့ ခ်ဲလ္ဆီးနဲ႔ ပြဲစဥ္မွာ အခ်ိန္မီ ျပန္လည္ ပါဝင္ကစားေပးႏိုင္မွာလားဆိုတာျဖစ္ပါတယ္။

The Evening Standard ရဲ႕ ေဖာ္ျပခ်က္အရ အာဆင္နယ္ဟာ ခ်ဲလ္ဆီးနဲ႔ပြဲအတြက္ ဆာကာ အဆင္သင့္ျဖစ္ေနေစမယ့္ အစီအစဥ္ကို လုပ္ထားၿပီးၿပီလို႔ သိရၿပီး အဂၤလန္ေတာင္ပံၾကယ္ပြင့္ကလည္း ပါဝင္ကစားေပးခ်င္တယ္လို႔ အသင္းကို ေျပာဆိုခဲ့ပါတယ္။

ယခုအပတ္အေစာပိုင္း နားရက္အၿပီး ဆာကာရဲ႕ ေလ့က်င့္ေရးအစီအစဥ္ထဲမွာ ျပန္လည္ထူေထာင္ေရး အစီအစဥ္ေတြ ပါဝင္ခဲ့ၿပီး ဂန္းနားေတြဟာ ၿပီးတဲ့ေနာက္ လာမယ့္အပတ္မွာ အဂၤလန္ၾကယ္ပြင့္အေနနဲ႔ လူစာရင္းထဲကို ျပန္လည္ပါဝင္လာႏိုင္မလားဆိုတာကို အကဲျဖတ္ႏိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္ေရာ ဆာကာကပါ အခ်ိန္မီ ျပန္လည္ကစားေပးႏိုင္မယ္လို႔ အေကာင္းျမင္စိတ္ရွိေနၿပီး လက္ရွိအခ်ိန္အထိေတာ့ ဂန္းနားၾကယ္ပြင့္အတြက္ ဘာအာမခံခ်က္မွေတာ့ မေပးႏိုင္ေသးတာ ျဖစ္ပါတယ္။ ဆာကာရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး ထြက္ေပၚေနတဲ့ သတင္းေတြက ယုံၾကည္ဖို႔ ခက္ခဲေပမယ့္လည္း လက္ရွိအခ်ိန္မွာ အာဆင္နယ္ဆီကေန ထြက္ေပးလာတဲ့ သတင္းစကားကေတာ့ အျပဳသေဘာေဆာင္တဲ့ပုံေပၚပါတယ္။

Arsenal Myanmar

Ref: Internet