ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ကိုင် ဟာဗတ်ဇ်ကို သတိပေးလိုက်တဲ့ အာတီတာ 1024 504 coyg

ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် ကိုင် ဟာဗတ်ဇ်ကို သတိပေးလိုက်တဲ့ အာတီတာ

မီခေးလ် အာတီတာက ယနေ့ညနေ စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့်ပွဲမတိုင်ခင် ကိုင် ဟာဗတ်ဇ်ကို အသင်းဟောင်းနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားလို့ သတိပေးစကားပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ကိုင် ဟာဗတ်ဇ်ကို ယခုနွေရာသီမှာ ချဲလ်ဆီးကနေ ပေါင် ၆၅ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၃ ရာသီကြာတဲ့အထိ ခြေမပေါ်ခဲ့တဲ့ ကစားသမားကို ခေါ်ယူခဲ့တာကြောင့် အားလုံး အံ့အားသင့်ခဲ့ကြတာဖြစ်ပါတယ်။

ဟာဗတ်ဇ်ဟာ အမ်းမရိတ်စ်မှာလည်း ကောင်းမွန်တဲ့ စတင်မှု ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေမယ့်လည်း ဘုန်းမောက်ကို ၄-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ကိုယ်တိုင် ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီးကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာလည်း မာတီနယ်လီရဲ့ နောက်ကျ အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအပတ် စတမ်းဖို့ဒ် ဘရစ်ချ်မှာ မျက်နှာဟောင်းတွေနဲ့ ပြန်လည်မဆုံတွေ့ခင်မှာ ကိုင် ဟာဗတ်ဇ်နဲ့ ပတ်သက်ပြီး အာတီတာက “သူ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲက နောက်ဆုံး ဂိုးပါဝင်ပတ်သက်ခဲ့မှုက ကြောက်စရာကောင်းခဲ့ပါတယ်။ သူ့ကို ပွဲမထွက်စေဖို့ ဆုံးဖြတ်ရတာ ခက်ခဲခဲ့ပေမယ့် နောက်ဆုံး ၂၅ မိနစ်၊ မိနစ် ၃၀ က အရေးကြီးလာတော့မယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်။ သူ အသင်းကို ကူညီပေးနေတဲ့ပုံစံနဲ့ပတ်သက်ပြီး ကျွန်တော် တကယ်ပျော်ရွှင်မိပါတယ်။”

မန်စီးတီးနဲ့ပွဲစဉ်က ဟာဗတ်ဇ်ရဲ့ သူရဲကောင်းဖြစ်ခဲ့မှုက အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားအတွက် ကြီးမားတဲ့အခိုက်အတန့်အဖြစ် ခံစားခဲ့ရလားလို့ မေးမြန်းခဲ့ရာမှာ အာတီတာက “မျှော်လင့်မိတာပဲလေ။ အပြောင်းအလဲ လုပ်ရာမှာ ယုံကြည်ချက်ရှိတာကို ကျွန်တော် မြင်နိုင်ပြီး သူက အများကြီး ပိုကောင်းတဲ့နေရာမှာ ရှိနေပါတယ်။ ကျွန်တော်တို့ ဒီလိုမျိုးဆက်ပြီး လုပ်သွားရမှာဖြစ်ပြီး သူ ကစားဖို့ လိုပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မီေခးလ္ အာတီတာက ယေန႔ညေန စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ပြဲမတိုင္ခင္ ကိုင္ ဟာဗတ္ဇ္ကို အသင္းေဟာင္းနဲ႔ ရင္ဆိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားလို႔ သတိေပးစကားေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ကိုင္ ဟာဗတ္ဇ္ကို ယခုေႏြရာသီမွာ ခ်ဲလ္ဆီးကေန ေပါင္ ၆၅ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၃ ရာသီၾကာတဲ့အထိ ေျခမေပၚခဲ့တဲ့ ကစားသမားကို ေခၚယူခဲ့တာေၾကာင့္ အားလုံး အံ့အားသင့္ခဲ့ၾကတာျဖစ္ပါတယ္။

ဟာဗတ္ဇ္ဟာ အမ္းမရိတ္စ္မွာလည္း ေကာင္းမြန္တဲ့ စတင္မႈ ျပဳလုပ္ႏိုင္ျခင္းမရွိခဲ့ေပမယ့္လည္း ဘုန္းေမာက္ကို ၄-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ကိုယ္တိုင္ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး မန္စီးတီးကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာလည္း မာတီနယ္လီရဲ႕ ေနာက္က် အႏိုင္ဂိုးကို ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

ယခုအပတ္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ မ်က္ႏွာေဟာင္းေတြနဲ႔ ျပန္လည္မဆုံေတြ႕ခင္မွာ ကိုင္ ဟာဗတ္ဇ္နဲ႔ ပတ္သက္ၿပီး အာတီတာက “သူ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ ပြဲက ေနာက္ဆုံး ဂိုးပါဝင္ပတ္သက္ခဲ့မႈက ေၾကာက္စရာေကာင္းခဲ့ပါတယ္။ သူ႔ကို ပြဲမထြက္ေစဖို႔ ဆုံးျဖတ္ရတာ ခက္ခဲခဲ့ေပမယ့္ ေနာက္ဆုံး ၂၅ မိနစ္၊ မိနစ္ ၃၀ က အေရးႀကီးလာေတာ့မယ္ဆိုတာ ကြၽန္ေတာ္တို႔ သိခဲ့ပါတယ္။ သူ အသင္းကို ကူညီေပးေနတဲ့ပုံစံနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ တကယ္ေပ်ာ္႐ႊင္မိပါတယ္။”

မန္စီးတီးနဲ႔ပြဲစဥ္က ဟာဗတ္ဇ္ရဲ႕ သူရဲေကာင္းျဖစ္ခဲ့မႈက အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားအတြက္ ႀကီးမားတဲ့အခိုက္အတန႔္အျဖစ္ ခံစားခဲ့ရလားလို႔ ေမးျမန္းခဲ့ရာမွာ အာတီတာက “ေမွ်ာ္လင့္မိတာပဲေလ။ အေျပာင္းအလဲ လုပ္ရာမွာ ယုံၾကည္ခ်က္ရွိတာကို ကြၽန္ေတာ္ ျမင္ႏိုင္ၿပီး သူက အမ်ားႀကီး ပိုေကာင္းတဲ့ေနရာမွာ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳးဆက္ၿပီး လုပ္သြားရမွာျဖစ္ၿပီး သူ ကစားဖို႔ လိုပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet