ချန်ပီယံလိဂ်တေးသံဝေမယ့် အမ်းမရိတ်စ်မြေမှာ အမှားမခံမယ့် ဂန်းနားများ 1024 504 coyg

ချန်ပီယံလိဂ်တေးသံဝေမယ့် အမ်းမရိတ်စ်မြေမှာ အမှားမခံမယ့် ဂန်းနားများ

၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၆ နှစ်ခွဲကြာ ဝေးကွာခဲ့ရတဲ့ အာဆင်နယ်ဟာ နောက်ဆုံးမှာတော့ ယနေ့ညမှာ ပီအက်စ်ဗွီနဲ့ အုပ်စု B အဖွင့်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒတ်ချ်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီ ရိန်းဂျားစ်ကို Play-off ရှုံးပွဲမှာ လက်စားချေနိုင်ခဲ့တာဖြစ်ပါတယ်။

ထိပ်တိုက်တွေ့ဆုံမှု

အာဆင်နယ်နဲ့ ပီအက်စ်ဗွီတို့ဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တာက ၂၀၀၆-၂၀၀၇ ရာသီတုန်းက ၁၆ သင်းရှုံးထွက်အဆင့်မှာဖြစ်ပြီး ဂန်းနားတွေဟာ ၂ ကျော့ပေါင်း ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဗွီဟာ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်မှာလည်း ဂန်းနားတွေကို အနိုင်ယူခဲ့ပြီး အိမ်ကွင်းမှာ ၂-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒတ်ချ်ကလပ်ဟာ အမ်းမရိတ်စ်ကို နောက်ဆုံး လာကစားခဲ့တဲ့ အဝေးကွင်း ၄ ပွဲမှာ နိုင်ပွဲမရခဲ့ဘဲ ၂ ပွဲရှုံး ၂ ပွဲသရေကျခဲ့ပြီး ဂန်းနားတွေဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံးပါဝင်ကစားခဲ့တဲ့ ၁၇ ကြိမ်စလုံး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီတစ်ကြိမ်ဟာ အာဆင်နယ်အတွက် ချန်ပီယံလိဂ်မှာ အကြိမ် ၂၀ မြောက် ပါဝင်ယှဉ်ပြိုင်မှုဖြစ်ပြီး ပီအက်စ်ဗွီအတွက်တော့ ၁၇ ကြိမ်မြောက် ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

အာဆင်နယ်ဟာ သောမတ်စ် ပါတေး(ပေါင်ခြံ)၊ တင်းဘား(ဒူး)နဲ့ အယ်လ်နန်နီ(ဒူး)တို့ကို ဆုံးရှုံးခဲ့ရချိန်မှာ ဂါဘရီယဲလ် မာတီနယ်လီက အဲဗာတန်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့တာက ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာခဲ့ပြီး ပီအက်စ်ဗွီနဲ့ပွဲမှာ ထရော့ဆာ့ဒ်ကပဲ ပွဲထွက်လာမှာဖြစ်ပါတယ်။

ပီအက်စ်ဗွီကလည်း NEC နဲ့ ကစားခဲ့တဲ့ ယခုအပတ်ပွဲစဉ်မှာ အဓိကတိုက်စစ်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ နိုအာ လန်းကို ၁၁ မိနစ်မှာ လူစားလဲလှယ်ခဲ့ရခဲ့ပေမယ့် အင်္ဂလန်ကို လာရောက်ယှဉ်ပြိုင်ရမယ့် အသင်းလူစာရင်းထဲမှာ ပါဝင်ခဲ့ပြီး လန်းသာ ပွဲထွက်လူစာရင်းထဲ မပါဝင်နိုင်ဘူးဆိုရင် ဟာဗင်း လိုဇာနို ဝင်ကစားပေးမှာဖြစ်ပါတယ်။ ခံစစ်ကစားသမားတွေဖြစ်တဲ့ အာမန်ဒို အိုဘစ်စ်ပို၊ ဖရက်ဒ်ရစ် အိုပီဂတ်နဲ့ မူရို ဂျူနီယာတို့အားလုံးလည်း လွဲချော်မှာဖြစ်ပြီး ဆောက်သမ်တန်က အငှားနဲ့ ခေါ်ယူထားတဲ့ ဘယ်လာ-ကော့ချပ် ပါဝင်လာမှာဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ်၊ ဒီကလန် ရိုက်၊ ဗီယာရာ၊ ဆာကာ၊ ဂျေးဇု၊ ထရော့ဆာ့ဒ်။
ပီအက်စ်ဗွီ-ဘင်နီတက်ဇ်၊ တီဇီ၊ ရာမယ်လ်ဟို၊ ဘယ်လာ-ကော့ချပ်၊ ဒက်စ်တ်၊ ရှူတန်၊ ဗီးယားမန်း၊ ဘာကာယိုကို၊ ဆိုင်ဘာရီ၊ လိုဇာနို၊ ဒီ ယုံး။

ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဗွီဟာ လွန်ခဲ့တဲ့ ၁၁ လတုန်းက နောက်ဆုံး အာဆင်နယ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ လွှမ်းမိုးနိုင်ခဲ့တာဖြစ်နိုင်ပေမယ့် ဇာဗီ ဆိုင်မွန်စ်နဲ့ အီဘရာဟင် ဆန်ဂါရေးတို့ မပါဝင်တော့မှုနဲ့ ဂန်းနားတွေရဲ့ အရည်အသွေးပိုင်း မြင့်မားလာမှုကြောင့် အနိုင်ရဖို့ မျှော်လင့်နိုင်မှာမဟုတ်ပါဘူး။ အာဆင်နယ်ရဲ့ ခံစစ်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ဂန်းနားတွေဟာ အားနည်းကောင်း အားနည်းနေနိုင်ပေမယ့် အုပ်စု B မှာ အနိုင် ၃ မှတ်နဲ့ စတင်ဖွင့်လှစ်သွားဖို့ ရည်မှန်းထားတဲ့ အာတီတာရဲ့ အသင်း အရန်ခုံတန်းမှာ ကွဲပြားခြားနားမှုတွေ ပြုလုပ်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ကစားသမားတွေ ရှိနေတာကြောင့် အမ်းမရိတ်စ်မှာ နိုင်ပွဲကလွဲပြီး မြင်တွေ့ရဖို့ မရှိပါဘူး။

AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၁ ပီအက်စ်ဗွီ)

Arsenal Myanmar

Ref: Internet

ZAWGYI: ၂၀၂၂-၂၀၂၃ ရာသီ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ၆ နှစ်ခွဲကြာ ဝေးကွာခဲ့ရတဲ့ အာဆင်နယ်ဟာ နောက်ဆုံးမှာတော့ ယနေ့ညမှာ ပီအက်စ်ဗွီနဲ့ အုပ်စု B အဖွင့်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်မှာ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ဒတ်ချ်ကလပ်ဟာ ပြီးခဲ့တဲ့နွေရာသီ ရိန်းဂျားစ်ကို Play-off ရှုံးပွဲမှာ လက်စားချေနိုင်ခဲ့တာဖြစ်ပါတယ်။