ကြံ့ခိုင်မှုအပြည့်ရဖို့ တည်ဆောက်နေတဲ့ ဂျေးဇုရဲ့ သတင်းကောင်း mgsaw

ကြံ့ခိုင်မှုအပြည့်ရဖို့ တည်ဆောက်နေတဲ့ ဂျေးဇုရဲ့ သတင်းကောင်း

ဘုန်းမောက်အသင်းကို (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးမှာ တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေးဇုဟာ အရန်ကစားသမားတွေနဲ့အတူ အမ်းမရိတ်ကွင်းထဲ ကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အန်ကီးတီးယားနဲ့ ထရောဆာဒ်ပါ ဒဏ်ရာရသွားချိန်မှာ ဂျေးဇုတယောက် ကြံ့ခိုင်မှုအပြည့်အဝဖြစ်ဖို့ တဖြည်းဖြည်းနဲ့ နီးစပ်လာခဲ့ခြင်းက အာဆင်နယ်အသင်းအတွက်တော့ သတင်းကောင်းတခု ဖြစ်လာခဲ့ပါတယ်။

အသက် (၂၅) နှစ်သားဟာ အမ်းမရိတ်ကွင်းထက်မှာ အသင်းဖော်တွေနဲ့အတူ ကြံ့ခိုင်မှုဆိုင်ရာ လေ့ကျင့်ခန်းတွေအပြင် အသင်းလိုက် လေ့ကျင့်ခန်းအချို့မှာပါ ပူးပေါင်းနိုင်ခဲ့တယ်လို့ Goal သတင်းဌာနက ဖော်ပြထားပါတယ်။

ဒါဟာ မကြာမီမှာ ဂျေးဇုတယောက် လေ့ကျင့်ခန်း အပြည့်အဝ ပြန်ဆင်းနိုင်တော့မယ်ဆိုတဲ့ သတင်းစကားပါပဲ။ ကြာသပတေးနေ့မှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားရမယ့် ယူရိုပါလိဂ်ပွဲ လူစာရင်းမှာ ပြန်လည်ပါဝင်နိုင်မလားဆိုတာကတော့ သေသေချာချာ မသိရသေးပါဘူး။

ဒါပေမယ့်လည်း ဘရာဇီးလ်သားကို အနှေးနဲ့အမြန် မြက်ခင်းစိမ်းထက်မှာ ပြန်လည်မြင်တွေ့ရတော့မှာ သေချာနေပြီပဲ ဖြစ်ပါတယ်။ ထရောဆာဒ်ကတော့ ပေါင်ခြံမှာ နာကျင်မှုဝေဒနာ ခံစားရတာကြောင့် လူစားလဲခဲ့ရတာဖြစ်တယ်လို့ နည်းပြ အာတေတာက အတည်ပြုပါတယ်။

ခံစစ်ကို ဆင်းကူဖို့ ကြိုးစားရင်း ကြွက်သားမှာ ဒဏ်ဖြစ်သွားပုံရပြီး အဆိုပါ ဒဏ်ရာအမျိုးအစားဟာ ပြင်းထန်မှုအခြေအနေအပေါ်မူတည်ပြီး အနည်းဆုံး ရက်သတ္တပတ် (၂) ပတ်လောက် နားရနိုင်တဲ့ ဒဏ်ရာမျိုး ဖြစ်တာကြောင့် စိုးရိမ်ရပါတယ်။

Ref : Goal