ကြီးမားတဲ့ တိုက်ပွဲကြီးကို မျှော်မှန်းထားတယ်လို့ အသင်းသားတွေကို သတိပေးလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာက ယနေ့ည လွန်းစ်နဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်မှာ ကြီးမားတဲ့ တိုက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။
ပီအက်စ်ဗွီကို ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ ၄-၀ နဲ့ အနိုင်ယူပြီးနောက် ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်း အမှတ်ပေးဇယား ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့တဲ့ လွန်းစ်နဲ့ ယခုရာသီ ပထမဆုံး ဥရောပအဝေးကွင်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
လွန်းစ်ဟာ ယခုရာသီမှာတော့ ရုန်းကန်နေရပြီး လက်ရှိမှာ လီဂူးဝမ်းအမှတ်ပေးဇယား အဆင့် ၁၅ နေရာမှာ ရပ်တည်နေရပေမယ့်လည်း အာတီတာက Stade Bollaert-Delelis မှာ ခက်ခဲတဲ့ ပွဲတစ်ပွဲဖြစ်လာမယ်လို့ မျှော်မှန်းထားတာဖြစ်ပါတယ်။
“မနှစ်က သူတို့ လုပ်ခဲ့တာအတွက် ကျွန်တော် တကယ်အထင်ကြီးမိခဲ့ပါတယ်။ အဲဒီနေရာမှာ ရာသီပြီးဆုံးဖို့က မယုံနိုင်စရာကောင်းခဲ့ပြီး သူတို့ အဲဒီလို ရာသီပြီးဆုံးနိုင်အောင် လုပ်ခဲ့တဲ့ ပုံစံကလည်း မယုံနိုင်စရာကောင်းခဲ့တယ်။ သူတို့တွေ အိမ်ကွင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းရောပေ့ါ။ ဒီရာသီမှာ သူတို့တွေ ရလဒ်အချို့နဲ့ တကယ် ကံမကောင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော် သူတို့တွေ ဘာကြောင့် အမှတ်တွေ ပိုမရခဲ့လဲဆိုတာ မသိပါဘူး။ အဲဒီတော့ ကျွန်တော်တို့ ကြီးမားတဲ့ တိုက်ပွဲကို မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ အဲဒါကို သတိထားမိတယ်ဆိုတာထက် ပိုပါတယ်။ သူတို့တွေက တကယ်ကောင်းတဲ့အသင်းဖြစ်ပြီး မနက်ဖြန်(ယနေ့)မှာ ကျွန်တော်တို့ကို ကြီးမားတဲ့ စမ်းသပ်မှုကြီး စောင့်နေပါတယ်။”
အာတီတာက အာဆင်နယ်ရဲ့ နောက်ဆုံး ၆ ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီးနောက် လူစာရင်းထဲ ပြန်လည်ပါဝင်လာခဲ့တဲ့ သောမတ်စ် ပါတေးကိုလည်း ပြန်လည် ကြိုဆိုခဲ့ပြီး ဂါနာကွင်းလယ်လူရဲ့ အခြေအနေကို အဖြေပေးခဲ့ပါတယ်။
“သူက ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ တကယ်ကောင်းကောင်း တိုးတက်လာခဲ့တယ်။ အသင်းနဲ့ ပြီးခဲ့တဲ့ ၂ ရက်၊ ၃ ရက်အတွင်းမှာ လေ့ကျင့်နိုင်အောင် လုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့အတွက် ဒါက အရမ်းကောင်းတဲ့သတင်းဆိုတာ သိသာပါတယ် ။သူက ပြီးခဲ့တဲ့အပတ်တွေမှာ တိုးတက်လာပြီး အရမ်းကောင်းမွန်ခဲ့တယ်။ သူက ကြီးမားတဲ့ကစားသမားဖြစ်ပြီး သူ အသင်းကို ဘာတွေယူဆောင်လာပေးနိုင်လဲဆိုတာ ကျွန်တော်တို့ သိပါတယ်။”
“ဆာကာကလည်း အဆင်ပြေပါတယ်။ သူလည်း အများကြီးပိုကောင်းလာတယ်။ သူက ကြီးမားတဲ့ ဒဏ်ရာရခဲ့တယ်ဆိုတာသိသာပါတယ်။ ဒါပေမယ့် သူ ကောင်းကောင်း ပြန်လည်သက်သာလာပြီး ဒီနေ့(တနင်္လာ) လေ့ကျင့်ခဲ့တယ်။ သူ ကစားပေးနိုင်ပြီး မနက်ဖြန် လူစာရင်းထဲ ခေါ်လို့ရရင် အရမ်းကောင်းမှာပါ။”
ဒီပွဲစဉ်ဟာ ဆာလီဘာအတွက်တော့ ပြင်သစ်မှာ အောင်မြင်တဲ့ ရာသီ ၄ ရာသီ ဖြတ်သန်းခဲ့ပြီးနောက် ပထမဆုံးအကြိမ် အိမ်ပြန်လာရတဲ့ခရီးစဉ်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
“သူ ဘယ်လိုတိုးတက်လာနေလဲဆိုတာ ခင်ဗျား ကြည့်လိုက်တဲ့အခါမှာ သူ့ရဲ့အသင်းထဲက အခန်းကဏ္ဍ၊ အဆင့်အတန်းနဲ့ ပြီးခဲ့တဲ့နှစ်မှာ ပြသခဲ့တဲ့ ခြေစွမ်းပိုင်းတည်ငြိမ်မှုတွေက ထူးထူးခြားခြားပါပဲ။ သူလုပ်နေတာကို လုပ်နေတဲ့ ဗဟိုခံစစ်ကစားသမား များများစားစား ခင်ဗျား ရှာတွေ့နိုင်မယ်လို့ ကျွန်တော်တော့ မထင်ဘူး။ သူ့နားက ကစားသမားတွေကိုလည်း သူ့ကို လမ်းပြပေး၊ ကာကွယ်ပေး၊ လှုံ့ဆော်ပေးခဲ့တဲ့ပုံစံကြောင့် ချီးကျူးပါတယ်။ သူ့မှာ ရှိတဲ့ အရည်အသွေးတွေ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်အာရုံစူးစိုက်နိုင်မှုတွေကြောင့် ကျွန်တော်တို့လို အသင်းကြီးတစ်သင်းရဲ့ ခံစစ်မှာ ခေါင်းဆောင်ဖြစ်လာပါတယ်။ အဲဒါက ကြီးမားတဲ့ ချီးကျူးပြောဆိုမှုပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာက ယေန႔ည လြန္းစ္နဲ႔ ယွဥ္ၿပိဳင္ကစားတဲ့ပြဲစဥ္မွာ ႀကီးမားတဲ့ တိုက္ပြဲႀကီးအတြက္ ႀကိဳတင္ျပင္ဆင္ထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ပီအက္စ္ဗြီကို ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ၄-၀ နဲ႔ အႏိုင္ယူၿပီးေနာက္ ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီ လီဂူးဝမ္း အမွတ္ေပးဇယား ဒုတိယေနရာမွာ ရာသီၿပီးဆုံးခဲ့တဲ့ လြန္းစ္နဲ႔ ယခုရာသီ ပထမဆုံး ဥေရာပအေဝးကြင္းပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ပါတယ္။
လြန္းစ္ဟာ ယခုရာသီမွာေတာ့ ႐ုန္းကန္ေနရၿပီး လက္ရွိမွာ လီဂူးဝမ္းအမွတ္ေပးဇယား အဆင့္ ၁၅ ေနရာမွာ ရပ္တည္ေနရေပမယ့္လည္း အာတီတာက Stade Bollaert-Delelis မွာ ခက္ခဲတဲ့ ပြဲတစ္ပြဲျဖစ္လာမယ္လို႔ ေမွ်ာ္မွန္းထားတာျဖစ္ပါတယ္။
“မႏွစ္က သူတို႔ လုပ္ခဲ့တာအတြက္ ကြၽန္ေတာ္ တကယ္အထင္ႀကီးမိခဲ့ပါတယ္။ အဲဒီေနရာမွာ ရာသီၿပီးဆုံးဖို႔က မယုံႏိုင္စရာေကာင္းခဲ့ၿပီး သူတို႔ အဲဒီလို ရာသီၿပီးဆုံးႏိုင္ေအာင္ လုပ္ခဲ့တဲ့ ပုံစံကလည္း မယုံႏိုင္စရာေကာင္းခဲ့တယ္။ သူတို႔ေတြ အိမ္ကြင္းမွာ ျပသခဲ့တဲ့ ေျခစြမ္းေရာေပ့ါ။ ဒီရာသီမွာ သူတို႔ေတြ ရလဒ္အခ်ိဳ႕နဲ႔ တကယ္ ကံမေကာင္းျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္ သူတို႔ေတြ ဘာေၾကာင့္ အမွတ္ေတြ ပိုမရခဲ့လဲဆိုတာ မသိပါဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ႀကီးမားတဲ့ တိုက္ပြဲကို ေမွ်ာ္လင့္ထားပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို သတိထားမိတယ္ဆိုတာထက္ ပိုပါတယ္။ သူတို႔ေတြက တကယ္ေကာင္းတဲ့အသင္းျဖစ္ၿပီး မနက္ျဖန္(ယေန႔)မွာ ကြၽန္ေတာ္တို႔ကို ႀကီးမားတဲ့ စမ္းသပ္မႈႀကီး ေစာင့္ေနပါတယ္။”
အာတီတာက အာဆင္နယ္ရဲ႕ ေနာက္ဆုံး ၆ ပြဲကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့ၿပီးေနာက္ လူစာရင္းထဲ ျပန္လည္ပါဝင္လာခဲ့တဲ့ ေသာမတ္စ္ ပါေတးကိုလည္း ျပန္လည္ ႀကိဳဆိုခဲ့ၿပီး ဂါနာကြင္းလယ္လူရဲ႕ အေျခအေနကို အေျဖေပးခဲ့ပါတယ္။
“သူက ၿပီးခဲ့တဲ့ ၂ ပတ္အတြင္းမွာ တကယ္ေကာင္းေကာင္း တိုးတက္လာခဲ့တယ္။ အသင္းနဲ႔ ၿပီးခဲ့တဲ့ ၂ ရက္၊ ၃ ရက္အတြင္းမွာ ေလ့က်င့္ႏိုင္ေအာင္ လုပ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔အတြက္ ဒါက အရမ္းေကာင္းတဲ့သတင္းဆိုတာ သိသာပါတယ္ ။သူက ၿပီးခဲ့တဲ့အပတ္ေတြမွာ တိုးတက္လာၿပီး အရမ္းေကာင္းမြန္ခဲ့တယ္။ သူက ႀကီးမားတဲ့ကစားသမားျဖစ္ၿပီး သူ အသင္းကို ဘာေတြယူေဆာင္လာေပးႏိုင္လဲဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။”
“ဆာကာကလည္း အဆင္ေျပပါတယ္။ သူလည္း အမ်ားႀကီးပိုေကာင္းလာတယ္။ သူက ႀကီးမားတဲ့ ဒဏ္ရာရခဲ့တယ္ဆိုတာသိသာပါတယ္။ ဒါေပမယ့္ သူ ေကာင္းေကာင္း ျပန္လည္သက္သာလာၿပီး ဒီေန႔(တနလၤာ) ေလ့က်င့္ခဲ့တယ္။ သူ ကစားေပးႏိုင္ၿပီး မနက္ျဖန္ လူစာရင္းထဲ ေခၚလို႔ရရင္ အရမ္းေကာင္းမွာပါ။”
ဒီပြဲစဥ္ဟာ ဆာလီဘာအတြက္ေတာ့ ျပင္သစ္မွာ ေအာင္ျမင္တဲ့ ရာသီ ၄ ရာသီ ျဖတ္သန္းခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ အိမ္ျပန္လာရတဲ့ခရီးစဥ္ျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
“သူ ဘယ္လိုတိုးတက္လာေနလဲဆိုတာ ခင္ဗ်ား ၾကည့္လိုက္တဲ့အခါမွာ သူ႔ရဲ႕အသင္းထဲက အခန္းက႑၊ အဆင့္အတန္းနဲ႔ ၿပီးခဲ့တဲ့ႏွစ္မွာ ျပသခဲ့တဲ့ ေျခစြမ္းပိုင္းတည္ၿငိမ္မႈေတြက ထူးထူးျခားျခားပါပဲ။ သူလုပ္ေနတာကို လုပ္ေနတဲ့ ဗဟိုခံစစ္ကစားသမား မ်ားမ်ားစားစား ခင္ဗ်ား ရွာေတြ႕ႏိုင္မယ္လို႔ ကြၽန္ေတာ္ေတာ့ မထင္ဘူး။ သူ႔နားက ကစားသမားေတြကိုလည္း သူ႔ကို လမ္းျပေပး၊ ကာကြယ္ေပး၊ လႈံ႕ေဆာ္ေပးခဲ့တဲ့ပုံစံေၾကာင့္ ခ်ီးက်ဴးပါတယ္။ သူ႔မွာ ရွိတဲ့ အရည္အေသြးေတြ၊ ႐ုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္အာ႐ုံစူးစိုက္ႏိုင္မႈေတြေၾကာင့္ ကြၽန္ေတာ္တို႔လို အသင္းႀကီးတစ္သင္းရဲ႕ ခံစစ္မွာ ေခါင္းေဆာင္ျဖစ္လာပါတယ္။ အဲဒါက ႀကီးမားတဲ့ ခ်ီးက်ဴးေျပာဆိုမႈပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- Team News