ကိုဗာချစ်ကို ထုတ်မယ်ဆို ၂ ခါပြန်ထုတ်လို့ရတယ်လို့ ဝန်ခံခဲ့တဲ့ ဟောင်းဝက် ဝက်ဘ်
PGMOL ဥက္ကဌ ဟောင်းဝက် ဝက်ဘ်က မက်တီအို ကိုဗာချစ်ဟာ အလွန်အမင်း ကံကောင်းခဲ့တယ်လို့ ဝန်ခံခဲ့ပြီး တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ပွဲမှာ ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဒိုင်လူကြီးချုပ်ဖြစ်တဲ့ ဟောင်းဝက် ဝက်ဘ်က ကိုဗာချစ်ဟာ အဝါကတ် ထိထားချိန်မှာ ဒီကလန် ရိုက်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးကွင်းလယ်လူဟာ ပထမပိုင်းမှာ မာတင် အော်ဒီဂွါဒ်ကို ပြင်းထန်တဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့အတွက် အဝါကတ်ပြား ပြသခြင်းခံခဲ့ရတာဖြစ်ပြီး ခရိုအေးရှားကွင်းလယ်လူရဲ့ ဖျက်ထုတ်မှုကို VAR နဲ့ ပြန်လည်စစ်ဆေးပြီးနောက် အဝါကတ်ပြား ပြသ သတိပေးတာက လုံလောက်တယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ကိုဗာချစ်ဟာ ဒီကလန် ရိုက်ကို နောက်ထပ်တစ်ကြိမ် ပြင်းထန်တဲ့ ဖျက်ထုတ်မှု ပြုလုပ်ခဲ့ပေမယ့်လည်း ဒုတိယအဝါကတ်ပြား ပြသခြင်း မခံခဲ့ရတာဖြစ်ပြီး အဲဒါက မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ ဟောင်းဝက် ဝက်ဘ်က ဝန်ခံခဲ့တာဖြစ်ပါတယ်။
“ဒါက ဆိုးရွားတဲ့ ဖျက်ထုတ်မှုဆိုတာ ရှင်းပါတယ်။ မိုက်ကယ် အိုလီဗာအနေနဲ့ အနီကတ်ပေးခဲ့သင့်တယ်ဆိုတာ ကျွန်တော် တော်တော်လေး ယုံကြည်ပါတယ်။ ဒါပေမယ့် သူ မပေးခဲ့ဘူး။ သူ အဝါကတ်ပဲ ပြခဲ့တယ်။ ဒုတိယမြောက် ဖျက်ထုတ်မှုမှာ သူ ကံကောင်းခဲ့တာပါ။ VAR က ဒုတိယအဝါကတ်အတွက် ကြားမဝင်ခဲ့တာ သိသာပါတယ်။ သူ(အိုလီဗာ) အဲဒီဖြစ်စဉ်ကို ပြန်သုံးသပ်တဲ့အချိန်မှာ အဝါကတ်ပြား ပေးခဲ့ရမှာဆိုတာကို သူ သိသွားပါလိမ့်မယ်။ ”လို့ ပြောကြားခဲ့ပါတယ်။
ကိုဗာချစ်ဟာ သိပ်မကြာခင်မှာ မားသီးယပ်စ် နူးနက်စ်နဲ့ လူစားလဲလှယ်ခြင်း ခံခဲ့ရပြီး ဂါဘရီယဲလ် မာတီနယ်လီက ၈၆ မိနစ်မှာ နောက်ကျ အနိုင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် အာဆင်နယ်ပရိသတ်အများစုက ဒီကိစ္စကို လျှော်ပေးလိုက်တာဖြစ်ပါတယ်။
PGMOL ဟာ စပါးစ်နဲ့ လီဗာပူးလ်တို့ပွဲစဉ်မှာ လူးဝစ္စ ဒီယက်ဇ်ရဲ့ သွင်းဂိုးကို မှားယွင်းပယ်ဖျက်ခဲ့ပြီးနောက် အားလုံးရဲ့ မျက်စိဒေါက်ထောက်ကြည့်ခြင်းခံနေရချိန်မှာ နောက်ထပ်အမှားတစ်ခုကို တစ်ပတ်အကြာမှာ ထပ်မံကျူးလွန်ခဲ့ပြန်တာဖြစ်ပါတယ်။
ဟောင်းဝက် ဝက်ဘ်ဟာ တနင်္ဂနွေနေ့က ဘရိုက်တန်နဲ့ လီဗာပူးလ်တို့ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီဧရိယာထဲမှာ ဆဘော့ဇ်ဆလိုင်းကို ပါစကယ် ဂရို့စ်က ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် မထုတ်ပယ်ခဲ့တဲ့အတွက်လည်း မာဆေးဆိုဒ်ပရိသတ်တွေရဲ့ ပြစ်တင်ကြိမ်းမောင်းခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။
မိုဟာမက် ဆာလားဟာ ပင်နယ်တီကနေ ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့မှာဖြစ်ပေမယ့်လည်း ဂရို့စ်ဟာ ရှင်းလင်းပြတ်သားတဲ့ ဂိုးသွင်းခွင့်ကို ငြင်းပယ်ခဲ့ပုံမပေါ်ဘူးဆိုပြီး အဝါကတ်ပြားတောင် အပြမခံရဘဲ လွတ်မြောက်သွားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: PGMOL ဥကၠဌ ေဟာင္းဝက္ ဝက္ဘ္က မက္တီအို ကိုဗာခ်စ္ဟာ အလြန္အမင္း ကံေကာင္းခဲ့တယ္လို႔ ဝန္ခံခဲ့ၿပီး တနဂၤေႏြေန႔က အာဆင္နယ္နဲ႔ပြဲမွာ ထုတ္ပယ္ခံခဲ့ရသင့္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
ပရီးမီးယားလိဂ္ဒိုင္လူႀကီးခ်ဳပ္ျဖစ္တဲ့ ေဟာင္းဝက္ ဝက္ဘ္က ကိုဗာခ်စ္ဟာ အဝါကတ္ ထိထားခ်ိန္မွာ ဒီကလန္ ႐ိုက္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ ထုတ္ပယ္ခံခဲ့ရသင့္တယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးကြင္းလယ္လူဟာ ပထမပိုင္းမွာ မာတင္ ေအာ္ဒီဂြါဒ္ကို ျပင္းထန္တဲ့ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့တဲ့အတြက္ အဝါကတ္ျပား ျပသျခင္းခံခဲ့ရတာျဖစ္ၿပီး ခ႐ိုေအးရွားကြင္းလယ္လူရဲ႕ ဖ်က္ထုတ္မႈကို VAR နဲ႔ ျပန္လည္စစ္ေဆးၿပီးေနာက္ အဝါကတ္ျပား ျပသ သတိေပးတာက လုံေလာက္တယ္လို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
ကိုဗာခ်စ္ဟာ ဒီကလန္ ႐ိုက္ကို ေနာက္ထပ္တစ္ႀကိမ္ ျပင္းထန္တဲ့ ဖ်က္ထုတ္မႈ ျပဳလုပ္ခဲ့ေပမယ့္လည္း ဒုတိယအဝါကတ္ျပား ျပသျခင္း မခံခဲ့ရတာျဖစ္ၿပီး အဲဒါက မွားယြင္းတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ခဲ့တယ္လို႔ ေဟာင္းဝက္ ဝက္ဘ္က ဝန္ခံခဲ့တာျဖစ္ပါတယ္။
“ဒါက ဆိုး႐ြားတဲ့ ဖ်က္ထုတ္မႈဆိုတာ ရွင္းပါတယ္။ မိုက္ကယ္ အိုလီဗာအေနနဲ႔ အနီကတ္ေပးခဲ့သင့္တယ္ဆိုတာ ကြၽန္ေတာ္ ေတာ္ေတာ္ေလး ယုံၾကည္ပါတယ္။ ဒါေပမယ့္ သူ မေပးခဲ့ဘူး။ သူ အဝါကတ္ပဲ ျပခဲ့တယ္။ ဒုတိယေျမာက္ ဖ်က္ထုတ္မႈမွာ သူ ကံေကာင္းခဲ့တာပါ။ VAR က ဒုတိယအဝါကတ္အတြက္ ၾကားမဝင္ခဲ့တာ သိသာပါတယ္။ သူ(အိုလီဗာ) အဲဒီျဖစ္စဥ္ကို ျပန္သုံးသပ္တဲ့အခ်ိန္မွာ အဝါကတ္ျပား ေပးခဲ့ရမွာဆိုတာကို သူ သိသြားပါလိမ့္မယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။
ကိုဗာခ်စ္ဟာ သိပ္မၾကာခင္မွာ မားသီးယပ္စ္ ႏူးနက္စ္နဲ႔ လူစားလဲလွယ္ျခင္း ခံခဲ့ရၿပီး ဂါဘရီယဲလ္ မာတီနယ္လီက ၈၆ မိနစ္မွာ ေနာက္က် အႏိုင္ဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္အမ်ားစုက ဒီကိစၥကို ေလွ်ာ္ေပးလိုက္တာျဖစ္ပါတယ္။
PGMOL ဟာ စပါးစ္နဲ႔ လီဗာပူးလ္တို႔ပြဲစဥ္မွာ လူးဝစၥ ဒီယက္ဇ္ရဲ႕ သြင္းဂိုးကို မွားယြင္းပယ္ဖ်က္ခဲ့ၿပီးေနာက္ အားလုံးရဲ႕ မ်က္စိေဒါက္ေထာက္ၾကည့္ျခင္းခံေနရခ်ိန္မွာ ေနာက္ထပ္အမွားတစ္ခုကို တစ္ပတ္အၾကာမွာ ထပ္မံက်ဴးလြန္ခဲ့ျပန္တာျဖစ္ပါတယ္။
ေဟာင္းဝက္ ဝက္ဘ္ဟာ တနဂၤေႏြေန႔က ဘ႐ိုက္တန္နဲ႔ လီဗာပူးလ္တို႔ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္အတြင္း ပင္နယ္တီဧရိယာထဲမွာ ဆေဘာ့ဇ္ဆလိုင္းကို ပါစကယ္ ဂ႐ို႕စ္က ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ မထုတ္ပယ္ခဲ့တဲ့အတြက္လည္း မာေဆးဆိုဒ္ပရိသတ္ေတြရဲ႕ ျပစ္တင္ႀကိမ္းေမာင္းျခင္းကို ခံခဲ့ရတာျဖစ္ပါတယ္။
မိုဟာမက္ ဆာလားဟာ ပင္နယ္တီကေန ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့မွာျဖစ္ေပမယ့္လည္း ဂ႐ို႕စ္ဟာ ရွင္းလင္းျပတ္သားတဲ့ ဂိုးသြင္းခြင့္ကို ျငင္းပယ္ခဲ့ပုံမေပၚဘူးဆိုၿပီး အဝါကတ္ျပားေတာင္ အျပမခံရဘဲ လြတ္ေျမာက္သြားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News