ကစားသမား ၇ ဦးအထိ အရောင်းတင်လိုက်တဲ့ အာဆင်နယ် 1024 504 coyg

ကစားသမား ၇ ဦးအထိ အရောင်းတင်လိုက်တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ယခုလာမယ့် နွေရာသီအပြောင်းအရွှေ့ကာလမှာ ကစားသမား ၇ ဦးအတွက် ကမ်းလှမ်းမှုတွေကို နားထောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

အာတီတာဟာ ယခုနွေရာသီမှာ အသင်းတာဝန်ရှိသူတွေဆီကနေ နောက်ထပ်သိသာထင်ရှားတဲ့ အပြောင်းအရွှေ့ဘတ်ဂျက်တစ်ခု ရရှိဦးမှာဖြစ်ပြီး ဂန်းနားတွေဟာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် ထိပ်ဆုံးကနေ ယှဉ်ပြိုင်သူတွေထဲက တစ်သင်းဆိုတဲ့ ဂုဏ်ပုဒ်ကို အခိုင်အမာတည်ဆောက်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ဂါဘရီယဲလ် ဂျေးဇုဟာ ဒီရာသီကုန်မှာ အမ်းမရိတ်စ်ကနေ ထွက်တော့မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီးဖြစ်ပေမယ့်လည်း အာတီတာက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နွေရာသီကမှ ခေါ်ယူခဲ့တဲ့ ဘရာဇီးလ်ကြယ်ပွင့်ကို အရောင်းတင်ထားတယ်ဆိုတာကို ငြင်းပယ်ခဲ့ပါတယ်။

Sunday Mirror ရဲ့ ဖော်ပြချက်အရ ဂျေးဇုဟာ အာဆင်နယ်က ရောင်းထုတ်သွားမယ့် ကစားသမားတွေထဲမှာ မပါဝင်ပေမယ့်လည်း အာရွန် ရမ်းစ်ဒေးလ်၊ အန်ကီးတီးယား၊ စမစ် ရိုး၊ ရိစ် နယ်လ်ဆင်၊ ကီရန် တီယာနီ၊ နူနို တာဗာရက်စ်နဲ့ လိုကွန်ဂါတို့အတွက်တော့ ကမ်းလှမ်းမှုတွေ နားထောင်သွားမယ်လို့ သိရပါတယ်။

ဒီနွေရာသီမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိတော့မယ့် သောမတ်စ် ပါတေးရဲ့ အနာဂတ်ကိုလည်း သုံးသပ်သွားမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
အာဆင္နယ္ဟာ ယခုလာမယ့္ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမား ၇ ဦးအတြက္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သတင္းေတြအရ သိရပါတယ္။

အာတီတာဟာ ယခုေႏြရာသီမွာ အသင္းတာဝန္ရွိသူေတြဆီကေန ေနာက္ထပ္သိသာထင္ရွားတဲ့ အေျပာင္းအေ႐ႊ႕ဘတ္ဂ်က္တစ္ခု ရရွိဦးမွာျဖစ္ၿပီး ဂန္းနားေတြဟာ ပရီးမီးယားလိဂ္အမွတ္ေပးဖလားအတြက္ ထိပ္ဆုံးကေန ယွဥ္ၿပိဳင္သူေတြထဲက တစ္သင္းဆိုတဲ့ ဂုဏ္ပုဒ္ကို အခိုင္အမာတည္ေဆာက္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ဂါဘရီယဲလ္ ေဂ်းဇုဟာ ဒီရာသီကုန္မွာ အမ္းမရိတ္စ္ကေန ထြက္ေတာ့မယ္လို႔ သတင္းေတြ ထြက္ေနခဲ့ၿပီးျဖစ္ေပမယ့္လည္း အာတီတာက ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ေႏြရာသီကမွ ေခၚယူခဲ့တဲ့ ဘရာဇီးလ္ၾကယ္ပြင့္ကို အေရာင္းတင္ထားတယ္ဆိုတာကို ျငင္းပယ္ခဲ့ပါတယ္။

Sunday Mirror ရဲ႕ ေဖာ္ျပခ်က္အရ ေဂ်းဇုဟာ အာဆင္နယ္က ေရာင္းထုတ္သြားမယ့္ ကစားသမားေတြထဲမွာ မပါဝင္ေပမယ့္လည္း အာ႐ြန္ ရမ္းစ္ေဒးလ္၊ အန္ကီးတီးယား၊ စမစ္ ႐ိုး၊ ရိစ္ နယ္လ္ဆင္၊ ကီရန္ တီယာနီ၊ ႏူႏို တာဗာရက္စ္နဲ႔ လိုကြန္ဂါတို႔အတြက္ေတာ့ ကမ္းလွမ္းမႈေတြ နားေထာင္သြားမယ္လို႔ သိရပါတယ္။

ဒီေႏြရာသီမွာ စာခ်ဳပ္သက္တမ္း ၁ ႏွစ္သာ က်န္ရွိေတာ့မယ့္ ေသာမတ္စ္ ပါေတးရဲ႕ အနာဂတ္ကိုလည္း သုံးသပ္သြားမွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet