၂ ပွဲဆက်ရှုံးနိမ့်ခဲ့လို့ Reset ချသွားမယ်ဆိုတဲ့ အာတီတာ
အာဆင်နယ်နည်းပြ အာတီတာဟာ တနင်္ဂနွေနေ့ညက ခရာဗင် ကော့တေ့ချ်မှာ ဖူလ်ဟမ်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ကစားသမားတွေကို သတိပေးစကား ပြောကြားလိုက်ပါတယ်။
ဂန်းနားတွေဟာ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား စတုတ္ထနေရာအထိ ကျဆင်းသွားခဲ့ပြီး ဆုဖလားပြိုင်ဘက်တွေဖြစ်တဲ့ လီဗာပူးလ်နဲ့ မန်စီးတီးတို့က တစ်ပွဲလျော့နေကြတာကြောင့် စိုးရိမ်စရာဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဝက်စ်ဟမ်းကို အိမ်ကွင်း အမ်းမရိတ်စ်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၃ ရက်အတွင်း ၂ ပွဲဆက်တိုက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပြီး အာတီတာက အသင်းသားတွေကို ဒီလိုမျိုး စွမ်းဆောင်ရည်မျိုး နောက်ထပ်တစ်ကြိမ် ထပ်မမြင်ချင်ဘူးလို့ ရှင်းရှင်းလင်းလင်း သတိပေးခဲ့ပါတယ်။
“ကျွန်တော်တို့ ဒီနေ့ရှုံးပွဲအပြီးမှာ ကျိန်းသေပေါက် Reset ချဖို့လိုပါပြီ။ ဘာလို့လဲဆိုတော့ ဒီရှုံးပွဲက ကျွန်တော်တို့ရဲ့ ရင်ထဲမှာ ရက်အနည်းငယ်လောက်အထိ ရှိနေတော့မှာမို့လို့ပါ။ ဝက်စ်ဟမ်းနဲ့ပွဲက လုံးဝကို ကွဲပြားခြားနားတဲ့ပွဲတစ်ပွဲလို့ ခံစားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ အဲဒီလိုမျိုးက ဖြစ်တတ်ပြီး ခင်ဗျား မေ့ပစ်ပြီး ရှေ့ဆက်သွားနိုင်လို့ပါ။ ဒီနေ့ဖြစ်ခဲ့တာကျတော့ နောက်ထပ်ကို ထပ်ဖြစ်လို့ မရတော့ပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာတီတာက ဆက်လက်ပြီး ဖူလ်ဟမ်နဲ့ပွဲစဉ်မှာ မာတီနယ်လီနဲ့ ဘန် ဝှိုက်တို့ကို လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကလည်း အလုပ်မဖြစ်ခဲ့ဘူးလို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။
“ခင်ဗျား ရလဒ်ကို မပြောင်းလဲနိုင်တဲ့အခါမှာ သူတို့တွေ(မာတီနယ်လီနဲ့ ဝှိုက်)က အလုပ်မဖြစ်လို့ပါ။ ဒါတော့ သေချာတယ်။ ပထမပိုင်းမှာ အလုပ်မဖြစ်ခဲ့ဘူး။ ဒုတိယပိုင်းမှာလည်း အလုပ်မဖြစ်ခဲ့ဘူး။ မိနစ် ၁၀၀ စလုံး ကျွန်တော်တို့ ရှိချင်ခဲ့တဲ့ အဆင့်အတန်းမျိုးမှာ လုံးဝ ရှိမနေခဲ့ဘူး။ ”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ လာမယ့် ဇန်နဝါရီ ၂၀ ရက်နေ့မတိုင်ခင်အထိ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ကစားသွားရဦးမှာမဟုတ်ဘဲ လာမယ့် တနင်္ဂနွေနေ့မှာတော့ လီဗာပူးလ်နဲ့ အက်ဖ်အေဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားရဖို့ ရှိနေတာက အာတီတာအတွက် အချိန်ကောင်းမှာ ရောက်လာတဲ့ပွဲစဉ်ဖြစ်လာဖွယ်မရှိတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ တနဂၤေႏြေန႔ညက ခရာဗင္ ေကာ့ေတ့ခ်္မွာ ဖူလ္ဟမ္ကို ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီးမွာ ကစားသမားေတြကို သတိေပးစကား ေျပာၾကားလိုက္ပါတယ္။
ဂန္းနားေတြဟာ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား စတုတၳေနရာအထိ က်ဆင္းသြားခဲ့ၿပီး ဆုဖလားၿပိဳင္ဘက္ေတြျဖစ္တဲ့ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔က တစ္ပြဲေလ်ာ့ေနၾကတာေၾကာင့္ စိုးရိမ္စရာျဖစ္လာခဲ့ၿပီျဖစ္ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းကမွ ဝက္စ္ဟမ္းကို အိမ္ကြင္း အမ္းမရိတ္စ္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ၃ ရက္အတြင္း ၂ ပြဲဆက္တိုက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ၿပီး အာတီတာက အသင္းသားေတြကို ဒီလိုမ်ိဳး စြမ္းေဆာင္ရည္မ်ိဳး ေနာက္ထပ္တစ္ႀကိမ္ ထပ္မျမင္ခ်င္ဘူးလို႔ ရွင္းရွင္းလင္းလင္း သတိေပးခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔ ဒီေန႔ရႈံးပြဲအၿပီးမွာ က်ိန္းေသေပါက္ Reset ခ်ဖို႔လိုပါၿပီ။ ဘာလို႔လဲဆိုေတာ့ ဒီရႈံးပြဲက ကြၽန္ေတာ္တို႔ရဲ႕ ရင္ထဲမွာ ရက္အနည္းငယ္ေလာက္အထိ ရွိေနေတာ့မွာမို႔လို႔ပါ။ ဝက္စ္ဟမ္းနဲ႔ပြဲက လုံးဝကို ကြဲျပားျခားနားတဲ့ပြဲတစ္ပြဲလို႔ ခံစားခဲ့ရတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီလိုမ်ိဳးက ျဖစ္တတ္ၿပီး ခင္ဗ်ား ေမ့ပစ္ၿပီး ေရွ႕ဆက္သြားႏိုင္လို႔ပါ။ ဒီေန႔ျဖစ္ခဲ့တာက်ေတာ့ ေနာက္ထပ္ကို ထပ္ျဖစ္လို႔ မရေတာ့ပါဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အာတီတာက ဆက္လက္ၿပီး ဖူလ္ဟမ္နဲ႔ပြဲစဥ္မွာ မာတီနယ္လီနဲ႔ ဘန္ ဝႈိက္တို႔ကို လူစားလဲလွယ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကလည္း အလုပ္မျဖစ္ခဲ့ဘူးလို႔ ဝန္ခံ ေျပာဆိုခဲ့ပါတယ္။
“ခင္ဗ်ား ရလဒ္ကို မေျပာင္းလဲႏိုင္တဲ့အခါမွာ သူတို႔ေတြ(မာတီနယ္လီနဲ႔ ဝႈိက္)က အလုပ္မျဖစ္လို႔ပါ။ ဒါေတာ့ ေသခ်ာတယ္။ ပထမပိုင္းမွာ အလုပ္မျဖစ္ခဲ့ဘူး။ ဒုတိယပိုင္းမွာလည္း အလုပ္မျဖစ္ခဲ့ဘူး။ မိနစ္ ၁၀၀ စလုံး ကြၽန္ေတာ္တို႔ ရွိခ်င္ခဲ့တဲ့ အဆင့္အတန္းမ်ိဳးမွာ လုံးဝ ရွိမေနခဲ့ဘူး။ ”လို႔ ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္ဟာ လာမယ့္ ဇန္နဝါရီ ၂၀ ရက္ေန႔မတိုင္ခင္အထိ ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ကစားသြားရဦးမွာမဟုတ္ဘဲ လာမယ့္ တနဂၤေႏြေန႔မွာေတာ့ လီဗာပူးလ္နဲ႔ အက္ဖ္ေအဖလားပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားသြားရဖို႔ ရွိေနတာက အာတီတာအတြက္ အခ်ိန္ေကာင္းမွာ ေရာက္လာတဲ့ပြဲစဥ္ျဖစ္လာဖြယ္မရွိတာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Manager's Talk
- Team News