အဲဗာတန်နဲ့ပွဲမတိုင်ခင် ပါတေးနဲ့ အယ်လ်နန်နီတို့ ဒဏ်ရာအခြေအနေနဲ့ ပြန်ကစားပေးနိုင်မယ့် အချိန် 810 539 coyg

အဲဗာတန်နဲ့ပွဲမတိုင်ခင် ပါတေးနဲ့ အယ်လ်နန်နီတို့ ဒဏ်ရာအခြေအနေနဲ့ ပြန်ကစားပေးနိုင်မယ့် အချိန်

မီခေးလ် အာတီတာဟာ ယခုအပတ် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အဲဗာတန်နဲ့ ရင်ဆိုင်ကစားရမယ့်ပွဲစဉ်မတိုင်ခင် ကြီးမားတဲ့ အားတက်စရာသတင်းကြားခဲ့ရပါတယ်။

အာဆင်နယ်ကြယ်ပွင့်အများအပြားဟာ ပြီးခဲ့တဲ့အပတ်မှာ နိုင်ငံတကာပွဲသွားကစားခဲ့ရတာဖြစ်ပြီး ဂါဘရီယဲလ် မာဂါလိုင်စ်ရဲ့ ဒဏ်ရာပြဿနာက အာဆင်နယ်အတွက် သတင်းဆိုးဖြစ်လာမှာ စိုးရိမ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂါဘရီယဲလ်ဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့ပုံမပေါ်ဘဲ ဘူကာယို ဆာကာ၊ ဒီကလန် ရိုက်၊ ထရော့ဆာ့ဒ်၊ ကိုင် ဟာဗတ်ဇ်တို့လည်း ကြံ့ခိုင်မှုအပြည့်အဝ ရှိနေပုံပေါ်ပြီး မိုဟာမက် အယ်လ်နန်နီဟာ ပြီးခဲ့တဲ့လအနည်းငယ်မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာနဲ့ လုံးပမ်းနေခဲ့ရပြီးနောက် ပြန်လည်ကစားပေးနိုင်ဖို့ နီးစပ်နေပုံပေါ်ပါတယ်။

လာမယ့် တနင်္ဂနွေနေ့ ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်နဲ့ ကစားမယ့်ပွဲမတိုင်ခင် အာဆင်နယ်ရဲ့ နောက်ဆုံးရ ဒဏ်ရာသတင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဂါဘရီယဲလ်

ဂါဘရီယဲလ်ဟာ ဘရာဇီးလ်အတွက် ပွဲဦးထွက်ပါဝင်ခဲ့တဲ့ပွဲစဉ် ၈၅ မိနစ်မှာ လူစားလဲခံခဲ့ရပြီးနောက် ပေါင်ကို ရေခဲကပ်နေတာ မြင်ခဲ့ရပြီး ပွဲအစောပိုင်းမှာ ဂန်းနားကြယ်ပွင့်ဟာ ဘိုလစ်ဗီးယားကြယ်ပွင့် ဒီယေဂို အီဘာညက်ဇ်ရဲ့ ကြောက်မက်ဖွယ်ဖျက်ထုတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ အီဘာညက်ဇ်ရဲ့ ဘောလုံးရယူဖို့ ကြိုးပမ်းမှုက လုံးဝလွဲချော်ခဲ့ပြီး ဂါဘရီယဲလ်ရဲ့ ရင်ဘတ်ကို ညာဒူးနဲ့ တိုက်မိခဲ့ပေမယ့်လည်း အာဆင်နယ်နောက်ခံလူက နောက်ထပ် မိနစ် ၈၀ အထိ ဆက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။

ကိုယ်ကာယကုထုံးဆရာဝန် ဒေါက်တာ ရာ့ဂျ်ပယ် ဘရားရဲ့ ဂါဘရီယဲလ် ဒဏ်ရာအပေါ် ကနဦး သုံးသပ်ချက်မှာ ဘရာဇီးလ်နောက်ခံလူရဲ့ဒဏ်ရာဟာ ဖျက်ထုတ်မှုနဲ့ ဆက်စပ်နေသလား ဒါမှမဟုတ် ကြွက်သား နာကျင်မှုလားဆိုတာ မသေချာဘူးလို့ ပြောဆိုခဲ့တာဖြစ်ပေမယ့်လည်း နောက်ပိုင်းမှာ လူအများအပြား ပြောခဲ့တဲ့စကားအရ ဖျက်ထုတ်မှုနဲ့ ဆက်စပ်ပုံရပြီး ခြုံပြောရရင် သတင်းကောင်းပဲလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဂါဘရီယဲလ်ဟာ အာဆင်နယ်က ၎င်းရဲ့ကြံ့ခိုင်မှုအတွက် စိုးရိမ်နေချိန်မှာ ဘရာဇီးလ်နဲ့ လေ့ကျင့်ရေးမှာ ပါဝင်ခဲ့တယ်လို့ သတင်းထောက် ချားလ်စ် ဝက်တ်စ်က ပြောကြားခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် နောက်ခံလူဟာ အင်္ဂါနေ့က ပီရူးကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားပေးခဲ့တဲ့အတွက် အာတီတာအတွက် အားတက်စရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ပြန်လာနိုင်မယ့်ရက်-အဲဗာတန်(အဝေး)၊ စက်တင်ဘာ ၁၇

မိုဟာမက် အယ်လ်နန်နီ

အီဂျစ်ကွင်းလယ်ကစားသမားဟာ ဇန်နဝါရီလမှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာရပြီးကတည်းက ပြီးခဲ့တဲ့ရာသီဒုတိယတပိုင်းလုံး နားခဲ့ရပြီး ဗုဒ္ဓဟူးနေ့က အာဆင်နယ်အသင်း မျှဝေခဲ့တဲ့ လေ့ကျင့်ရေးဓာတ်ပုံတွေထဲမှာ ပြန်ပါလာလို့ ပြန်ကစားပေးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ပြန်လာနိုင်မယ့်ရက်- စက်တင်ဘာ(သို့)အောက်တိုဘာ

သောမတ်စ် ပါတေး

ဂါနာဘောလုံးအဖွဲ့ချုပ်က စနေနေ့ညနေမှာ ပါတေးဟာ ကြာသပတေးနေ့ လေ့ကျင့်ရေးအစီအစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့ပြီး အာတီတာအတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ခဲ့ပါတယ်။ အသက် ၃၀ အရွယ်ကစားသမားအနေနဲ့ ဘယ်လောက်ကြာကြာအနားယူရမလဲဆိုတာ စောင့်ကြည့်ဖို့သာ ကျန်တော့ပြီး Daily Mail ရဲ့သတင်းအရ ပါတေးဟာ အောက်တိုဘာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီးမှာ ပြန်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

ပြန်လာနိုင်မယ့်ရက်-အောက်တိုဘာ

ယူရီယန် တင်းဘား

ဒတ်ချ်နောက်ခံလူဟာ လွန်ခဲ့တဲ့ ၂ ပတ်က အောင်မြင်တဲ့ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် လက်ရှိမှာတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီး အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ချိုင်းထောက်နဲ့ သွားလာနေရဆဲဖြစ်ပါတယ်။

ပြန်လာနိုင်မယ့်ရက်- ၂၀၂၄ ခုနှစ်

Arsenal Myanmar

Ref: Internet